မေကြးၿမိဳ႕တြင္ အာဇာနည္ေန႔အေလးျပဳသူ ျပည္သူအေရအတြက္ ယခင္ႏွစ္ထက္ပိုမ်ားလာ

မေကြးၿမိဳ႕တြင္ အာဇာနည္ေန႔အေလးျပဳသူ ျပည္သူအေရအတြက္ ယခင္ႏွစ္ထက္ပိုမ်ားလာ
ဇူလိုင် 19, 2017
By Tachileik News Agency

ႏွစ္(၇၀)ျပည့္ အာဇာနည္ေန႔အခမ္းအနားကို မေကြးတိုင္းေဒသႀကီး မေကြးၿမိဳ႕ရိွ ဗိုလ္ခ်ဳပ္ေအာင္ဆန္းျမင္းစီး ေၾကးရုပ္ပန္းျခံ၌ ဇူလိုင္(၁၉)ရက္က က်င္းပရာ လာေရာက္အေလးျပဳသူျပည္သူမ်ား ယခင္ႏွစ္ထက္ မ်ားျပားေၾကာင္း သိရသည္။

ယခုႏွစ္တြင္ အစိုးရအဖဲြ႕၏ အခမ္းအနား အစီအစဥ္ျဖင့္ အေလးျပဳၾကၿပီးေနာက္ လာေရာက္အေလးျပဳေသာ ေက်ာင္းသား/ေက်ာင္းသူ၊ျပည္သူလူထုအင္အားမွာ ပိုမိုမ်ားျပားသည္ကိုေတြ ့ရိွရသည္။

အခမ္းအနားသို ့ မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ ့ဝန္ႀကီးခ်ဳပ္ႏွင့္ အစိုးရအဖဲြ ့ ဝန္ႀကီးမ်ား၊ တိုင္းေဒသႀကီး လႊတ္ေတာ္ဥကၠဌႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ဌာနဆိုင္ရာမ်ား၊ နိုင္ငံေရးပါတီမ်ား၊ နိုင္ငံေရးတက္ၾကြလႈပ္ရွားသူမ်ား၊ တကၠသိုလ္အသီးသီးမွ ဆရာ/ဆရာမမ်ားႏွင့္ ေက်ာင္းသား/ ေက်ာင္းသူမ်ား၊ ေက်ာင္သားသမဂၢမ်ား၊ ဓမၼစကူးလ္ႏွင့္ ပရဟိတေက်ာင္းမ်ားမွ ေက်ာင္းသား/ ေက်ာင္းသူေလးမ်ား၊ ျမန္မာနိုင္ငံသတင္းစာဆရာအသင္း(မေကြးတိုင္းေဒသႀကီး)မွအသင္းဝင္မ်ား တက္ေရာက္၍ ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္တကြ အာဇာနည္ေခါင္းေဆာင္ႀကီးမ်ားအား လြမ္းသူ႕ပန္းေခြခ် အေလး ျပဳၾကသည္။

သတင္း/ဓာတ္ပံု - ဖီးနစ္



~~~~~~~~⊰❂ unicode ~~~~~~~~

နှစ်(၇၀)ပြည့် အာဇာနည်နေ့အခမ်းအနားကို မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီး ကြေးရုပ်ပန်းခြံ၌ ဇူလိုင်(၁၉)ရက်က ကျင်းပရာ လာရောက်အလေးပြုသူပြည်သူများ ယခင်နှစ်ထက် များပြားကြောင်း သိရသည်။

ယခုနှစ်တွင် အစိုးရအဖွဲ့၏ အခမ်းအနား အစီအစဉ်ဖြင့် အလေးပြုကြပြီးနောက် လာရောက်အလေးပြုသော ကျောင်းသား/ကျောင်းသူ၊ပြည်သူလူထုအင်အားမှာ ပိုမိုများပြားသည်ကိုတွေ့ရှိရသည်။

အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ တက္ကသိုလ်အသီးသီးမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၊ ကျောင်သားသမဂ္ဂများ၊ ဓမ္မစကူးလ်နှင့် ပရဟိတကျောင်းများမှ ကျောင်းသား/ ကျောင်းသူလေးများ၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း(မကွေးတိုင်းဒေသကြီး)မှအသင်းဝင်များ တက်ရောက်၍ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား လွမ်းသူ့ပန်းခွေချ အလေး ပြုကြသည်။

သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~