ရဲတပ္ဖြဲ႕ဝင္တစ္ဦးအား ဆက္သြယ္ေရး ဥပေဒပုဒ္မ ၆၆(ဃ)ျဖင့္ ငဖဲၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္

ရဲတပ္ဖြဲ႕ဝင္တစ္ဦးအား ဆက္သြယ္ေရး ဥပေဒပုဒ္မ ၆၆(ဃ)ျဖင့္ ငဖဲၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္
ဇူလိုင် 10, 2017
By Tachileik News Agency

လူမႈေရးကိစၥဗီဒီယိုဖိုင္ကို ၂၀၁၇ ခုႏွစ္တြင္ ေဖ႔စ္ဘုတ္ လူမႈကြန္ရက္စာမ်က္ႏွာ၌ တင္ခဲ႔သူ Soe Gyi အေကာင္႔ပိုင္ရွင္ ရဲတပ္ဖဲြ႔ဝင္ တစ္ဦးအား မေကြးတိုင္း ေဒသႀကီး ၊ ငဖဲၿမိဳ႕မရဲစခန္းတြင္ ဇူလိုင္လ(၉)ရက္ေန႔က ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(ဃ)ျဖင္႔ အမႈဖြင္႔ထားေၾကာင္း သိရသည္။

"အေကာင္႔ပိုင္ရွင္ကို စံုစမ္းလိုက္ေတာ႔ ျမန္မာႏိုင္ငံရဲတပ္ဖဲြ႔ဝင္တစ္ဦးျဖစ္တဲ႔ ရဲတပ္သား စိုးသီဟေက်ာ္ လို႔ သိရပါတယ္။ မႈခင္းေတြကို ကိုင္တြယ္ေျဖရွင္းေပးရတဲ႔ ရဲတပ္ဖဲြ႔ဝင္က အခုလို ကၽြန္ေတာ့္ရဲ႕ ဂုဏ္သိကၡာ က်ဆင္းေစေအာင္ ရည္ရြယ္ခ်က္ရိွရိွနဲ႔ လုပ္တာဟာ လံုးဝကို မျဖစ္သင္႔ပါဘူး။ ဒါေၾကာင္႔ ဥပေဒအရ ထိထိေရာက္ေရာက္ အေရးယူေပးႏိုင္ေအာင္ အမႈဖြင္႔ရတာပါ"ဟု ဦးေက်ာ္ေရႊက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

ငဖဲၿမိဳ႕နယ္ ၊ ပဒါန္းေက်းရြာေနသူ ဦးေက်ာ္ေရႊကိုယ္တိုင္ ၂၀၁၃ ခုႏွစ္က ဖုန္းကင္မရာျဖင္႔ရိုက္ကူးခဲ႔ ေသာ လူမႈေရးကိစၥဗီဒီယိုဖိုင္အား "Soe Gyi" အေကာင့္ အမည္ျဖင့္ ၂၀၁၇ ခုႏွစ္ ဇြန္(၈)ရက္ေန႔က ေဖ႔စ္ဘုတ္ လူမႈကြန္ရက္စာမ်က္ႏွာ၌ တင္ထားသည္ကို ဇူလိုင္(၈)ရက္ေန႔က ေတြ႔ရိွရ၍ ၎၏ ဂုဏ္သိကၡာ က်ဆင္းေစသည္ဟုဆိုကာ"Soe Gyi" အေကာင့္ပိုင္ရွင္အား အေရးယူေပးရန္ ဇူလိုင္(၉)ရက္ေန႔က ငဖဲၿမိဳ႕မရဲစခန္းသို႔ ဦးေက်ာ္ေရႊက တရားလို ျပဳလုပ္တိုင္တန္းခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

"ဦးေက်ာ္ေရႊရဲ႕ ရဲတပ္ဖဲြ႔ဝင္ တစ္ဦးကို စြပ္စဲြတိုင္တန္းခ်က္အရ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(ဃ) နဲ႔ အမႈဖြင့္ ထားတာမွန္ပါတယ္"ဟု ငဖဲၿမိဳ႕နယ္ ၿမိဳ႕မရဲစခန္းမွဴး ဒုရဲမွဴး ခင္ေမာင္ေဇာ္က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သက္၍ ဇူလိုင္(၉)ရက္ေန႔တြင္ ဦးေက်ာ္ေရႊက တရားလိုျပဳလုပ္ တိုင္ တန္းသျဖင္႔ ရဲတပ္သား စိုးသီဟေက်ာ္အား ငဖဲၿမိဳ႕နယ္၊ ၿမိဳ႕မရဲစခန္းတြင္ (ပ)၁၄၂/၂၀၁၇၊ ဆက္သြယ္ေရး ဥပေဒပုဒ္မ ၆၆(ဃ)ျဖင့္ အမႈဖြင္႔ အေရးယူေဆာင္ရြက္ထားေၾကာင္း ရဲစခန္းမွတ္တမ္းအရ သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

လူမှုရေးကိစ္စဗီဒီယိုဖိုင်ကို ၂၀၁၇ ခုနှစ်တွင် ဖေ့စ်ဘုတ် လူမှုကွန်ရက်စာမျက်နှာ၌ တင်ခဲ့သူ Soe Gyi အကောင့်ပိုင်ရှင် ရဲတပ်ဖွဲ့ဝင် တစ်ဦးအား မကွေးတိုင်း ဒေသကြီး၊ ငဖဲမြို့မရဲစခန်းတွင် ဇူလိုင်လ(၉)ရက်နေ့က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

"အကောင့်ပိုင်ရှင်ကို စုံစမ်းလိုက်တော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ရဲတပ်သား စိုးသီဟကျော် လို့ သိရပါတယ်။ မှုခင်းတွေကို ကိုင်တွယ်ဖြေရှင်းပေးရတဲ့ ရဲတပ်ဖွဲ့ဝင်က အခုလို ကျွန်တော့်ရဲ့ ဂုဏ်သိက္ခါ ကျဆင်းစေအောင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာဟာ လုံးဝကို မဖြစ်သင့်ပါဘူး။ ဒါကြောင့် ဥပဒေအရ ထိထိရောက်ရောက် အရေးယူပေးနိုင်အောင် အမှုဖွင့်ရတာပါ"ဟု ဦးကျော်ရွှေက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ငဖဲမြို့နယ်၊ ပဒါန်းကျေးရွာနေသူ ဦးကျော်ရွှေကိုယ်တိုင် ၂၀၁၃ ခုနှစ်က ဖုန်းကင်မရာဖြင့်ရိုက်ကူးခဲ့ သော လူမှုရေးကိစ္စဗီဒီယိုဖိုင်အား "Soe Gyi" အကောင့် အမည်ဖြင့် ၂၀၁၇ ခုနှစ် ဇွန်(၈)ရက်နေ့က ဖေ့စ်ဘုတ် လူမှုကွန်ရက်စာမျက်နှာ၌ တင်ထားသည်ကို ဇူလိုင်(၈)ရက်နေ့က တွေ့ရှိရ၍၎င်း၏ ဂုဏ်သိက္ခါ ကျဆင်းစေသည်ဟုဆိုကာ"Soe Gyi" အကောင့်ပိုင်ရှင်အား အရေးယူပေးရန် ဇူလိုင်(၉)ရက်နေ့က ငဖဲမြို့မရဲစခန်းသို့ ဦးကျော်ရွှေက တရားလို ပြုလုပ်တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"ဦးကျော်ရွှေရဲ့ ရဲတပ်ဖွဲ့ဝင် တစ်ဦးကို စွပ်စွဲတိုင်တန်းချက်အရ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့် ထားတာမှန်ပါတယ်"ဟု ငဖဲမြို့နယ် မြို့မရဲစခန်းမှူး ဒုရဲမှူး ခင်မောင်ဇော်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဇူလိုင်(၉)ရက်နေ့တွင် ဦးကျော်ရွှေက တရားလိုပြုလုပ် တိုင် တန်းသဖြင့် ရဲတပ်သား စိုးသီဟကျော်အား ငဖဲမြို့နယ်၊ မြို့မရဲစခန်းတွင် (ပ)၁၄၂/၂၀၁၇၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း ရဲစခန်းမှတ်တမ်းအရ သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~