Update News

မိုးကုတ္တြင္ ေရေျမာင္းထဲက်သြားသည့္ အလယ္တန္းေက်ာင္းသူေလး (၄)ရက္ေျမာက္သည္ အထိ ရွာမေတြ႕ေသး


မႏၱေလးတိုင္းေဒသႀကီး ျပင္ဦးလြင္ခရိုင္ မိုးကုတ္ၿမိဳ႕တြင္ ဇူလိုင္လ (၁၈)ရက္ေန႔က အလယ္တန္း ေက်ာင္းသူတစ္ဦး ေက်ာင္းအျပန္တြင္ ေရေျမာင္းထဲသို႔ ေမ်ာပါေပ်ာက္ဆံုးသြား ခဲ့သျဖင့္ (၄)ရက္ဆက္တိုက္ ရွာေဖြမႈမ်ား ျပဳလုပ္ေနေသာ္လည္း ျပန္လည္ မေတြ႔ရေသးေၾကာင္း မိုးကုတ္ၿမိဳ႕မရဲစခန္းမွ သိရသည္။

“ေက်ာင္းသူကိုေတာ့ ျပန္ရွာမေတြ႔ေသးပါဘူး။ သူတို႔ ေဂၚရခါး လူမႈေရးအဖြဲ႔အစည္းေတြ၊ မိုးကုတ္ရဲတပ္ဖြဲ႔၊ မီးသတ္ တပ္ဖြဲ႔၊ ၾကက္ေျခနီအဖြဲ႔ေတြနဲ႔ စုေပါင္းရွာေဖြတာေတြ အဲဒီေန႔ ေန႔လယ္ကတည္းက ဆက္တိုက္ လုပ္ေနတာပါ။ ျဖစ္တဲ့ေနရာကေန ေျမာင္းေတြကို ေတာက္ေလ်ွာက္ပိတ္ၿပီးေတာ့ အကုန္လံုး လိုက္ရွာပါတယ္။ သူတို႔ရိုးရာ အယူအဆေတြလည္းရွိေတာ့ ဆက္ရွာဦးမလား ဘယ္လို ဆက္လုပ္မလဲဆိုတာကို သူတို႔အဖြဲ႔အစည္းေတြ ကေဆြးေႏြးေနတာေတာ့ ေတြ႔ရတယ္”ဟု မိုးကုတ္ၿမိဳ႕ ၿမိဳ႕မရဲစခန္းမွ ရဲတပ္ၾကပ္ မ်ိဳးျမင့္ႏိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

မိုးကုတ္ၿမိဳ႕ ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႔မွ သေႏၶမီးသတ္ႏွင့္ အရန္မီးသတ္ အင္အား(၁၀၀)ခန္႔၊မိုးကုတ္ၿမိဳ႕ ႀကက္ေျခနီတပ္ဖြဲ႔ မွ တပ္ဖြဲ႔ဝင္မ်ားႏွင့္ မိုးကုတ္ၿမိဳ႕မရဲစခန္းမွ ရဲအင္အား (၃၅)ဦးအပါအဝင္ လူမႈကူညီေရးအသင္းမ်ားမွလည္း ပူးေပါင္း ရွာေဖြမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

“သူက ေက်ာင္းကအျပန္ ဖိနပ္တစ္ဖက္က ေရနဲ႔ေမ်ာပီး လမ္းေဘးေရေခ်ာင္းထဲက်သြားတာ။ အဲဒါကိုလိုက္ဆယ္ရင္းနဲ႔ လူပါ ပါသြားတာ။ ကြ်န္ေတာ္တို႔ အဲဒီေျမာင္းေတြကို ေတာက္ေလွ်ာက္လိုက္ရွာတယ္။ ေျမာင္းဖံုးေတြလွန္ တယ္။ အခ်ိဳးအေကြ႔ေတြမွာလည္းရွာတယ္။ ေျမာင္းေတြဝင္သြားတဲ့ ေရေခ်ာင္းေတြအထိ လိုက္ရွာပါတယ္။ ဇူလိုင္ (၂၂) အထိေတာ့ ရွာလို႔မေတြ႔ေသးပါဘူး” ဟု မိုးကုတ္ၿမိဳ႕ အေရွ႕ပိုင္း မီးသတ္စခန္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

လမ္းမ်ား၊တံတားမ်ားႏွင့္ ေခ်ာင္းမ်ားအား ပိုက္စိပ္တိုက္ရွာေဖြမႈမ်ား ျပဳလုပ္ခဲ့ေသာ္လည္း ေပ်ာက္ဆံုးေနသည့္ အလယ္တန္းေက်ာင္းသူအား ျပန္လည္မေတြ႔ရွိရေသးေၾကာင္း မီးသတ္စခန္းမွ သိရွိရသည္။

ေပ်ာက္ဆံုးေနသည့္ ေက်ာင္းသူႏွင့္ပတ္သက္၍ ရဲစခန္းတြင္ အမႈဖြင့္လွစ္ထားျခင္းမရွိေၾကာင္း သိရွိရသည္။

သတင္း - ေနၿဖိဳးျမင့္
ဓာတ္ပံု - Khincho Oo


~~~~~~~~⊰❂ unicode ~~~~~~~~

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့တွင် ဇူလိုင်လ (၁၈)ရက်နေ့က အလယ်တန်း ကျောင်းသူတစ်ဦး ကျောင်းအပြန်တွင် ရေမြောင်းထဲသို့ မျောပါပျောက်ဆုံးသွား ခဲ့သဖြင့် (၄)ရက်ဆက်တိုက် ရှာဖွေမှုများ ပြုလုပ်နေသော်လည်း ပြန်လည် မတွေ့ရသေးကြောင်း မိုးကုတ်မြို့မရဲစခန်းမှ သိရသည်။

“ကျောင်းသူကိုတော့ ပြန်ရှာမတွေ့သေးပါဘူး။ သူတို့ ဂေါ်ရခါး လူမှုရေးအဖွဲ့အစည်းတွေ၊ မိုးကုတ်ရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့၊ ကြက်ခြေနီအဖွဲ့တွေနဲ့ စုပေါင်းရှာဖွေတာတွေ အဲဒီနေ့ နေ့လယ်ကတည်းက ဆက်တိုက် လုပ်နေတာပါ။ ဖြစ်တဲ့နေရာကနေ မြောင်းတွေကို တောက်လျှောက်ပိတ်ပြီးတော့ အကုန်လုံး လိုက်ရှာပါတယ်။ သူတို့ရိုးရာ အယူအဆတွေလည်းရှိတော့ ဆက်ရှာဦးမလား ဘယ်လို ဆက်လုပ်မလဲဆိုတာကို သူတို့အဖွဲ့အစည်းတွေ ကဆွေးနွေးနေတာတော့ တွေ့ရတယ်”ဟု မိုးကုတ်မြို့ မြို့မရဲစခန်းမှ ရဲတပ်ကြပ် မျိုးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

မိုးကုတ်မြို့ မြို့နယ်မီးသတ်တပ်ဖွဲ့မှ သန္ဓမေီးသတ်နှင့် အရန်မီးသတ် အင်အား(၁၀၀)ခန့်၊မိုးကုတ်မြို့ ကြက်ခြေနီတပ်ဖွဲ့ မှ တပ်ဖွဲ့ဝင်များနှင့် မိုးကုတ်မြို့မရဲစခန်းမှ ရဲအင်အား (၃၅)ဦးအပါအဝင် လူမှုကူညီရေးအသင်းများမှလည်း ပူးပေါင်း ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“သူက ကျောင်းကအပြန် ဖိနပ်တစ်ဖက်က ရေနဲ့မျောပီး လမ်းဘေးရေချောင်းထဲကျသွားတာ။ အဲဒါကိုလိုက်ဆယ်ရင်းနဲ့ လူပါ ပါသွားတာ။ ကျွန်တော်တို့ အဲဒီမြောင်းတွေကို တောက်လျှောက်လိုက်ရှာတယ်။ မြောင်းဖုံးတွေလှန် တယ်။ အချိုးအကွေ့တွေမှာလည်းရှာတယ်။ မြောင်းတွေဝင်သွားတဲ့ ရေချောင်းတွေအထိ လိုက်ရှာပါတယ်။ ဇူလိုင် (၂၂) အထိတော့ ရှာလို့မတွေ့သေးပါဘူး” ဟု မိုးကုတ်မြို့ အရှေ့ပိုင်း မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လမ်းများ၊တံတားများနှင့် ချောင်းများအား ပိုက်စိပ်တိုက်ရှာဖွေမှုများ ပြုလုပ်ခဲ့သော်လည်း ပျောက်ဆုံးနေသည့် အလယ်တန်းကျောင်းသူအား ပြန်လည်မတွေ့ရှိရသေးကြောင်း မီးသတ်စခန်းမှ သိရှိရသည်။

ပျောက်ဆုံးနေသည့် ကျောင်းသူနှင့်ပတ်သက်၍ ရဲစခန်းတွင် အမှုဖွင့်လှစ်ထားခြင်းမရှိကြောင်း သိရှိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - Khincho Oo 
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::