လားရိႈးျပည္သူ႔ေဆးရံုသို႔ ေသြးလွဴဒါန္းရန္ လာေရာက္သူမ်ား၏ ဆုိင္ကယ္မ်ား မၾကာခဏ ေပ်ာက္ဆံုးေန

လားရိႈးျပည္သူ႔ေဆးရံုသို႔ ေသြးလွဴဒါန္းရန္ လာေရာက္သူမ်ား၏ ဆုိင္ကယ္မ်ား မၾကာခဏ ေပ်ာက္ဆံုးေန
ဇူလိုင် 20, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕ ျပည္သူ႔ေဆးရံုဝန္းအတြင္း ေသြးလွဴဒါန္းရန္ လာေရာက္သူမ်ား၏ ေမာ္ေတာ္ဆိုင္ကယ္မ်ား မၾကာခဏ ေပ်ာက္ဆံုးမႈျဖစ္ေပၚေနေၾကာင္း ပရဟိတအသင္းအခ်ိဳ႕ထံမွ သိရသည္။

“ကြ်န္ေတာ့္တို႔ေရွ႕တင္ ေပ်ာက္တာက ဆိုင္ကယ္(၃)စီး ရွိၿပီခင္ဗ်။ ေသြးလာလွဴတဲ့သူေတြ၊ ေသြးလွဴ သူေတြကို လိုက္ပို႔တဲ့သူေတြရဲ့ ဆိုင္ကယ္ေတြ ေပ်ာက္တာျဖစ္တဲ့ အတြက္ အခုဆိုရင္ ေသြးလာလွဴသူေတြနဲ႔ အေဖာ္ပါလာသူေတြ၊ ပရဟိတအသင္းက လူေတြကပဲ ဆိုင္ကယ္ကို ထိုင္ေစာင့္ေပးေနရတယ္။ အဲဒါေၾကာင့္ ေသြးလွဴဖို႔လာတဲ့ သူေတြအတြက္ ဆိုင္ကယ္စတန္းေလး သီးသန္႔ ထားရွိေပးေစခ်င္တယ္”ဟု ကမ္းလင့္လက္မ်ား ဆံုဆည္းရာ (Online) ေသြးႏွင့္ ေအာက္စီဂ်င္အခမဲ့ကူညီေရး ပရဟိတအသင္းမွ ကိုေပါက္က တာခီ်လိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ပရဟိတအသင္းမ်ားႏွင့္ ခ်ိတ္ဆက္၍ ေသြးလွဴဒါန္းၾကသူအမ်ားစုမွာ ဆိုင္ကယ္တစ္စီးေပ်ာက္ဆံုးပါက အလြယ္တကူျပန္လည္ ဝယ္ယူႏိုင္ရန္ အခက္အခဲရိွသူမ်ားသျဖင့္ ေဆးရံုအေနျဖင့္ ဆိုင္ကယ္မ်ား မေပ်ာက္ေစရန္ ကူညီေစလိုေၾကာင္း ၎ကဆိုသည္။

“ဆိုင္ကယ္ေတြ ေပ်ာက္တာေတြ သိရတဲ့အတြက္ လံုၿခံဳေရးကင္မရာေတာ့ တပ္ဆင္ေပးထားပါတယ္။ အဲဒီကိစၥကို ေျဖရွင္းေပးႏိုင္ဖို႔ လုပ္ေဆာင္ေနပါတယ္။”ဟု လားရႈိးၿမိဳ႕ ျပည္သူ႔ေဆးရံုမွ ေဆးရံုအုပ္ႀကီး ေဒါက္တာ စိုင္းလွတင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

၂၀၁၇ ခုႏွစ္ ဇန္နဝါရီလမွ ဇြန္လအထိ လားရိႈးၿမိဳ႕ ျပည္သူ႔ေဆးရံုဝန္းအတြင္း ဆိုင္ကယ္ေပ်ာက္ဆံုးမႈ (၃) ႀကိမ္ထက္ မနည္းျဖစ္ပြားခဲ့ၿပီး ဆိုင္ကယ္ခိုးယူခံရသူမ်ားမွာ ေဆးရံုသို႔ ေသြးလွဴဒါန္းရန္ လာေရာက္ၾကသူမ်ားသာ ျဖစ္ေၾကာင္း သိရွိရသည္။

လက္ရိွတြင္ ေဆးရံုဝန္းအတြင္း ဆိုင္ကယ္ရပ္နားခယူ၍ေစာင့္သည့္ဝန္ထမ္းမ်ား မရိွသည့္ စေနႏွင့္ တနဂၤေႏြေန႔မ်ားတြင္ လားရိႈးၿမိဳ႕ရွိ ကမ္းလင့္လက္မ်ားဆံုဆည္းရာOnline ပရဟိတ အသင္းဝင္မ်ားက အခမဲ့ကူညီေစာင့္ေပးေနေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ပြည်သူ့ဆေးရုံဝန်းအတွင်း သွေးလှူဒါန်းရန် လာရောက်သူများ၏ မော်တော်ဆိုင်ကယ်များ မကြာခဏ ပျောက်ဆုံးမှုဖြစ်ပေါ်နေကြောင်း ပရဟိတအသင်းအချို့ထံမှ သိရသည်။

“ကျွန်တော့်တို့ရှေ့တင် ပျောက်တာက ဆိုင်ကယ်(၃)စီး ရှိပြီခင်ဗျ။ သွေးလာလှူတဲ့သူတွေ၊ သွေးလှူ သူတွေကို လိုက်ပို့တဲ့သူတွေရဲ့ ဆိုင်ကယ်တွေ ပျောက်တာဖြစ်တဲ့ အတွက် အခုဆိုရင် သွေးလာလှူသူတွေနဲ့ အဖော်ပါလာသူတွေ၊ ပရဟိတအသင်းက လူတွေကပဲ ဆိုင်ကယ်ကို ထိုင်စောင့်ပေးနေရတယ်။ အဲဒါကြောင့် သွေးလှူဖို့လာတဲ့ သူတွေအတွက် ဆိုင်ကယ်စတန်းလေး သီးသန့် ထားရှိပေးစေချင်တယ်”ဟု ကမ်းလင့်လက်များ ဆုံဆည်းရာ (Online) သွေးနှင့် အောက်စီဂျင်အခမဲ့ကူညီရေး ပရဟိတအသင်းမှ ကိုပေါက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပရဟိတအသင်းများနှင့် ချိတ်ဆက်၍ သွေးလှူဒါန်းကြသူအများစုမှာ ဆိုင်ကယ်တစ်စီးပျောက်ဆုံးပါက အလွယ်တကူပြန်လည် ဝယ်ယူနိုင်ရန် အခက်အခဲရှိသူများသဖြင့် ဆေးရုံအနဖြေင့် ဆိုင်ကယ်များ မပျောက်စေရန် ကူညီစေလိုကြောင်း၎င်းကဆိုသည်။

“ဆိုင်ကယ်တွေ ပျောက်တာတွေ သိရတဲ့အတွက် လုံခြုံရေးကင်မရာတော့ တပ်ဆင်ပေးထားပါတယ်။ အဲဒီကိစ္စကို ဖြေရှင်းပေးနိုင်ဖို့ လုပ်ဆောင်နေပါတယ်။”ဟု လားရှိုးမြို့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ စိုင်းလှတင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ လားရှိုးမြို့ ပြည်သူ့ဆေးရုံဝန်းအတွင်း ဆိုင်ကယ်ပျောက်ဆုံးမှု (၃) ကြိမ်ထက် မနည်းဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်ခိုးယူခံရသူများမှာ ဆေးရုံသို့ သွေးလှူဒါန်းရန် လာရောက်ကြသူများသာ ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် ဆေးရုံဝန်းအတွင်း ဆိုင်ကယ်ရပ်နားခယူ၍စောင့်သည့်ဝန်ထမ်းများ မရှိသည့် စနေနှင့် တနင်္ဂေနွနေ့များတွင် လားရှိုးမြို့ရှိ ကမ်းလင့်လက်များဆုံဆည်းရာOnline ပရဟိတ အသင်းဝင်များက အခမဲ့ကူညီစောင့်ပေးနေကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~