ေရစႀကိဳၿမိဳ႕နယ္ ဇရပ္နီေက်းရြာရိွ ေနအိမ္မ်ား ခ်င္းတြင္းျမစ္ေရ တုိက္စား၍ ေရႊ႕ေျပာင္းေနရ

ေရစႀကိဳၿမိဳ႕နယ္ ဇရပ္နီေက်းရြာရိွ ေနအိမ္မ်ား ခ်င္းတြင္းျမစ္ေရ တုိက္စား၍ ေရႊ႕ေျပာင္းေနရ
ဇူလိုင် 7, 2017
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး ပခုကၠဴခ႐ိုင္ ေရစႀကိဳၿမိဳ႕နယ္၊ ဆင္ေျခရာေက်းရြာအုပ္စု ၊ ဇရပ္နီေက်းရြာတြင္ ခ်င္းတြင္းျမစ္ေရ တိုက္စားသျဖင့္ ကမ္းပါးမ်ားၿပိဳက်မႈေၾကာင့္ ျမစ္ကမ္းေဘးတြင္ရိွေနၾကသည္႔ေနအိမ္မ်ားကို ဇူလုိင္လ (၇)ရက္ေန႔တြင္ အိမ္ (၄)လံုး ထပ္မံေရႊ႕ေျပာင္းလိုက္ရေၾကာင္း သိရသည္။

“ေရတိုက္စားမႈေၾကာင့္ ဇူလိုင္လ (၇) ရက္ေန႔မနက္ပိုင္းမွာ လူေနအိမ္ (၄) လံုး ဖ်က္ေရႊ႕လိုက္ရပါတယ္။ အရင္ ရက္ေတြကလည္း အိမ္ေျခ (၇) လံုုး ဖ်က္ေရႊ႕ခဲ႔ရတာေၾကာင္႔ ဒီႏွစ္ ဖ်က္ေရႊ႕ရတာ အိမ္ေျခ (၁၁) လံုးရိွသြားပါၿပီ။ ေနာက္ရက္ေတြလည္း အိမ္တခ်ိဳ႕ ထပ္ၿပီးဖ်က္ေရႊ႕ၾကရဦးမွာပါပဲ။ ခုထိေတာ့ ကူညီကယ္ဆယ္ ေရးေတြ မေရာက္ရိွေသးပါဘူး” ဟု ဇရပ္နီေက်းရြာေန ဦးေအာင္ကိုျမင့္က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ေက်းရြာတြင္ အိမ္ေျခ(၁၆၀)ခန္႔ရိွေၾကာင္း သိရၿပီး ၂၀၁၆ ခုႏွစ္ကလည္း ခ်င္းတြင္းျမစ္ေရ တိုက္စားမႈေၾကာင္႔ ကမ္းပါးမ်ား ၿပိဳက်၍ အိမ္ေျခ (၂၀)ေက်ာ္ ဖ်က္ေရႊ႕ခဲ႔ရေၾကာင္းသိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ်၊ ဆင်ခြေရာကျေးရွာအုပ်စု၊ ဇရပ်နီကျေးရွာတွင် ချင်းတွင်းမြစ်ရေ တိုက်စားသဖြင့် ကမ်းပါးများပြိုကျမှုကြောင့် မြစ်ကမ်းဘေးတွင်ရှိနကြေသည့်နေအိမ်များကို ဇူလိုင်လ (၇)ရက်နေ့တွင် အိမ် (၄)လုံး ထပ်မံရွှေ့ပြောင်းလိုက်ရကြောင်း သိရသည်။

“ရေတိုက်စားမှုကြောင့် ဇူလိုင်လ (၇) ရက်နေ့မနက်ပိုင်းမှာ လူနေအိမ် (၄) လုံး ဖျက်ရွှေ့လိုက်ရပါတယ်။ အရင် ရက်တွေကလည်း အိမ်ခြေ (၇) လုံး ဖျက်ရွှေ့ခဲ့ရတာကြောင့် ဒီနှစ် ဖျက်ရွှေ့ရတာ အိမ်ခြေ (၁၁) လုံးရှိသွားပါပြီ။ နောက်ရက်တွေလည်း အိမ်တချို့ ထပ်ပြီးဖျက်ရွှေ့ကြရဦးမှာပါပဲ။ ခုထိတော့ ကူညီကယ်ဆယ် ရေးတွေ မရောက်ရှိသေးပါဘူး” ဟု ဇရပ်နီကျေးရွာနေ ဦးအောင်ကိုမြင့်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

အဆိုပါ ကျေးရွာတွင် အိမ်ခြေ(၁၆၀)ခန့်ရှိကြောင်း သိရပြီး ၂၀၁၆ ခုနှစ်ကလည်း ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးများ ပြိုကျ၍ အိမ်ခြေ (၂၀)ကျော် ဖျက်ရွှေ့ခဲ့ရကြောင်းသိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~