မူးယစ္ေဆးဝါးထုတ္လုပ္သည့္ ဆက္စပ္ပစၥည္းမ်ားအား နမ့္ဖတ္ကာတြင္ ပထမဆံုးအႀကိမ္ ဖမ္းဆီးရမိ

မူးယစ္ေဆးဝါးထုတ္လုပ္သည့္ ဆက္စပ္ပစၥည္းမ်ားအား နမ့္ဖတ္ကာတြင္ ပထမဆံုးအႀကိမ္ ဖမ္းဆီးရမိ
ဇူလိုင် 19, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ကြတ္ခိုင္ၿမိဳ႕နယ္၊ နမ့္ဖတ္ကာေက်းရြာအနီး ျပည္ေထာင္စုလမ္းမႀကီးတြင္ ဇူလိုင္လ (၁၇)ရက္ေန႔က ဖမ္းဆီး ရမိထားသည့္ ယာဥ္တစ္စီးေပၚမွ ဓာတုပစၥည္းမ်ားသည္ မူးယစ္ေဆးဝါး ခ်က္လုပ္ရာတြင္ အသံုးျပဳသည့္ပစၥည္းမ်ားျဖစ္ေၾကာင္း စစ္ေဆးအတည္ျပဳခ်က္အရ ဇူလိုင္လ (၁၈)ရက္ေန႔တြင္ အမႈဖြင့္လိုက္ေၾကာင္း သိရသည္။

“အဲဒီပစၥည္းေတြက မူးယစ္ေဆးဝါးခ်က္လုပ္ရာမွာ အသံုးျပဳတဲ့ပစၥည္းေတြ ဟုတ္/မဟုတ္ ဆိုတာကို မူးယစ္စစ္ေဆးေရးအဖြဲ႔ကိုပို႔ၿပီး စစ္ေဆးရပါတယ္။ ဒါေၾကာင့္ ေသခ်ာသိရတဲ့ ဇူလိုင္လ(၁၈)ရက္ေန႔က်မွ အမႈဖြင့္လိုက္တာျဖစ္ပါတယ္”ဟု နမ့္ဖတ္ကာရဲစခန္းမွ စခန္းမွဴး မိုးေက်ာ္က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

ယခုဖမ္းဆီးရမိမႈမွာ နမ့္ဖတ္ကာရဲစခန္းအေနျဖင့္ မူးယစ္ေဆးဝါးခ်က္လုပ္ရာတြင္အသံုးျပဳသည့္ ဓာတုပစၥည္းမ်ားအား ပထမဆံုးအႀကိမ္ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

“အရင္ကေတာ့ နမ့္ဖတ္ကာအပိုင္ထဲမွာ အဲဒီလိုပစၥည္းေတြ ဖမ္းဆီးရမိတာမ်ိဳးမရွိထားပါဘူး။ ဒါကပထမဦးဆံုး ဖမ္းဆီးရမိတာျဖစ္ပါတယ္။ ပိတ္ဆို႔ရွာေဖြေရးေတြျပဳလုပ္ေနစဥ္မွာ မသကၤာဖြယ္ရာ ကားတစ္စီးကိုေတြ႔တာနဲ႔ သက္ေသေတြနဲ႔အတူ ရွာေဖြစစ္ေဆးလိုက္တဲ့အခ်ိန္မွာ မိတာျဖစ္ပါတယ္။ ယာဥ္ေပၚပါတဲ့အမ်ိဳးသားကိုေတာ့ အမႈဖြင့္အေရးယူထားပါတယ္” ဟု  စခန္းမွဴး မိုးေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မူဆယ္ဘက္မွ လားရိႈးဘက္သို႔ ဇူလိုင္လ(၁၇)ရက္ နံနက္(၆)နာရီဝန္းက်င္က အမ်ိဳးသားတစ္ဦး ေမာင္းႏွင္လာသည့္ Foton အမ်ိဳးအစား(၆)ဘီးယာဥ္ေပၚ၌ ဟိုက္ဒရိုကလိုရစ္ အက္ဆစ္ရည္မ်ား ထည့္ထားသည့္ ပီပါ(၃၅)လံုးႏွင့္ ဆိုဒီယမ္ ဟိုက္ဒေရာက္ဆိုဒ္အမႈန္႔မ်ားထည့္ထားသည့္ ဆာလာအိတ္(၂၀) စုစုေပါင္းတန္ဖိုး က်ပ္သိန္း (၇၀၀)ဝန္းက်င္အား ရွာေဖြေတြ႔ရိွရသျဖင့္ ဖမ္းဆီးထားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပစၥည္းမ်ားအားတင္ေဆာင္လာသည့္ ယာဥ္ေမာင္းျဖစ္သူအား နမ့္ဖတ္ကာ ရဲစခန္းတြင္ (ပ) ၁၁ / ၂၀၁၇ ၊ ဥပေဒပုဒ္မ ၁၅/ ၁၆(ခ)တို႔ျဖင့္ အမႈဖြင့္အေရးယူေဆာင္ရြက္ေနေၾကာင္းသိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓာတ္ပံု -  စိုင္းေနမ်ဳိး


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီးတွင် ဇူလိုင်လ (၁၇)ရက်နေ့က ဖမ်းဆီး ရမိထားသည့် ယာဉ်တစ်စီးပေါ်မှ ဓာတုပစ္စည်းများသည် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများဖြစ်ကြောင်း စစ်ဆေးအတည်ပြုချက်အရ ဇူလိုင်လ (၁၈)ရက်နေ့တွင် အမှုဖွင့်လိုက်ကြောင်း သိရသည်။

“အဲဒီပစ္စည်းတွေက မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ပစ္စည်းတွေ ဟုတ်/မဟုတ် ဆိုတာကို မူးယစ်စစ်ဆေးရေးအဖွဲ့ကိုပို့ပြီး စစ်ဆေးရပါတယ်။ ဒါကြောင့် သေချာသိရတဲ့ ဇူလိုင်လ(၁၈)ရက်နေ့ကျမှ အမှုဖွင့်လိုက်တာဖြစ်ပါတယ်”ဟု နမ့်ဖတ်ကာရဲစခန်းမှ စခန်းမှူး မိုးကျော်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ယခုဖမ်းဆီးရမိမှုမှာ နမ့်ဖတ်ကာရဲစခန်းအနဖြေင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ဓာတုပစ္စည်းများအား ပထမဆုံးအကြိမ် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

“အရင်ကတော့ နမ့်ဖတ်ကာအပိုင်ထဲမှာ အဲဒီလိုပစ္စည်းတွေ ဖမ်းဆီးရမိတာမျိုးမရှိထားပါဘူး။ ဒါကပထမဦးဆုံး ဖမ်းဆီးရမိတာဖြစ်ပါတယ်။ ပိတ်ဆို့ရှာဖွေရေးတွပြေုလုပ်နေစဉ်မှာ မသင်္ကာဖွယ်ရာ ကားတစ်စီးကိုတွေ့တာနဲ့ သက်သေတွေနဲ့အတူ ရှာဖွေစစ်ဆေးလိုက်တဲ့အချိန်မှာ မိတာဖြစ်ပါတယ်။ ယာဉ်ပေါ်ပါတဲ့အမျိုးသားကိုတော့ အမှုဖွင့်အရေးယူထားပါတယ်” ဟု စခန်းမှူး မိုးကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မူဆယ်ဘက်မှ လားရှိုးဘက်သို့ ဇူလိုင်လ(၁၇)ရက် နံနက်(၆)နာရီဝန်းကျင်က အမျိုးသားတစ်ဦး မောင်းနှင်လာသည့် Foton အမျိုးအစား(၆)ဘီးယာဉ်ပေါ်၌ ဟိုက်ဒရိုကလိုရစ် အက်ဆစ်ရည်များ ထည့်ထားသည့် ပီပါ(၃၅)လုံးနှင့် ဆိုဒီယမ် ဟိုက်ဒရောက်ဆိုဒ်အမှုန့်များထည့်ထားသည့် ဆာလာအိတ်(၂၀) စုစုပေါင်းတန်ဖိုး ကျပ်သိန်း (၇၀၀)ဝန်းကျင်အား ရှာဖွေတွေ့ရှိရသဖြင့် ဖမ်းဆီးထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပစ္စည်းများအားတင်ဆောင်လာသည့် ယာဉ်မောင်းဖြစ်သူအား နမ့်ဖတ်ကာ ရဲစခန်းတွင် (ပ) ၁၁ / ၂၀၁၇၊ ဥပဒေပုဒ်မ ၁၅/ ၁၆(ခ)တို့ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်နေကြောင်းသိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - စိုင်းနေမျိုး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~