မေကြးရဲစခန္းအခ်ဳပ္တြင္ ထိန္းသိမ္းခံရသူတစ္ဦး ေသဆံုးမႈအား တုိင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ထံ တင္ျပထား

မေကြးရဲစခန္းအခ်ဳပ္တြင္ ထိန္းသိမ္းခံရသူတစ္ဦး ေသဆံုးမႈအား တုိင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ထံ တင္ျပထား
ဇူလိုင် 28, 2017
By Tachileik News Agency

မေကြးၿမိဳ႕တြင္ ေပ်ာက္ဆံုးေနသည့္ ဆိုင္ကယ္ႏွင့္အတူ ေတြ႔ရိွရ၍ စစ္ေဆးရန္ ၿမိဳ႕မရဲစခန္း၌ထိန္းသိမ္း ခံထားရသူ တစ္ဦး ရဲအခ်ဳပ္ခန္းတြင္ ေသဆံုးသြားသည့္ ကိစၥႏွင့္ ပတ္သက္ကာ အျဖစ္မွန္ေပၚေပါက္ေရး စစ္ေဆးေပးရန္ ေသဆံုးသူ၏ ဇနီးျဖစ္သူက မေကြးတုိင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ထံ ဇူလိုင္လ (၂၇)ရက္ေန႔တြင္ တင္ျပထားေၾကာင္း သိရသည္။

“မႈခင္းဆရာဝန္ႀကီးဆီက ေဆးစာကို ဒီေန႔မနက္ရမယ္ဆိုလို႔ ေစာင္႔ေနေပမယ့္ တနလၤာေန႔မွရမယ္ ဆိုတာေၾကာင္႔ အေလာင္းက ဒီအတိုင္းထားဖို႔ မျဖစ္လို႔ ျပန္သယ္သြားပါေတာ႔မယ္။ ဒီေန႔မနက္ ေမာင္ေလးရဲ႕ ဇနီးက ဝန္ႀကီးခ်ဳပ္ဆီ လိပ္မူတင္ျပထားတဲ့စာကို ဝန္ႀကီးဦးေဇာ္မင္းဆီမွာ ေပးအပ္ခဲ့ပါတယ္”ဟု ေသဆံုးသူ၏ အစ္မေတာ္စပ္သူ ေဒၚသင္းသင္းခိုင္ က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မေကြးတကၠသိုလ္ေက်ာင္းသူတစ္ဦး၏ ဇူလိုင္(၂၄)ရက္ေန႔က ေပ်ာက္ဆံုးသြားသည္႔ ဆိုင္ကယ္အား ဇူလိုင္လ (၂၅)ရက္ေန႔ညတြင္ ကိုသန္းထုိက္ေအာင္ထံမွ ေတြ႔ရိွရ၍ စစ္ေဆးႏိုင္ရန္အတြက္ မေကြးၿမိဳ႕မ ရဲစခန္းတြင္ အမႈဖြင့္၍ အခ်ဳပ္ခန္းနံပါတ္(၉)တြင္ ဖမ္းဆီးထားျခင္းျဖစ္ေၾကာင္း အဆိုပါရဲစခန္းမွ သိရသည္။

“သူ႔ကို ဟိုက္ကလပ္လက္ဖက္ရည္ဆိုင္မွာ ခိုးယူခံရတယ္လို႔ ယူဆရတဲ႔ ဆိုင္ကယ္နဲ႔အတူ ေတြ႔ရိွရလို႔ တိုင္ခ်က္ေရးဖြင္႔ထားတဲ႔ ဆိုင္ကယ္ရဲ႕ အမွတ္အသားမ်ားနဲ႔ တိုက္ဆိုင္စစ္ေဆးတဲ႔အခါမွာ တူညီမႈ ရိွေနတာေၾကာင္႔ ဆိုင္ကယ္ကို သက္ေသေတြရဲ႕ေရွ႕ေမွာက္မွာ ရွာေဖြပံုစံနဲ႔သိမ္းဆည္းခဲ႔ပါတယ္။ ကိုသန္းထိုက္ေအာင္ကို ရမန္ယူစစ္ေဆးဖို႔အတြက္ စခန္းမွဴးရဲ႕ခြင့္ျပဳခ်က္နဲ႔ ည (၉) နာရီခဲြအခ်ိန္မွာ ဖမ္းဆီးၿပီး အခန္းနံပါတ္ (၉)မွာ ထားရိွခဲ႔တာပါ”ဟု အမႈစစ္တာဝန္ယူထားသူ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ေအာင္မိုးက ေျပာသည္။

ကိုသန္းထိုက္ေအာင္သည္ ယခင္က ေအာင္လံၿမိဳ႕တြင္ ပန္းထိမ္လုပ္ငန္းလုပ္ကိုင္ေနရာမွ ဇနီးျဖစ္သူမွာ မေကြးၿမိဳ႕ ေဆးတကၠသိုလ္တြင္ ျမန္မာစာနည္းျပတာဝန္ထမ္းေဆာင္ေနသျဖင့္ မေကြးၿမိဳ႕တြင္ ေနထိုင္စဥ္အတြင္း ဆိုင္ကယ္ အေရာင္းအဝယ္လုပ္ငန္း လုပ္ကိုင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

“ကၽြန္မ အမ်ိဳးသားရဲ႕အဓိကအလုပ္အကိုင္က ပန္းထိမ္လုပ္ငန္းပါ။ ေအာင္လံကေန ကၽြန္မရိွရာဆီကို လိုက္လာေနရေတာ႔ ပန္းထိမ္လုပ္ငန္းက အပ္ထည္ရိွမွပဲ လုပ္ရေတာ႔လို႔ အားေနတဲ႔အခ်ိန္မွာ ဆိုင္ကယ္ဝယ္ ေရာင္းေလးလုပ္ပါတယ္။ အခုလည္း ခိုးရာပါဆိုင္ကယ္ကို ေရာင္းမွား ဝယ္မွား ျဖစ္သြားခဲ႔တာမွာ ဖမ္းဆီးခံရျပီး ခုလိုေသတဲ႔အထိျဖစ္ရတာပါ”ဟု ေသဆံုးသူ၏ဇနီး ေဒၚၾကဴၾကဴခိုင္က ေျပာသည္။

ဇူလိုင္(၂၅)ရက္ ညပိုင္းက အခန္း(၉)တြင္ ကိုသန္းထိုက္ေအာင္အား တစ္ဦးတည္း ဖမ္းဆီး ခ်ဳပ္ေႏွာင္ထားခဲ့ျခင္း ျဖစ္ၿပီး အိမ္သာအနီး မ်က္ႏွာက်က္သံဇကာတြင္ ၎၏ပုဆိုးျဖင့္ ႀကိဳးဆြဲခ် ေသဆံုးေနသည္ကို ဇူလိုင္လ (၂၆)ရက္ေန႔ နံနက္ (၇)နာရီ (၁၅)မိနစ္အခ်ိန္ခန္႔၌ ကင္းသမားက ေတြ႔ရိွရျခင္းျဖစ္သည္ဟု မေကြးၿမိဳ႕မရဲစခန္းမွဴးထံမွ သိရသည္။

“ကၽြန္ေတာ္တို႔ သူ႔ကိုစစ္ေဆးျခင္း မလုပ္ရေသးပါဘူး။ ေနာက္တစ္ေန႔မွ ရမန္ယူၿပီး စစ္ေဆးဖို႔ စီစဥ္ထားတာပါ။သူ ဆိုင္ကယ္ျပင္ေလ့ျပင္ထရိွတဲ႔ ဝပ္ေရွာ႔ဆရာကိုေတာ႔ အဲဒီညမွာပဲ ေခၚယူ စစ္ေဆးခဲ႔ပါတယ္။ တကယ္တမ္းသာ သူ႔ဘက္ကမွန္ခဲ႔ရင္ သူရင္ဆိုင္ေျဖရွင္းလို႔ရတာပဲ။ အမႈဖြင္႔ထားသူက ေက်ေအးေပးမယ္လို႔ သိထားတဲ႔အတြက္ တရားရံုးေရာက္ရင္ ၿပီးသြားႏိုင္တာပဲ။ ဒီလိုႀကီးလုပ္မသြားသင္႔ဘူး။ တစ္ေယာက္ထဲ ခဲြခ်ဳပ္ရတဲ႔ရည္ရြယ္ခ်က္က ဆိုင္ကယ္ေပ်ာက္မႈေတြကမ်ားေနလို႔ ေသခ်ာ စစ္ေဆးရမွာျဖစ္တာေၾကာင္႔ တျခားသူေတြနဲ႔ေရာထားရင္ မင္း ဒီလိုမထြက္နဲ႔ ဒီလိုထြက္ဆိုၿပီး သင္ေပးၾကမွာစိုးလို႔ လြတ္ေနတဲ႔ အခန္း (၉) မွာ တစ္ေယာက္ထဲခ်ဳပ္ထားတာပါ”ဟု မေကြးၿမိဳ႕မရဲစခန္းမွဴး ဒုရဲမွဴးဝင္းေက်ာ္က ေျပာသည္။

ကိုသန္းထိုက္ေအာင္သည္ ေရခ်ိဳးခန္းအတြင္း တက္၍ သတိလစ္လဲက် ေသဆံုးျခင္းျဖစ္သည္ဟု အဆိုပါ စခန္းမွ ရဲအုပ္ႏွစ္ဦးထံမွ သိခဲ့ရၿပီး ၎၏ပုဆိုးျဖင္႔ ႀကိဳးဆဲြခ်ေသဆံုးသြားျခင္းျဖစ္သည္ဟု စခန္းမွဴးထံမွ သိရသျဖင့္ ေသဆံုးရျခင္းအေၾကာင္းမွာ ကြဲလြဲေနေၾကာင္း ေသဆံုးသူ၏ အစ္မျဖစ္သူ ေဒၚသင္းသင္းခိုင္က ဆိုသည္။

ယင္းအျပင္ ဇူလိုင္လ (၂၆)ရက္ေန႔ နံနက္ (၇)နာရီ(၁၅)မိနစ္အခ်ိန္ခန္႔က ကိုသန္းထိုက္ေအာင္အား နံနက္စာပို႔ရန္ အခ်ဳပ္ခန္းေရွ႕ေရာက္ေနစဥ္ အခ်ဳပ္ခန္းအတြင္းမွ “အား”ဟု ေအာ္သံၾကားလိုက္ရၿပီးေနာက္ လူတစ္ဦးအား ေဆးရံုသို႔ပို႔ေဆာင္ရန္ ကားငွားေနသည္ကိုေတြ႔သျဖင့္ ေဒၚသင္းသင္းခိုင္က ကူညီ ငွားေပးခဲ့ေသာ္လည္း ေဆးရံုသို႔ ပို႔ေဆာင္ရသူမွာ ၎၏ေမာင္ျဖစ္ေၾကာင္းကို တာဝန္ရိွသူမ်ားက အသိေပးခဲ့ျခင္းမရိွဟု ေဒၚသင္းသင္းခုိင္က ဆိုသည္။

အဆိုပါ အခ်က္မ်ားေၾကာင့္ ကိုသန္းထိုက္ေအာင္ေသဆံုးရျခင္းႏွင့္ ပတ္သက္၍ ၎၏မိသားစုမ်ားက သံသယ ရိွေနျခင္းျဖစ္ၿပီး အျဖစ္မွန္ေဖာ္ထုတ္ေပးေရးအတြက္ တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ထံ တင္ျပထားျခင္းျဖစ္ေၾကာင္း ေဒၚသင္းသင္းခိုင္ထံမွ သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးမြို့တွင် ပျောက်ဆုံးနေသည့် ဆိုင်ကယ်နှင့်အတူ တွေ့ရှိရ၍ စစ်ဆေးရန် မြို့မရဲစခန်း၌ထိန်းသိမ်း ခံထားရသူ တစ်ဦး ရဲအချုပ်ခန်းတွင် သေဆုံးသွားသည့် ကိစ္စနှင့် ပတ်သက်ကာ အဖြစ်မှန်ပေါ်ပေါက်ရေး စစ်ဆေးပေးရန် သေဆုံးသူ၏ ဇနီးဖြစ်သူက မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ထံ ဇူလိုင်လ (၂၇)ရက်နေ့တွင် တင်ပြထားကြောင်း သိရသည်။

“မှုခင်းဆရာဝန်ကြီးဆီက ဆေးစာကို ဒီနေ့မနက်ရမယ်ဆိုလို့ စောင့်နေပေမယ့် တနင်္လာနေ့မှရမယ် ဆိုတာကြောင့် အလောင်းက ဒီအတိုင်းထားဖို့ မဖြစ်လို့ ပြန်သယ်သွားပါတော့မယ်။ ဒီနေ့မနက် မောင်လေးရဲ့ ဇနီးက ဝန်ကြီးချုပ်ဆီ လိပ်မူတင်ပြထားတဲ့စာကို ဝန်ကြီးဦးဇော်မင်းဆီမှာ ပေးအပ်ခဲ့ပါတယ်”ဟု သေဆုံးသူ၏ အစ်မတော်စပ်သူ ဒေါ်သင်းသင်းခိုင် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးတက္ကသိုလ်ကျောင်းသူတစ်ဦး၏ ဇူလိုင်(၂၄)ရက်နေ့က ပျောက်ဆုံးသွားသည့် ဆိုင်ကယ်အား ဇူလိုင်လ (၂၅)ရက်နေ့ညတွင် ကိုသန်းထိုက်အောင်ထံမှ တွေ့ရှိရ၍ စစ်ဆေးနိုင်ရန်အတွက် မကွေးမြို့မ ရဲစခန်းတွင် အမှုဖွင့်၍ အချုပ်ခန်းနံပါတ်(၉)တွင် ဖမ်းဆီးထားခြင်းဖြစ်ကြောင်း အဆိုပါရဲစခန်းမှ သိရသည်။

“သူ့ကို ဟိုက်ကလပ်လက်ဖက်ရည်ဆိုင်မှာ ခိုးယူခံရတယ်လို့ ယူဆရတဲ့ ဆိုင်ကယ်နဲ့အတူ တွေ့ရှိရလို့ တိုင်ချက်ရေးဖွင့်ထားတဲ့ ဆိုင်ကယ်ရဲ့ အမှတ်အသားများနဲ့ တိုက်ဆိုင်စစ်ဆေးတဲ့အခါမှာ တူညီမှု ရှိနေတာကြောင့် ဆိုင်ကယ်ကို သက်သေတွေရဲ့ရှေ့မှောက်မှာ ရှာဖွေပုံစံနဲ့သိမ်းဆည်းခဲ့ပါတယ်။ ကိုသန်းထိုက်အောင်ကို ရမန်ယူစစ်ဆေးဖို့အတွက် စခန်းမှူးရဲ့ခွင့်ပြုချက်နဲ့ ည (၉) နာရီခွဲအချိန်မှာ ဖမ်းဆီးပြီး အခန်းနံပါတ် (၉)မှာ ထားရှိခဲ့တာပါ”ဟု အမှုစစ်တာဝန်ယူထားသူ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အောင်မိုးက ပြောသည်။

ကိုသန်းထိုက်အောင်သည် ယခင်က အောင်လံမြို့တွင် ပန်းထိမ်လုပ်ငန်းလုပ်ကိုင်နေရာမှ ဇနီးဖြစ်သူမှာ မကွေးမြို့ ဆေးတက္ကသိုလ်တွင် မြန်မာစာနည်းပြတာဝန်ထမ်းဆောင်နေသဖြင့် မကွေးမြို့တွင် နေထိုင်စဉ်အတွင်း ဆိုင်ကယ် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်နခြေင်းဖြစ်ကြောင်း သိရသည်။

“ကျွန်မ အမျိုးသားရဲ့အဓိကအလုပ်အကိုင်က ပန်းထိမ်လုပ်ငန်းပါ။ အောင်လံကနေ ကျွန်မရှိရာဆီကို လိုက်လာနေရတော့ ပန်းထိမ်လုပ်ငန်းက အပ်ထည်ရှိမှပဲ လုပ်ရတော့လို့ အားနေတဲ့အချိန်မှာ ဆိုင်ကယ်ဝယ် ရောင်းလေးလုပ်ပါတယ်။ အခုလည်း ခိုးရာပါဆိုင်ကယ်ကို ရောင်းမှား ဝယ်မှား ဖြစ်သွားခဲ့တာမှာ ဖမ်းဆီးခံရပြီး ခုလိုသေတဲ့အထိဖြစ်ရတာပါ”ဟု သေဆုံးသူ၏ဇနီး ဒေါ်ကြူကြူခိုင်က ပြောသည်။

ဇူလိုင်(၂၅)ရက် ညပိုင်းက အခန်း(၉)တွင် ကိုသန်းထိုက်အောင်အား တစ်ဦးတည်း ဖမ်းဆီး ချုပ်နှောင်ထားခဲ့ခြင်း ဖြစ်ပြီး အိမ်သာအနီး မျက်နှာကျက်သံဇကာတွင်၎င်း၏ပုဆိုးဖြင့် ကြိုးဆွဲချ သေဆုံးနေသည်ကို ဇူလိုင်လ (၂၆)ရက်နေ့ နံနက် (၇)နာရီ (၁၅)မိနစ်အချိန်ခန့်၌ ကင်းသမားက တွေ့ရှိရခြင်းဖြစ်သည်ဟု မကွေးမြို့မရဲစခန်းမှူးထံမှ သိရသည်။

“ကျွန်တော်တို့ သူ့ကိုစစ်ဆေးခြင်း မလုပ်ရသေးပါဘူး။ နောက်တစ်နေ့မှ ရမန်ယူပြီး စစ်ဆေးဖို့ စီစဉ်ထားတာပါ။သူ ဆိုင်ကယ်ပြင်လေ့ပြင်ထရှိတဲ့ ဝပ်ရှော့ဆရာကိုတော့ အဲဒီညမှာပဲ ခေါ်ယူ စစ်ဆေးခဲ့ပါတယ်။ တကယ်တမ်းသာ သူ့ဘက်ကမှန်ခဲ့ရင် သူရင်ဆိုင်ဖြေရှင်းလို့ရတာပဲ။ အမှုဖွင့်ထားသူက ကျေအေးပေးမယ်လို့ သိထားတဲ့အတွက် တရားရုံးရောက်ရင် ပြီးသွားနိုင်တာပဲ။ ဒီလိုကြီးလုပ်မသွားသင့်ဘူး။ တစ်ယောက်ထဲ ခွဲချုပ်ရတဲ့ရည်ရွယ်ချက်က ဆိုင်ကယ်ပျောက်မှုတွေကများနေလို့ သေချာ စစ်ဆေးရမှာဖြစ်တာကြောင့် တခြားသူတွေနဲ့ရောထားရင် မင်း ဒီလိုမထွက်နဲ့ ဒီလိုထွက်ဆိုပြီး သင်ပေးကြမှာစိုးလို့ လွတ်နေတဲ့ အခန်း (၉) မှာ တစ်ယောက်ထဲချုပ်ထားတာပါ”ဟု မကွေးမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းကျော်က ပြောသည်။

ကိုသန်းထိုက်အောင်သည် ရေချိုးခန်းအတွင်း တက်၍ သတိလစ်လဲကျ သေဆုံးခြင်းဖြစ်သည်ဟု အဆိုပါ စခန်းမှ ရဲအုပ်နှစ်ဦးထံမှ သိခဲ့ရပြီး၎င်း၏ပုဆိုးဖြင့် ကြိုးဆွဲချသေဆုံးသွားခြင်းဖြစ်သည်ဟု စခန်းမှူးထံမှ သိရသဖြင့် သေဆုံးရခြင်းအကြောင်းမှာ ကွဲလွဲနေကြောင်း သေဆုံးသူ၏ အစ်မဖြစ်သူ ဒေါ်သင်းသင်းခိုင်က ဆိုသည်။

ယင်းအပြင် ဇူလိုင်လ (၂၆)ရက်နေ့ နံနက် (၇)နာရီ(၁၅)မိနစ်အချိန်ခန့်က ကိုသန်းထိုက်အောင်အား နံနက်စာပို့ရန် အချုပ်ခန်းရှေ့ရောက်နေစဉ် အချုပ်ခန်းအတွင်းမှ “အား”ဟု အော်သံကြားလိုက်ရပြီးနောက် လူတစ်ဦးအား ဆေးရုံသို့ပို့ဆောင်ရန် ကားငှါးနေသည်ကိုတွေ့သဖြင့် ဒေါ်သင်းသင်းခိုင်က ကူညီ ငှါးပေးခဲ့သော်လည်း ဆေးရုံသို့ ပို့ဆောင်ရသူမှာ၎င်း၏မောင်ဖြစ်ကြောင်းကို တာဝန်ရှိသူများက အသိပေးခဲ့ခြင်းမရှိဟု ဒေါ်သင်းသင်းခိုင်က ဆိုသည်။

အဆိုပါ အချက်များကြောင့် ကိုသန်းထိုက်အောင်သေဆုံးရခြင်းနှင့် ပတ်သက်၍၎င်း၏မိသားစုများက သံသယ ရှိနခြေင်းဖြစ်ပြီး အဖြစ်မှန်ဖော်ထုတ်ပေးရေးအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ တင်ပြထားခြင်းဖြစ်ကြောင်း ဒေါ်သင်းသင်းခိုင်ထံမှ သိရသည်။

သတင်း - ဖီးနစ် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~