လားရိႈးတြင္ လက္နက္ကိုင္အဖြဲ႔မွ ဗံုးခြဲတုိက္ခုိက္ရန္ စီစဥ္ေနသျဖင့္ ျပည္သူမ်ား သတိထားရန္ တပ္မေတာ္က သတင္းထုတ္ျပန္

လားရိႈးတြင္ လက္နက္ကိုင္အဖြဲ႔မွ ဗံုးခြဲတုိက္ခုိက္ရန္ စီစဥ္ေနသျဖင့္ ျပည္သူမ်ား သတိထားရန္ တပ္မေတာ္က သတင္းထုတ္ျပန္
ဇူလိုင် 8, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) လားရိႈးၿမိဳ႕တြင္ KIA လက္နက္ကိုင္တပ္ဖြဲ႔ႏွင့္ TNLA လက္နက္ကိုင္တပ္ဖြဲ႔တို႔မွ ဗံုးခြဲတိုက္ခုိက္ရန္ အဖြဲ႔မ်ား ေစလႊတ္ထားေၾကာင္း သတင္းရရိွသျဖင့္ လံုၿခံဳေရး တိုးျမႇင့္ထားၿပီး ျပည္သူလူထု အေနျဖင့္ သတိျပဳၾကရန္ ဇူလိုင္လ(၇)ရက္ေန႔တြင္ တပ္မေတာ္မွ ႀကိဳတင္သတိေပးခ်က္ ထုတ္ျပန္ လိုက္ေၾကာင္း သိရသည္။

“ကြ်န္ေတာ္တို႔ သိရွိထားတာကို ျပည္သူလူထုကို အခု လိုခ်ျပအသိေပးၿပီး ႀကိဳတင္ကာကြယ္မႈေတြ ပူးေပါင္း လုပ္ေဆာင္ႏိုင္ဖို႔ ေၾကညာခ်က္ ထုတ္ျပန္ေပးထားတာျဖစ္ပါတယ္။ ျပည္သူလူထုကို အသိေပးထားတဲ့ သေဘာပါ။ ျပည္သူလူထုနဲ႔ ပူးေပါင္းေဆာင္ရြက္လို႔ ရေအာင္ ျပည္သူလူထုကို မက္ေဆ့ေပးထားတာ ျဖစ္ပါတယ္။ လူထုကိုေတာင္ ခ်ျပထားတာဆိုေတာ့ ကြ်န္ေတာ္တို႔ ေသခ်ာလုပ္ထားပါတယ္ဆိုတာကို သိေစခ်င္ပါတယ္။ လံုၿခံဳေရးနဲ႔ သက္ဆိုင္တဲ့ လုပ္ေဆာင္ခ်က္ေတြကိုေတာ့ ကြ်န္ေတာ္တို႔ ေျပာျပလို႔ မရပါဘူး” ဟု ျမန္မာ့တပ္မေတာ္မွ စစ္ဗ်ဴဟာမွဴး ဗိုလ္မွဴးႀကီး ေက်ာ္သန္းေဆြက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

လားရိႈးၿမိဳ႕နယ္အတြင္း မသကၤာဖြယ္ရာမ်ားေတြ႕ရွိပါက  ျပည္သူလူထုအား ႀကိဳတင္ အသိေပးထားျခင္း အားျဖင့္ ပူးေပါင္းလုပ္ေဆာင္မႈရရန္ ေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ျပည္သူမ်ားအေနျဖင့္ မိမိတို႔ပတ္ဝန္းက်င္တြင္ ေစာင့္ၾကည့္ေလ့လာမႈမ်ား ျပဳလုပ္ႏိုင္ရန္ႏွင့္ မသကၤာဖြယ္ရာေတြ႕ရိွပါက သက္ဆုိင္ရာသို႔ အေၾကာင္းၾကားေပးရန္ သတင္းထုတ္ျပန္ ေပးထားျခင္းျဖစ္ေၾကာင္း သိရသည္။

လားရိႈးၿမိဳ႕မွ လုပ္ငန္းရွင္မ်ားအား ၿခိမ္းေျခာက္ေငြေတာင္းခံမႈမ်ားရိွေနသျဖင့္ သက္ဆိုင္ရာ နယ္ေျမခံစစ္တပ္ႏွင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔တို႔ ပူးေပါင္း၍ အင္အားအျပည့္ျဖင့္ ပံုမွန္ လံုၿခံဳေရး ကင္းလွည့္မႈမ်ားကို စဥ္ဆက္မျပတ္ ျပဳလုပ္ေပးလ်က္ရွိေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)လားရိႈးၿမိဳ႕တြင္ ဗံုးေဖာက္ခြဲမႈမ်ားလုပ္ေဆာင္ရန္ အမ်ိဳးသား(၆)ဦးႏွင့္ အမ်ိဳးသမီး (၄) ဦးတို႔အား ေစလႊတ္ထားေၾကာင္း TNLA လက္နက္ကိုင္တပ္ဖြဲ႔မွ ဗံုးခြဲကြ်မ္းက်င္အဖြဲ႔ဝင္ (၂၀) ဦးခန္႔မွလည္း လားရိႈးၿမိဳ႕အတြင္းရွိ လူစည္ကားရာ ေနရာမ်ားျဖစ္သည့္ ေစ်းမ်ား၊ ကားဂိတ္မ်ား၊ ဘူတာရံုမ်ား၊ အစိုးရဌာန ဆိုင္ရာ အေဆာက္အဦမ်ားအား ပစ္မွတ္ထား၍ ေလ့လာမႈမ်ားျပဳလုပ္ေနေၾကာင္း သိရွိရသည့္အတြက္ မသကၤာဖြယ္ရာလႈပ္ရွားမႈမ်ားအား ေတြ႔ရွိပါက စစ္ဘက္ေရးရာလံုၿခံဳေရးဌာန ႏွင့္ ျမန္မာ့တပ္မေတာ္မွ စစ္ဗ်ဴဟာမွဴး ဗိုလ္မွဴးႀကီးေက်ာ္သန္းေဆြ ထံသို႔ တိုက္ရိုက္ တိုင္ၾကား သတင္း ေပးႏိုင္ပါေၾကာင္း တပ္မေတာ္မွ သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

လားရိႈးၿမိဳ႕တြင္ မသကၤာဖြယ္ရာမ်ားေတြ႕ရွိပါက ဗိုလ္မွဴးႀကီးေက်ာ္သန္းေဆြ ( စစ္ဗ်ဴဟာမွဴး) ဖုန္း-09-39900639 ႏွင့္ စစ္ဘက္ေရးရာလံုၿခံဳေရးဌာနဖုန္း 033-36023 မ်ားသို႔ ဆက္သြယ္ႏုိင္ေၾကာင္း ေဖာ္ျပထားသည္။

သတင္း - ဇူးဇူးေနျခည္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် KIA လက်နက်ကိုင်တပ်ဖွဲ့နှင့် TNLA လက်နက်ကိုင်တပ်ဖွဲ့တို့မှ ဗုံးခွဲတိုက်ခိုက်ရန် အဖွဲ့များ စေလွှတ်ထားကြောင်း သတင်းရရှိသဖြင့် လုံခြုံရေး တိုးမြှင့်ထားပြီး ပြည်သူလူထု အနဖြေင့် သတိပြုကြရန် ဇူလိုင်လ(၇)ရက်နေ့တွင် တပ်မတော်မှ ကြိုတင်သတိပေးချက် ထုတ်ပြန် လိုက်ကြောင်း သိရသည်။

“ကျွန်တော်တို့ သိရှိထားတာကို ပြည်သူလူထုကို အခု လိုချပြအသိပေးပြီး ကြိုတင်ကာကွယ်မှုတွေ ပူးပေါင်း လုပ်ဆောင်နိုင်ဖို့ ကြေညာချက် ထုတ်ပြန်ပေးထားတာဖြစ်ပါတယ်။ ပြည်သူလူထုကို အသိပေးထားတဲ့ သဘောပါ။ ပြည်သူလူထုနဲ့ ပူးပေါင်းဆောင်ရွက်လို့ ရအောင် ပြည်သူလူထုကို မက်ဆေ့ပေးထားတာ ဖြစ်ပါတယ်။ လူထုကိုတောင် ချပြထားတာဆိုတော့ ကျွန်တော်တို့ သေချာလုပ်ထားပါတယ်ဆိုတာကို သိစေချင်ပါတယ်။ လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ လုပ်ဆောင်ချက်တွေကိုတော့ ကျွန်တော်တို့ ပြောပြလို့ မရပါဘူး” ဟု မြန်မာ့တပ်မတော်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်သန်းဆွေက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

လားရှိုးမြို့နယ်အတွင်း မသင်္ကာဖွယ်ရာများတွေ့ရှိပါက ပြည်သူလူထုအား ကြိုတင် အသိပေးထားခြင်း အားဖြင့် ပူးပေါင်းလုပ်ဆောင်မှုရရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူများအနဖြေင့် မိမိတို့ပတ်ဝန်းကျင်တွင် စောင့်ကြည့်လေ့လာမှုများ ပြုလုပ်နိုင်ရန်နှင့် မသင်္ကာဖွယ်ရာတွေ့ရှိပါက သက်ဆိုင်ရာသို့ အကြောင်းကြားပေးရန် သတင်းထုတ်ပြန် ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

လားရှိုးမြို့မှ လုပ်ငန်းရှင်များအား ခြိမ်းခြောက်ငွေတောင်းခံမှုများရှိနေသဖြင့် သက်ဆိုင်ရာ နယ်မြေခံစစ်တပ်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ အင်အားအပြည့်ဖြင့် ပုံမှန် လုံခြုံရေး ကင်းလှည့်မှုများကို စဉ်ဆက်မပြတ် ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့တွင် ဗုံးဖောက်ခွဲမှုများလုပ်ဆောင်ရန် အမျိုးသား(၆)ဦးနှင့် အမျိုးသမီး (၄) ဦးတို့အား စေလွှတ်ထားကြောင်း TNLA လက်နက်ကိုင်တပ်ဖွဲ့မှ ဗုံးခွဲကျွမ်းကျင်အဖွဲ့ဝင် (၂၀) ဦးခန့်မှလည်း လားရှိုးမြို့အတွင်းရှိ လူစည်ကားရာ နေရာများဖြစ်သည့် ဈေးများ၊ ကားဂိတ်များ၊ ဘူတာရုံများ၊ အစိုးရဌာန ဆိုင်ရာ အဆောက်အဦများအား ပစ်မှတ်ထား၍ လေ့လာမှုများပြုလုပ်နေကြောင်း သိရှိရသည့်အတွက် မသင်္ကာဖွယ်ရာလှုပ်ရှားမှုများအား တွေ့ရှိပါက စစ်ဘက်ရေးရာလုံခြုံရေးဌာန နှင့် မြန်မာ့တပ်မတော်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်သန်းဆွေ ထံသို့ တိုက်ရိုက် တိုင်ကြား သတင်း ပေးနိုင်ပါကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လားရှိုးမြို့တွင် မသင်္ကာဖွယ်ရာများတွေ့ရှိပါက ဗိုလ်မှူးကြီးကျော်သန်းဆွေ ( စစ်ဗျူဟာမှူး) ဖုန်း-09-39900639 နှင့် စစ်ဘက်ရေးရာလုံခြုံရေးဌာနဖုန်း 033-36023 များသို့ ဆက်သွယ်နိုင်ကြောင်း ဖော်ပြထားသည်။

သတင်း - ဇူးဇူးနခြေည်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~