ေလာကအလင္း လူမႈအဖြဲ႕အစည္းက ရွမ္း/ေတာင္မွ ေျမသိမ္းခံေတာင္သူမ်ား၏ လူမႈ/စီးပြားအေျခအေန ကြင္းဆင္းေလ့လာ

ေလာကအလင္း လူမႈအဖြဲ႕အစည္းက ရွမ္း/ေတာင္မွ ေျမသိမ္းခံေတာင္သူမ်ား၏ လူမႈ/စီးပြားအေျခအေန ကြင္းဆင္းေလ့လာ
ဇူလိုင် 26, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ၿမိဳ႕နယ္(၇)ခုမွ ေျမသိမ္းခံေတာင္သူမ်ား၏ လူမႈေရး ၊ စီးပြားေရး၊ ပညာေရး အေျခအေနမ်ားကို ေလာကအလင္းလူမႈအဖြဲ႕အစည္းက ဇူလုိင္လ ေနာက္ဆံုးပတ္တြင္ စစ္တမ္း ေကာက္ယူေနေၾကာင္း သိရသည္။

“ကၽြန္ေတာ္တုိ႔ အဓိက စစ္တမ္းေကာက္တာက မူ၀ါဒေရးရာမွာ လယ္ယာေျမနဲ႕ ပတ္သက္ၿပီး သိမ္းဆည္းခံ ေတာင္သူေတြမွာ လူမႈေရး၊ စီးပြားေရး၊ ပညာေရးအပိုင္းေတြ ဘယ္ေလာက္ထိ နစ္နာေနသလဲ။ ဘယ္ေလာက္ဆံုးရံႈးေနရသလဲ စတာေတြကို ေလ့လာတာပါ။ ဒီလို္ စီမံခ်က္လုပ္တာေတြကေတာ့ အရင္တုန္း ကလည္း လုပ္ပါတယ္။ ဒါေပမယ့္ ကြင္းဆင္းၿပီး စစ္တမ္းေကာက္တာက ပထမဆံုးပါ”ဟု ေလာကအလင္းအဖြဲ႕မွ စီမံခ်က္အရာရွိ ဦးရဲ၀င္းေအာင္ ထံမွ သိရသည္။

အဆိုပါ စီမံခ်က္အတြက္ စစ္တမ္းေကာက္ယူျခင္းကို မႏၱေလးတိုင္းတြင္လည္း လုပ္ေဆာင္ခဲ့ၿပီး ရွမ္းျပည္နယ္ (ေတာင္ပိုင္း) ရပ္ေစာက္၊ ဆီဆိုင္၊ ဟိုပံုး၊ ရြာငံ၊ ပင္ေလာင္း၊ ဟဲဟိုး ႏွင့္ ေတာင္ႀကီးတို႔တြင္ ဇူလိုင္လ (၂၄)ရက္မွ ( ၂၈) ရက္အထိ ကြင္းဆင္းေလ့လာသြားမည္ျဖစ္ေၾကာင္း သိရသည္။

စစ္တမ္းေကာက္ယူ၍ ရရိွလာသည့္အခ်က္အလက္မ်ားအား သက္ဆုိင္ရာဌာနမ်ား၊ အဖြဲ႕အစည္းမ်ားျဖင့္ ေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ေလာကအလင္းအဖြဲ႕အား ၂၀၀၈ ခုႏွစ္တြင္ စတင္ဖြဲ႕စည္းခဲ႕ျခင္းျဖစ္ၿပီး ဧရာ၀တီတိုင္းတြင္ နာဂစ္ ျဖစ္ေပၚၿပီးေနာက္ ပညာေပးလုပ္ငန္း၊ ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ား လုပ္ေဆာင္လာေသာ အဖြဲ႕အစည္းတစ္ခုျဖစ္ေၾကာင္းသိရသည္။

သတင္း - ႏိုႏို
Photo: UWNS


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) မြို့နယ်(၇)ခုမှ မြေသိမ်းခံတောင်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး အခြေအနေများကို လောကအလင်းလူမှုအဖွဲ့အစည်းက ဇူလိုင်လ နောက်ဆုံးပတ်တွင် စစ်တမ်း ကောက်ယူနေကြောင်း သိရသည်။

“ကျွန်တော်တို့ အဓိက စစ်တမ်းကောက်တာက မူဝါဒရေးရာမှာ လယ်ယာမြေနဲ့ ပတ်သက်ပြီး သိမ်းဆည်းခံ တောင်သူတွေမှာ လူမှုရေး၊ စီးပွားရေး၊ ပညာရေးအပိုင်းတွေ ဘယ်လောက်ထိ နစ်နာနေသလဲ။ ဘယ်လောက်ဆုံးရှုံးနေရသလဲ စတာတွေကို လေ့လာတာပါ။ ဒီလို် စီမံချက်လုပ်တာတွေကတော့ အရင်တုန်း ကလည်း လုပ်ပါတယ်။ ဒါပေမယ့် ကွင်းဆင်းပြီး စစ်တမ်းကောက်တာက ပထမဆုံးပါ”ဟု လောကအလင်းအဖွဲ့မှ စီမံချက်အရာရှိ ဦးရဲဝင်းအောင် ထံမှ သိရသည်။

အဆိုပါ စီမံချက်အတွက် စစ်တမ်းကောက်ယူခြင်းကို မန္တလေးတိုင်းတွင်လည်း လုပ်ဆောင်ခဲ့ပြီး ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်၊ ဆီဆိုင်၊ ဟိုပုံး၊ ရွာငံ၊ ပင်လောင်း၊ ဟဲဟိုး နှင့် တောင်ကြီးတို့တွင် ဇူလိုင်လ (၂၄)ရက်မှ ( ၂၈) ရက်အထိ ကွင်းဆင်းလေ့လာသွားမည်ဖြစ်ကြောင်း သိရသည်။

စစ်တမ်းကောက်ယူ၍ ရရှိလာသည့်အချက်အလက်များအား သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများဖြင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

လောကအလင်းအဖွဲ့အား ၂၀၀၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဧရာဝတီတိုင်းတွင် နာဂစ် ဖြစ်ပေါ်ပြီးနောက် ပညာပေးလုပ်ငန်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်လာသော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းသိရသည်။

သတင်း - နိုနို
Photo: UWNS

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~