တာခ်ီလိတ္တြင္ က်င္းပမည့္ အာဇာနည္ေန႔ အခမ္းအနား၌ လြမ္းသူ႔ပန္းေခြခ် အစီအစဥ္အား ေျပာင္းလဲထား

တာခ်ီလိတ္တြင္ က်င္းပမည့္ အာဇာနည္ေန႔ အခမ္းအနား၌ လြမ္းသူ႔ပန္းေခြခ် အစီအစဥ္အား ေျပာင္းလဲထား
ဇူလိုင် 18, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ ၊ ရွမ္းရိုးမကြင္းတြင္ ဇူလိုင္လ(၁၉)ရက္ အာဇာနည္ေန႔၌ က်င္းပျပဳလုပ္မည့္ လြမ္းသူ႔ ပန္းေခြခ် ဂါရ၀ျပဳျခင္း အခမ္းအနား၌ လြမ္းသူ႔ပန္းေခြခ်မည့္ အစီအစဥ္အား ေျပာင္းလဲ ထားရွိေၾကာင္း သိရသည္။

"ခါတိုင္းလို မဟုတ္ဘဲ၊ နံနက္(၁၀)နာရီ(၃၇)မိနစ္အၿပီးမွ လြမ္းသူ႔ပန္းေခြခ် အစီအစဥ္ကို ျပဳလုပ္မွာ ျဖစ္ပါတယ္၊ ေနာက္ၿပီး ကြ်န္ေတာ္တို႔နား စာရင္းေပး မွာယူထားတဲ့ ပန္းေခြေတြကို အခမ္းအနား က်င္းပတဲ့ ကြင္းထဲက ျပန္ၾကားေရးမ႑ပ္မွာ လာေရာက္ၿပီး အခု ညကတည္းက လာယူႏိုင္ပါၿပီ"ဟု အာဇာနည္ေန႔အခမ္းအနား က်င္းပေရး ေကာ္မတီမွ တာ၀န္ရွိသူ တစ္ဦးျဖစ္သည့္ မဇၨ်ိမလူမႈကူညီေရး အသင္း ဥကၠဌ ဦးတင့္ေဆြက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

အဆိုပါ အခမ္းအနား၌ လြမ္းသူ႔ပန္းေခြခ်လိုသူမ်ားအေနျဖင့္ အခမ္းအနားက်င္းပေရး ေကာ္မတီထံ ပန္းေခြမ်ား ႀကိဳတင္မွာယူထားရာ ယင္းပန္းေခြမ်ားအား ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕တြင္ ေအာ္ဒါမွာယူ၍ မူရင္းေစ်းႏႈန္းအတိုင္း ေဆာင္ရြက္ေပးျခင္း ျဖစ္ေၾကာင္း သိရသည္။

ယခင္ႏွစ္မ်ားက နံနက္(၁၀)နာရီ(၃၇)မိန္အခ်ိန္တြင္ ဥၾသဆြဲ စုေပါင္းအေလးျပဳျခင္း မစတင္မီကတည္းက လြမ္းသူ႔ပန္းေခြမ်ား ခ်ေသာ္လည္း ယခုႏွစ္တြင္ စုေပါင္းအေလးျပဳၿပီးမွသာ လြမ္းသူ႔ပန္းေခြခ်ရန္ ေျပာင္းလဲ စီစဥ္ထားရွိၿပီး နံနက္ပိုင္းတြင္ အေကြ်းအေမြးမ်ားျဖင့္လည္း စီစဥ္ထားရွိေၾကာင္း သိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့၊ ရှမ်းရိုးမကွင်းတွင် ဇူလိုင်လ(၁၉)ရက် အာဇာနည်နေ့၌ ကျင်းပပြုလုပ်မည့် လွမ်းသူ့ ပန်းခွေချ ဂါရဝပြုခြင်း အခမ်းအနား၌ လွမ်းသူ့ပန်းခွေချမည့် အစီအစဉ်အား ပြောင်းလဲ ထားရှိကြောင်း သိရသည်။

"ခါတိုင်းလို မဟုတ်ဘဲ၊ နံနက်(၁၀)နာရီ(၃၇)မိနစ်အပြီးမှ လွမ်းသူ့ပန်းခွေချ အစီအစဉ်ကို ပြုလုပ်မှာ ဖြစ်ပါတယ်၊ နောက်ပြီး ကျွန်တော်တို့နား စာရင်းပေး မှာယူထားတဲ့ ပန်းခွေတွေကို အခမ်းအနား ကျင်းပတဲ့ ကွင်းထဲက ပြန်ကြားရေးမဏ္ဍပ်မှာ လာရောက်ပြီး အခု ညကတည်းက လာယူနိုင်ပါပြီ"ဟု အာဇာနည်နေ့အခမ်းအနား ကျင်းပရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် မဇ္ဇျိမလူမှုကူညီရေး အသင်း ဥက္ကဌ ဦးတင့်ဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ အခမ်းအနား၌ လွမ်းသူ့ပန်းခွေချလိုသူများအနဖြေင့် အခမ်းအနားကျင်းပရေး ကော်မတီထံ ပန်းခွေများ ကြိုတင်မှာယူထားရာ ယင်းပန်းခွေများအား ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် အော်ဒါမှာယူ၍ မူရင်းဈေးနှုန်းအတိုင်း ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

ယခင်နှစ်များက နံနက်(၁၀)နာရီ(၃၇)မိန်အချိန်တွင် ဥသြဆွဲ စုပေါင်းအလေးပြုခြင်း မစတင်မီကတည်းက လွမ်းသူ့ပန်းခွေများ ချသော်လည်း ယခုနှစ်တွင် စုပေါင်းအလေးပြုပြီးမှသာ လွမ်းသူ့ပန်းခွေချရန် ပြောင်းလဲ စီစဉ်ထားရှိပြီး နံနက်ပိုင်းတွင် အကျွေးအမွေးများဖြင့်လည်း စီစဉ်ထားရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~