မယ်ဆိုင်ချောင်းရေ (၁)ပေကျော် ကျဆင်း ( 24/7/2017 11:59PM )

မယ်ဆိုင်ချောင်းရေ (၁)ပေကျော် ကျဆင်း ( 24/7/2017 11:59PM )
ဇူလိုငျ 25, 2017
By Tachileik News Agency





~~~~~~~~⊰❂ unicode ~~~~~~~~

၂၀၁၇ခုနှစ် ဇူလိုင်လ(၂၄)ရက်နေ့ နံနက်ပိုင်းကစ၍ ညပိုင်းအချိန်အထိ တောင်ကျရေကြောင့် တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်းနယ်စပ် မယ်ဆိုင်ချောင်းအတွင်းမှ ရေတက်လာရာ တာလော့ဈေး၊ ရွှေနန်းတော်ကုန်တိုက် နှင့် ခရိုင်လဝကရုံးဝင်းအထိ ဝင်ရောက်လာနေသော်လည်း ည(၁၁း၅၉)နာရီအချိန်တွင် ရေ (၁)ပေကျော်အထိ ပြန်လည်ကျသွားပြီဖြစ်ကြောင်း သိရသည်။

ဆက်လက်၍လည်း ရေအတက်အကျအခြေအနေအား တာချီလိတ်မြို့နယ်အရန်မီးသတ်တပ်ရင်းမှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ရေကင်းစောင့်ကြည့်နေလျက်ရှိပြီး ရေတက်လာပါက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အသင့်ရှိနေကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~