ရွမ္း/ေတာင္မွ နႏြင္းေျခာက္ ပိႆာခ်ိန္တစ္သိန္း ျပည္ပတင္ပို႔ထား

ရွမ္း/ေတာင္မွ နႏြင္းေျခာက္ ပိႆာခ်ိန္တစ္သိန္း ျပည္ပတင္ပို႔ထား
ဇူလိုင် 10, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ဟဲဟိုးၿမိဳ႕ရွိ ရွမ္း/ေတာင္ ခ်င္း(ဂ်င္း)နႏြင္း ေတာင္သူအစုအဖြဲ႕မွ နႏြင္း(အနီ)ေျခာက္ ျပည္ပတင္ပို႔မႈမွာ ဧၿပီလမွ ဇူလိုင္လအထိ ပိႆာခ်ိန္ေပါင္း တစ္သိန္းေက်ာ္ တင္ပို႔ထားၿပီးျဖစ္ေၾကာင္း သိရသည္။

“ျပည္ပကိုေတာ့ နႏြင္း(အနီ)ေျခာက္ေတြကို အဓိကထားၿပီး တင္ပို႔ပါတယ္။ နႏြင္း(အနီ)ေတြကိုေတာ့ ျပည္တြင္းမွာေရာင္းေနတာ သိပ္မရွိသေလာက္ပဲ။ ထိုင္းဘက္ကိုေတာ့ တင္ပို႔တာနည္းတယ္။ နႏြင္းအနီ တင္ပို႕တာ ဒီႏွစ္မွာက ဧၿပီလကေန အခုဇူလိုင္လအထိဆိုရင္ ပိႆာခ်ိန္ တစ္သိန္းေက်ာ္တင္ပို႔ၿပီးပါၿပီ။ ၾသဂုတ္လအထိ ဆိုရင္ေတာ့ ဒီထက္နည္းနည္းပိုအံုးမွာပါ။ အရင္ႏွစ္ကေတာ့ တစ္သိန္းေက်ာ္ေလာက္ပဲ တင္ပို႕တယ္” ဟု ခ်င္း(ဂ်င္း)နႏြင္းအစုအဖြဲ႕ (ရွမ္း/ေတာင္) ဥကၠဌ ဦးေဇာ္ကိုကိုက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ေျပာသည္။

ရွမ္း/ေတာင္မွ နႏြင္းႏွင့္ ခ်င္း(ဂ်င္း)မ်ားကို အေျခာက္ျပဳလုပ္ၿပီး ျပည္ပတင္ပို႔ေနျခင္းျဖစ္ကာ နႏြင္းမွာ ျပည္တြင္းေစ်းကြက္ အနည္းငယ္သာ ရရိွေၾကာင္း သိရသည္။

“အမ်ားဆံုးတင္ပို႔ေနတာကေတာ့ ဥေရာပကို အမ်ားဆံုးတင္ပို႕ပါတယ္။ တရုတ္ျပည္ဘက္ကေတာ့ ပိႆာခ်ိန္ ငါးေသာင္း၊ ေျခာက္ေသာင္းေက်ာ္၀ယ္တယ္။ ၾသဂုတ္လအထိ တင္ပို႔မွာပါ။ အစိုက်ေတာ့ တစ္လပိုင္းကေန ေလးလပိုင္းအထိပဲ။ အစိုကိုေတာ့ ျပည္ပကို မတင္ပို႔ဘူး။ အဓိက ကေတာ့ ခ်င္း(ဂ်င္း)နႏြင္းေတြကို ေပါင္းသတ္ေဆး၊ ပိုးသတ္ေဆးေတြ ထည့္မစိုက္ရင္ ေစ်းေကာင္းလည္းရတယ္။ အရည္အေသြးလည္း ပိုေကာင္းပါတယ္” ဟု ဦးေဇာ္ကိုကိုက ေျပာသည္။

ျပည္ပတင္ပို႔ရသည့္ေစ်းႏႈန္းမွာ ခ်င္း(ဂ်င္း)ေျခာက္ တစ္ပိႆာလွ်င္ (၁၄၅၀ ) က်ပ္ ၊ နႏြင္းေျခာက္(အနီ) တစ္ပိႆာလွ်င္ (၃၅၀၀)မွ (၄၀၀၀) က်ပ္ႏႈန္းရိွေနၿပီး တရုတ္၊ သီရိလကၤာႏွင့္ ဥေရာပႏိုင္ငံမ်ားသို႔ တင္ပို႔ေနေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အတြင္း ေအာင္ပန္းၿမိဳ႕နယ္မွ ခ်င္း(ဂ်င္း)အမ်ားဆံုးထြက္ရိွၿပီး ကေလာ၊ ဟိုပံုး၊ ပင္ေလာင္း၊ ဟသၤာတ ေက်ာင္းကုန္း ေဒသတို႕တြင္ နႏြင္းအမ်ားဆံုးစိုက္ပ်ဳိးေၾကာင္း သိရသည္။

သတင္း - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) ဟဲဟိုးမြို့ရှိ ရှမ်း/တောင် ချင်း(ဂျင်း)နနွင်း တောင်သူအစုအဖွဲ့မှ နနွင်း(အနီ)ခြောက် ပြည်ပတင်ပို့မှုမှာ ဧပြီလမှ ဇူလိုင်လအထိ ပိဿါချိန်ပေါင်း တစ်သိန်းကျော် တင်ပို့ထားပြီးဖြစ်ကြောင်း သိရသည်။

“ပြည်ပကိုတော့ နနွင်း(အနီ)ခြောက်တွေကို အဓိကထားပြီး တင်ပို့ပါတယ်။ နနွင်း(အနီ)တွေကိုတော့ ပြည်တွင်းမှာရောင်းနေတာ သိပ်မရှိသလောက်ပဲ။ ထိုင်းဘက်ကိုတော့ တင်ပို့တာနည်းတယ်။ နနွင်းအနီ တင်ပို့တာ ဒီနှစ်မှာက ဧပြီလကနေ အခုဇူလိုင်လအထိဆိုရင် ပိဿါချိန် တစ်သိန်းကျော်တင်ပို့ပြီးပါပြီ။ သြဂုတ်လအထိ ဆိုရင်တော့ ဒီထက်နည်းနည်းပိုအုံးမှာပါ။ အရင်နှစ်ကတော့ တစ်သိန်းကျော်လောက်ပဲ တင်ပို့တယ်” ဟု ချင်း(ဂျင်း)နနွင်းအစုအဖွဲ့ (ရှမ်း/တောင်) ဥက္ကဌ ဦးဇော်ကိုကိုက တာချီလိတ်သတင်း အေဂျင်စီသို့ပြောသည်။

ရှမ်း/တောင်မှ နနွင်းနှင့် ချင်း(ဂျင်း)များကို အခြောက်ပြုလုပ်ပြီး ပြည်ပတင်ပို့နခြေင်းဖြစ်ကာ နနွင်းမှာ ပြည်တွင်းဈေးကွက် အနည်းငယ်သာ ရရှိကြောင်း သိရသည်။

“အများဆုံးတင်ပို့နေတာကတော့ ဥရောပကို အများဆုံးတင်ပို့ပါတယ်။ တရုတ်ပြည်ဘက်ကတော့ ပိဿါချိန် ငါးသောင်း၊ ခြောက်သောင်းကျော်ဝယ်တယ်။ သြဂုတ်လအထိ တင်ပို့မှာပါ။ အစိုကျတော့ တစ်လပိုင်းကနေ လေးလပိုင်းအထိပဲ။ အစိုကိုတော့ ပြည်ပကို မတင်ပို့ဘူး။ အဓိက ကတော့ ချင်း(ဂျင်း)နနွင်းတွေကို ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေးတွေ ထည့်မစိုက်ရင် ဈေးကောင်းလည်းရတယ်။ အရည်အသွေးလည်း ပိုကောင်းပါတယ်” ဟု ဦးဇော်ကိုကိုက ပြောသည်။

ပြည်ပတင်ပို့ရသည့်ဈေးနှုန်းမှာ ချင်း(ဂျင်း)ခြောက် တစ်ပိဿါလျှင် (၁၄၅၀ ) ကျပ်၊ နနွင်းခြောက်(အနီ) တစ်ပိဿါလျှင် (၃၅၀၀)မှ (၄၀၀၀) ကျပ်နှုန်းရှိနပြေီး တရုတ်၊ သီရိလင်္ကာနှင့် ဥရောပနိုင်ငံများသို့ တင်ပို့နေကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း အောင်ပန်းမြို့နယ်မှ ချင်း(ဂျင်း)အများဆုံးထွက်ရှိပြီး ကလော၊ ဟိုပုံး၊ ပင်လောင်း၊ ဟင်္သာတ ကျောင်းကုန်း ဒေသတို့တွင် နနွင်းအများဆုံးစိုက်ပျိုးကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~