လားရှိုးသို့ နမ့်ဆန်မြို့နယ်မှ စစ်ဘေးတိမ်းရှောင်လာသူများ နေရပ်ပြန်
လားရှိုးသို့ နမ့်ဆန်မြို့နယ်မှ စစ်ဘေးတိမ်းရှောင်လာသူများ နေရပ်ပြန်
ဇူလိုငျ 6, 2017
By Tachileik News Agency
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ခိုလှုံနေသည့် နမ့်ဆန်မြို့နယ်မှ စစ်ဘေးရှောင်များ နေရပ်ပြန်နေကြပြီး ဇူလိုင်လ (၆)ရက်နေ့တွင် အောင်မင်္ဂလာနမ့်ဆန်ကျောင်းနှင့် သာသနာ(၂၅၀၀)ကျောင်း တို့တွင် စစ်ဘေးရှောင်နေထိုင်သူ မရှိတော့ကြောင်း သိရသည်။
သတင်း - နေဖြိုးမြင့်
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ခိုလှုံနေသည့် နမ့်ဆန်မြို့နယ်မှ စစ်ဘေးရှောင်များ နေရပ်ပြန်နကြပြေီး ဇူလိုင်လ (၆)ရက်နေ့တွင် အောင်မင်္ဂလာနမ့်ဆန်ကျောင်းနှင့် သာသနာ(၂၅၀၀)ကျောင်း တို့တွင် စစ်ဘေးရှောင်နေထိုင်သူ မရှိတော့ကြောင်း သိရသည်။
“လမ်းစရိတ် အနည်းငယ်တော့ ဉူးဇင်းက ထောက်ပံ့ပေးလိုက်ပါတယ်။ ပြန်တာကတော့ သူတို့အစီအစဉ်နဲ့ သူတို့ပြန်သွားကြတာပါ။ ဝါတွင်းကာလ ရောက်တော့မှာဆိုတော့ ပြန်ချင်နကြေတာရယ်၊ သူတို့ နေရပ်တွေမှာ လတ်တလော တိုက်ပွဲတွေရပ်သွားတာရယ်ကြောင့် ပြန်သွားကြတာပါ။ ရေရှည်တော့ ဉူးဇင်းလည်း မပြောတတ်ဘူး”ဟု လားရှိုးမြို့ အောင်မင်္ဂလာနမ့်ဆန်ကျောင်းတိုက်မှ ဆရာတော် ဉူးဉာန္တိက က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
နမ့်ဆန်မြို့နယ်၊ နမ့်လင်းကျေးရွာအုပ်စုတွင် ဇွန်လအတွင်းက တိုက်ပွဲများကြောင့် ကျေးရွာဒေသခံများမှာ လားရှိုးမြို့သို့ တိမ်းရှောင်လာကြခြင်းဖြစ်ကြောင်း သိရသည်။
“ (၄)ရက်နေ့ ညနေပိုင်းမှာ ကျွန်တော်တို့အသင်းက လူနာတင်ယာဉ်(၄)စီး၊ ခြောက်ဘီးကား(၂)စီးနဲ့ စုစုပေါင်း လူဦးရေ (၁၀၀)ကျော်ကို လိုက်ပို့ပေးခဲ့တယ်။ ခေးနင်းကျေးရွာနဲ့ လွယ်လန်းကျေးရွာက စစ်ဘေးရှောင်တွေကို လိုက်ပို့ပေးခဲ့တာဖြစ်ပါတယ်”ဟု နယ်စည်းမခြားပရဟိတအသင်းမှ ကိုမျိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့ရှိ အောင်မင်္ဂလာနမ့်ဆန်ကျောင်းတိုက်၊ သာသနာ(၂၅၀၀) ကျောင်းတိုက်တို့တွင် ခိုလှုံနေသည့် စစ်ဘေးရှောင် (၅၀၀)နီးပါးမှာ ဇူလိုင်လ (၄)ရက်နေ့ညနေမှစ၍ နေရပ်ပြန်သွားကြခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - နဖြေိုးမြင့်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~