တာခ်ီလိတ္ၿမိဳ႕ လြယ္ေတာ္ခမ္းပူးေပါင္းစစ္ေဆးေရးဂိတ္အနီးရွိ ေခ်ာင္းကူးတံတားတြင္ လူငယ္ႏွစ္ဦးထံက မူးယစ္ေဆး၀ါး ဖမ္းမိ

တာခ်ီလိတ္ၿမိဳ႕ လြယ္ေတာ္ခမ္းပူးေပါင္းစစ္ေဆးေရးဂိတ္အနီးရွိ ေခ်ာင္းကူးတံတားတြင္ လူငယ္ႏွစ္ဦးထံက မူးယစ္ေဆး၀ါး ဖမ္းမိ
ဇူလိုင် 17, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ လြယ္ေတာ္ခမ္းပူးေပါင္းစစ္ေဆးေရးဂိတ္အနီးရွိ ေခ်ာင္းကူးတံတားတြင္ လူငယ္(၂)ဦးထံက စိတ္ၾကြေဆးျပားမ်ားကို ဖမ္းဆီးသိမ္းဆည္းရမိေၾကာင္း မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ သိရသည္။

မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ားႏွင့္ ပူးေပါင္းအဖြဲ႔သည္ ဇူလိုင္လ(၁၇)ရက္ေန႔ ညေန(၄)နာရီ(၅၀)၀န္းက်င္အခ်ိန္က လြယ္ေတာ္္ခမ္းပူးေပါင္းစစ္ေဆးေရးဂိတ္အနီးရွိ ေခ်ာင္းကူးတံတားတြင္ စစ္ေဆးမႈမ်ား ျပဳလုပ္ေနစဥ္ ပါေကြ႕ေက်းရြာဘက္မွ တာခ်ီလိတ္ဘက္သို႔ ထက္လင္းႏိုင္(ခ)အာရာဖတ္ေမာင္းႏွင္ၿပီး သန္းထိုက္ဦး(ခ)အငယ္ေကာင္ လိုက္ပါလာသည့္ ေမာ္ေတာ္ဆိုင္ကယ္အား ရပ္တန္႔စစ္ေဆးရွာေဖြရာမွ စိတ္ၾကြေဆးျပားမ်ားကို ေတြ႕ရွိရျခင္းျဖစ္ေၾကာင္း သိရသည္။

ပူးေပါင္းအဖြဲ႔က ရွာေဖြရာတြင္ ထက္လင္းႏိုင္(ခ)အာရာဖတ္ ၀တ္ဆင္ထားသည့္ ဂ်င္းေဘာင္းဘီေရွ႕ယာဘက္ အိတ္ကပ္အတြင္း၌ ထည့္ထားသည့္ Wy စာတမ္းပါ လိေမၼာ္ေရာင္ စိတ္ၾကြေဆးျပား (၁၉၃)ျပားအား ေတြ႕ရွိရ၍ ၎တို႔ ႏွစ္ဦးအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၄၀/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၁ အရ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးဂိတ်အနီးရှိ ချောင်းကူးတံတားတွင် လူငယ်(၂)ဦးထံက စိတ်ကြွဆေးပြားများကို ဖမ်းဆီးသိမ်းဆည်းရမိကြောင်း မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ(၁၇)ရက်နေ့ ညနေ(၄)နာရီ(၅၀)ဝန်းကျင်အချိန်က လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးဂိတ်အနီးရှိ ချောင်းကူးတံတားတွင် စစ်ဆေးမှုများ ပြုလုပ်နေစဉ် ပါကွေ့ကျေးရွာဘက်မှ တာချီလိတ်ဘက်သို့ ထက်လင်းနိုင်(ခ)အာရာဖတ်မောင်းနှင်ပြီး သန်းထိုက်ဦး(ခ)အငယ်ကောင် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာမှ စိတ်ကြွဆေးပြားများကို တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့က ရှာဖွေရာတွင် ထက်လင်းနိုင်(ခ)အာရာဖတ် ဝတ်ဆင်ထားသည့် ဂျင်းဘောင်းဘီရှေ့ယာဘက် အိတ်ကပ်အတွင်း၌ ထည့်ထားသည့် Wy စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၁၉၃)ပြားအား တွေ့ရှိရ၍၎င်းတို့ နှစ်ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၄၀/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~