မိုးကုတ္ၿမိဳ႕တြင္ ေရႏႈတ္ေျမာင္းအတြင္းေမ်ာပါသြားသည့္ အလယ္တန္းေက်ာင္းသူအား ဆက္လက္ရွာေဖြေန

မိုးကုတ္ၿမိဳ႕တြင္ ေရႏႈတ္ေျမာင္းအတြင္းေမ်ာပါသြားသည့္ အလယ္တန္းေက်ာင္းသူအား ဆက္လက္ရွာေဖြေန
ဇူလိုင် 19, 2017
By Tachileik News Agency

မုိးကုတ္ၿမိဳ႕တြင္ ဇူလိုင္လ(၁၈)ရက္ ေန႔လယ္ပိုင္းက လမ္းေဘး ေရႏႈတ္ေျမာင္းအတြင္း ျပဳတ္က်သြားသည့္ ဖိနပ္အား ဆယ္ယူရာမွ ေရေျမာင္းအတြင္း ျပဳတ္က်ေမ်ာပါသြားခဲ့သည့္ အလယ္တန္းေက်ာင္းသူအား ဇူလိုင္လ (၁၉)ရက္ေန႔တြင္ ရွာေဖြမႈမ်ား ဆက္လက္ လုပ္ေဆာင္ေနေၾကာင္း သိရသည္။

“ေရေခ်ာင္းထဲက်တဲ့ကေလး ျပန္မေတြ႔ေသးပါဘူး။ မေန႔က ညအထိ လိုက္ရွာပါတယ္။ ဒီေန႔ ဆက္ရွာေဖြပါမယ္”ဟု မိုးကုတ္မီးသတ္စခန္းမွ မီးသတ္တပ္ဖြဲ႔ဝင္တစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဇူလိုင္(၁၈)ရက္ မနက္ပိုင္းမွစ၍ မိုးကုတ္ၿမိဳ႕တြင္ မိုးသည္းထန္စြာရြာသြန္းေနမႈေၾကာင့္ လမ္းမ်ားတြ င္ေရလွ်ံသည္အထိ ျဖစ္ခဲ့ရၿပီး အဆိုပါေက်ာင္းသူမွာ ဖိနပ္ကၽြတ္သြားသျဖင့္ လိုက္လံဆယ္ယူရာမွ လမ္းနံေဘး ေရႏႈတ္ေျမာင္းအတြင္း ျပဳတ္က်ေမ်ာပါသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ေက်ာင္းသူတစ္ဦး ေက်ာင္းကအျပန္မွာ ဖိနပ္တစ္ဖက္ေရေျမာင္းထဲက်သြားလို႔ လိုက္ဆယ္ရင္းနဲ႔ လူပါက်သြားတာ။ ပဥၥမတန္းေက်ာင္းသူတစ္ဦးလို႔ပဲ သိရတယ္။ ဒီၿမိဳ႕မွာက ကုန္းတက္ ကုန္းဆင္းေတြခ်ည္းပဲဆိုေတာ့ ေျမာင္းေတြမွာ ေရစီးသန္တယ္”ဟု မိုးကုတ္ၿမိဳ႕မရဲတပ္ဖြဲ႔မွ ဒုရဲအုပ္ ဟုန္းထမ္း က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

နယ္ေျမရဲတပ္ဖြဲ႔ႏွင့္ မိုးကုတ္မီးသတ္ဦးစီးဌာနမွ ပူးေပါင္းရွာေဖြမႈမ်ားျပဳလုပ္ခဲ့ေသာ္လည္း ျပန္လည္ မေတြ႔ရွိရေသးေၾကာင္း သိရွိရသည္။

အဆိုပါ ေက်ာင္းသူအား မီးသတ္ဦးစီးဌာနမွ သေႏၶမီးသတ္တပ္ဖြဲ႔ဝင္(၆)ဦး၊ အရန္ မီးသတ္တပ္ဖြဲ႔ဝင္(၁၀၀)ဦး၊ ၾကက္ေျခနီတပ္ဖြဲ႔ဝင္ (၃၀) ဦးႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားပူးေပါင္းၿပီး ဇူလုိင္လ (၁၈)ရက္ေန႔ ေန႔လယ္ ကတည္းက ရွာေဖြေနျခင္းျဖစ္ေသာ္လည္း ဇူလိုင္လ (၁၉)ရက္ေန႔ ေန႔လယ္ပိုင္းအထိ မေတြ႔ရေသးေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

မိုးကုတ်မြို့တွင် ဇူလိုင်လ(၁၈)ရက် နေ့လယ်ပိုင်းက လမ်းဘေး ရေနှုတ်မြောင်းအတွင်း ပြုတ်ကျသွားသည့် ဖိနပ်အား ဆယ်ယူရာမှ ရေမြောင်းအတွင်း ပြုတ်ကျမျောပါသွားခဲ့သည့် အလယ်တန်းကျောင်းသူအား ဇူလိုင်လ (၁၉)ရက်နေ့တွင် ရှာဖွေမှုများ ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။

“ရေချောင်းထဲကျတဲ့ကလေး ပြန်မတွေ့သေးပါဘူး။ မနေ့က ညအထိ လိုက်ရှာပါတယ်။ ဒီနေ့ ဆက်ရှာဖွေပါမယ်”ဟု မိုးကုတ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဇူလိုင်(၁၈)ရက် မနက်ပိုင်းမှစ၍ မိုးကုတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းနေမှုကြောင့် လမ်းများတွ င်ရေလျှံသည်အထိ ဖြစ်ခဲ့ရပြီး အဆိုပါကျောင်းသူမှာ ဖိနပ်ကျွတ်သွားသဖြင့် လိုက်လံဆယ်ယူရာမှ လမ်းနံဘေး ရေနှုတ်မြောင်းအတွင်း ပြုတ်ကျမျောပါသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျောင်းသူတစ်ဦး ကျောင်းကအပြန်မှာ ဖိနပ်တစ်ဖက်ရေမြောင်းထဲကျသွားလို့ လိုက်ဆယ်ရင်းနဲ့ လူပါကျသွားတာ။ ပဉ္စမတန်းကျောင်းသူတစ်ဦးလို့ပဲ သိရတယ်။ ဒီမြို့မှာက ကုန်းတက် ကုန်းဆင်းတွေချည်းပဲဆိုတော့ မြောင်းတွေမှာ ရေစီးသန်တယ်”ဟု မိုးကုတ်မြို့မရဲတပ်ဖွဲ့မှ ဒုရဲအုပ် ဟုန်းထမ်း က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နယ်မြေရဲတပ်ဖွဲ့နှင့် မိုးကုတ်မီးသတ်ဦးစီးဌာနမှ ပူးပေါင်းရှာဖွေမှုများပြုလုပ်ခဲ့သော်လည်း ပြန်လည် မတွေ့ရှိရသေးကြောင်း သိရှိရသည်။

အဆိုပါ ကျောင်းသူအား မီးသတ်ဦးစီးဌာနမှ သန္ဓမေီးသတ်တပ်ဖွဲ့ဝင်(၆)ဦး၊ အရန် မီးသတ်တပ်ဖွဲ့ဝင်(၁၀၀)ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင် (၃၀) ဦးနှင့် ရဲတပ်ဖွဲ့ဝင်များပူးပေါင်းပြီး ဇူလိုင်လ (၁၈)ရက်နေ့ နေ့လယ် ကတည်းက ရှာဖွေနခြေင်းဖြစ်သော်လည်း ဇူလိုင်လ (၁၉)ရက်နေ့ နေ့လယ်ပိုင်းအထိ မတွေ့ရသေးကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~