ခ်င္းရိုင္းခရိုင္အတြင္းမွ ေရႊ႕ေျပာင္းျမန္မာလုပ္သား (၅၇)ဦး တာခ်ီလိတ္ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီ၏ စီစဥ္ေပးမႈျဖင့္ တာခ်ီလိတ္သို႔ အဆင္ေျပစြာ ေရာက္ရွိ

ခ်င္းရိုင္းခရိုင္အတြင္းမွ ေရႊ႕ေျပာင္းျမန္မာလုပ္သား (၅၇)ဦး တာခ်ီလိတ္ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီ၏ စီစဥ္ေပးမႈျဖင့္ တာခ်ီလိတ္သို႔ အဆင္ေျပစြာ ေရာက္ရွိ
ဇူလိုင် 3, 2017
By Tachileik News Agency

ထုိင္းႏုိင္ငံအတြင္း ေရႊ႕ေျပာင္းလုပ္သားမ်ား စစ္ေဆးဖမ္းဆီးျခင္း ရက္ေပါင္း(၁၂၀) ဆုိင္းငံ့ထားသည့္ ကာလအတြင္း ေနရပ္ျပန္မည့္ ျမန္မာေရႊ႕ေျပာင္းလုပ္သားမ်ား ျမန္မာ - ထိုင္း နယ္စပ္ဂိတ္မ်ားမွတစ္ဆင့္ ျပန္လည္ ဝင္ေရာက္လာေနရာ ဇူလိုင္လ(၃)ရက္ေန႔ ညေနပိုင္းက တာခ်ီလိတ္ၿမိဳ႕သို႔ (၅၇)ဦး ေရာက္ရိွလာၾကသည္။

ထိုင္းႏိုင္ငံအလုပ္သမားေရးရာ ညႊန္ၾကားမွဳဦးစီးဌာန၏ ေျပာင္းလဲလိုက္ေသာ စနစ္ေၾကာင့္ ေရႊ႕ေျပာင္း လုပ္သားမ်ား၏ အေထာက္အထားျပည့္စံုမႈ စစ္ေဆးမည္ျဖစ္ရာ ျမန္မာေရႊ႕ေျပာင္းလုပ္သားမ်ား ေနရပ္ ျပန္ေနၾကျခင္းျဖစ္ၿပီး ထုိင္း - ျမန္မာႏွစ္ႏုိင္ငံနယ္စပ္ၿမိဳ႕ တာခ်ီလိတ္သို႔ ဝင္ေရာက္လာသည့္ ျမန္မာ လုပ္သားမ်ားကို တာခ်ီလိတ္ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီ၊  CNCMC ၊ ႏွစ္ႏုိင္ငံနယ္ျခားပူးေပါင္းေကာ္မတီ TBC (ျမန္မာ)ႏွင့္ သက္ဆိုင္ရာတာ၀န္ရွိသူမ်ားက ခ်စ္ၾကည္ေရးတံတား အမွတ္(၂) မွ ဇူလိုင္လ (၃)ရက္ေန႔ ညေန(၄)နာရီေက်ာ္က ႀကိဳဆိုခဲ့ၾကျခင္း ျဖစ္သည္။

ျမန္မာ - ထုိင္း ပူးေပါင္းေဆာင္ရြက္မႈျဖင့္ ျမန္မာႏုိင္ငံသို႔ ျပန္လည္ေရာက္ရွိလာသည့္ ျမန္မာ ေရႊ႕ေျပာင္း လုပ္သား (၅၇)ဦးတြင္ အမ်ဳိးသား(၂၆)ဦး၊ အမ်ဳိးသမီး (၂၆)ဦးႏွင့္ ရင္ခြင္ပိုက္ကေလးငယ္(၅)ဦး ပါ၀င္ေၾကာင္း သိရသည္။

အဆိုပါ ျမန္မာလုပ္သားမ်ား ေနရပ္ျပန္ေရးအတြက္ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕မွ လူဝင္မႈႀကီးၾကပ္ေရးဌာနက တာခ်ီလိတ္သို႔ ျပန္လည္၀င္ေရာက္မည့္ အေရအတြက္ႏွင့္ ကိုယ္ေရးအက်ဥ္းမ်ားႏွင့္အတူ ျမန္မာႏုိင္ငံမွ တာဝန္ရိွသူမ်ားထံ လာေရာက္ပို႔ေဆာင္ေပးျခင္း ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္သို႔ ေရာက္ရိွလာသည့္ ေရႊ႕ေျပာင္းျမန္မာလုပ္သား (၅၇)ဦးအား ေကြ်းေမြးႏိုင္ရန္အတြက္ CNCMC ေကာ္မတီ၏ ဦးေဆာင္မႈျဖင့္ ဗယ္လင္တိုင္းႏွင့္ ႏိုင္းႏိုင္း ကေဖးႏွင့္အေအး မိသားစုက ထမင္းေၾကာ္ ဘူး(၆၀)၊ တာခ်ီလိတ္ၿမိဳ႕နယ္ ေရသန္႔လုပ္ငန္းရွင္မ်ားအသင္းမွ ေရကတ္အဆြဲ(၁၀၀)တို႔ကို ကူညီပံ့ပိုး လွဴဒါန္းေပးခဲ့ၾကေၾကာင္း သိရသည္။

တာခ်ီလိတ္ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီ ႏွင့္ CNCMC ေကာ္မတီတို႔က ျမန္မာလုပ္သားမ်ား ထုိင္းႏုိင္ငံ မယ္ဆိုင္ၿမိဳ႕ လူဝင္မႈႀကီးၾကပ္ေရးရံုးမွ တစ္ဆင့္ ျမန္မာဘက္သို႔လာရန္ ေမာ္ေတာ္ယာဥ္လိုင္းမ်ား စီစဥ္ ေဆာင္ရြက္ေပးၿပီး တာခ်ီလိတ္ေရာက္ရိွခ်ိန္တြင္ ေနရပ္ျပန္လိုသူမ်ားအား ကားဂိတ္မ်ားသို႔ လိုက္ပါ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

ျမန္မာေရႊ႕ေျပာင္းလုပ္သားမ်ား ထုိင္းႏုိင္ငံဘက္မွ အကုန္အက် မရွိဘဲ ေခ်ာေမြ႕စြာျဖင့္ ျမန္မာႏုိင္ငံဘက္သိို႔ ျပန္လည္ ၀င္ေရာက္လာႏိုင္ရန္ တာခ်ီလိတ္ခရိုင္ စီမံခန္႔ခြဲမႈေကာ္မတီ အတြင္းေရးမွဴး ခရိုင္လ၀ကမွဴး ဦးေက်ာ္ေမာ္ထြန္း၊ တာခ်ီလိတ္ခရိုင္ ဒုတိယခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေဇာ္၀င္းေဌး ႏွင့္ ခရိုင္/ၿမိဳ႕နယ္ စီမံခန္႔ခြဲမႈ ေကာ္မတီ၀င္မ်ား၊ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔၀င္မ်ားႏွင့္ ဌာနဆိုင္ရာမ်ား အပါအ၀င္ CNCMC အလုပ္အမႈေဆာင္မ်ားက ထိုင္းႏိုင္ငံမွ လ၀က ႏွင့္ ေပါင္းစပ္ေဆာင္ရြက္ကာ ကူညီေပးခဲ့ၾကေၾကာင္း သိရသည္။

တာခ်ီလိတ္မွ ၀င္ေရာက္လိုသည့္ ထိုင္းႏုိင္ငံမွ ေရႊ႕ေျပာင္း ျမန္မာလုပ္သား မွန္ကန္ပါက ထိုင္းဖုန္း 0850388887 ၊ 0897558729 မ်ားသို႔ ဆက္သြယ္၍ အကူအညီ ေတာင္းခံႏိုင္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းလုပ်သားများ စစ်ဆေးဖမ်းဆီးခြင်း ရက်ပေါင်း(၁၂၀) ဆိုင်းငံ့ထားသည့် ကာလအတွင်း နေရပ်ပြန်မည့် မြန်မာရွှေ့ပြောင်းလုပ်သားများ မြန်မာ - ထိုင်း နယ်စပ်ဂိတ်များမှတစ်ဆင့် ပြန်လည် ဝင်ရောက်လာနေရာ ဇူလိုင်လ(၃)ရက်နေ့ ညနေပိုင်းက တာချီလိတ်မြို့သို့ (၅၇)ဦး ရောက်ရှိလာကြသည်။

ထိုင်းနိုင်ငံအလုပ်သမားရေးရာ ညွှန်ကြားမှုဦးစီးဌာန၏ ပြောင်းလဲလိုက်သော စနစ်ကြောင့် ရွှေ့ပြောင်း လုပ်သားများ၏ အထောက်အထားပြည့်စုံမှု စစ်ဆေးမည်ဖြစ်ရာ မြန်မာရွှေ့ပြောင်းလုပ်သားများ နေရပ် ပြန်နကြခြေင်းဖြစ်ပြီး ထိုင်း - မြန်မာနှစ်နိုင်ငံနယ်စပ်မြို့ တာချီလိတ်သို့ ဝင်ရောက်လာသည့် မြန်မာ လုပ်သားများကို တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ၊ CNCMC၊ နှစ်နိုင်ငံနယ်ခြားပူးပေါင်းကော်မတီ TBC (မြန်မာ)နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ချစ်ကြည်ရေးတံတား အမှတ်(၂) မှ ဇူလိုင်လ (၃)ရက်နေ့ ညနေ(၄)နာရီကျော်က ကြိုဆိုခဲ့ကြခြင်း ဖြစ်သည်။

မြန်မာ - ထိုင်း ပူးပေါင်းဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် မြန်မာ ရွှေ့ပြောင်း လုပ်သား (၅၇)ဦးတွင် အမျိုးသား(၂၆)ဦး၊ အမျိုးသမီး (၂၆)ဦးနှင့် ရင်ခွင်ပိုက်ကလေးငယ်(၅)ဦး ပါဝင်ကြောင်း သိရသည်။

အဆိုပါ မြန်မာလုပ်သားများ နေရပ်ပြန်ရေးအတွက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ လူဝင်မှုကြီးကြပ်ရေးဌာနက တာချီလိတ်သို့ ပြန်လည်ဝင်ရောက်မည့် အရေအတွက်နှင့် ကိုယ်ရေးအကျဉ်းများနှင့်အတူ မြန်မာနိုင်ငံမှ တာဝန်ရှိသူများထံ လာရောက်ပို့ဆောင်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်သို့ ရောက်ရှိလာသည့် ရွှေ့ပြောင်းမြန်မာလုပ်သား (၅၇)ဦးအား ကျွေးမွေးနိုင်ရန်အတွက် CNCMC ကော်မတီ၏ ဦးဆောင်မှုဖြင့် ဗယ်လင်တိုင်းနှင့် နိုင်းနိုင်း ကဖေးနှင့်အအေး မိသားစုက ထမင်းကြော် ဘူး(၆၀)၊ တာချီလိတ်မြို့နယ် ရေသန့်လုပ်ငန်းရှင်များအသင်းမှ ရေကတ်အဆွဲ(၁၀၀)တို့ကို ကူညီပံ့ပိုး လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ နှင့် CNCMC ကော်မတီတို့က မြန်မာလုပ်သားများ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ လူဝင်မှုကြီးကြပ်ရေးရုံးမှ တစ်ဆင့် မြန်မာဘက်သို့လာရန် မော်တော်ယာဉ်လိုင်းများ စီစဉ် ဆောင်ရွက်ပေးပြီး တာချီလိတ်ရောက်ရှိချိန်တွင် နေရပ်ပြန်လိုသူများအား ကားဂိတ်များသို့ လိုက်ပါ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မြန်မာရွှေ့ပြောင်းလုပ်သားများ ထိုင်းနိုင်ငံဘက်မှ အကုန်အကျ မရှိဘဲ ချောမွေ့စွာဖြင့် မြန်မာနိုင်ငံဘက်သို့ ပြန်လည် ဝင်ရောက်လာနိုင်ရန် တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ခရိုင်လဝကမှူး ဦးကျော်မော်ထွန်း၊ တာချီလိတ်ခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းဌေး နှင့် ခရိုင်/မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ အပါအဝင် CNCMC အလုပ်အမှုဆောင်များက ထိုင်းနိုင်ငံမှ လဝက နှင့် ပေါင်းစပ်ဆောင်ရွက်ကာ ကူညီပေးခဲ့ကြကြောင်း သိရသည်။

တာချီလိတ်မှ ဝင်ရောက်လိုသည့် ထိုင်းနိုင်ငံမှ ရွှေ့ပြောင်း မြန်မာလုပ်သား မှန်ကန်ပါက ထိုင်းဖုန်း 0850388887၊ 0897558729 များသို့ ဆက်သွယ်၍ အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~