ေက်ာက္မဲၿမိဳ႕နယ္စည္ပင္နယ္နိမိတ္အတြင္း ကိုယ္ထူကိုယ္ထလမ္းမ်ား အတြက္ ကတၱရာပံ့ပိုးမည္

ေက်ာက္မဲၿမိဳ႕နယ္စည္ပင္နယ္နိမိတ္အတြင္း ကိုယ္ထူကိုယ္ထလမ္းမ်ား အတြက္ ကတၱရာပံ့ပိုးမည္
ဇူလိုင် 6, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္ ၊ စည္ပင္သာယာေရးနယ္နိမိတ္အတြင္း ကို္ယ္ထူ ကိုယ္ထလမ္းမ်ားအတြက္ ၿမိဳ႕နယ္စည္ပင္သာယာေရးဦးစီးဌာနက ကတၱရာ အခမဲ့ ပံ့ပိုးေပးမည္ျဖစ္ေၾကာင္း သိရသည္။

“ၿမိဳ႕နယ္စည္ပင္သာယာေရးနယ္နိမိတ္အတြင္းက ဘယ္ေနရာမွာမဆို ကိုယ္ထူကိုယ္ထလမ္းခင္းဖို႔ရာ ဆႏၵရွိတယ္ဆိုရင္ ျပည္သူလူထုက ကိုယ့္အားကိုယ္ကိုးလမ္းခင္းဖို႔ကို ပူးေပါင္းေဆာင္ရြက္ခ်င္တယ္ဆိုရင္ စည္ပင္သာယာေရးဌာနကေနတစ္ဆင့္ ျပည္နယ္ဌာနကို ခြင့္ျပဳခ်က္ေတာင္းခံတင္ျပၿပီး ကတၱရာ အခမဲ့ပံ့ပိုးေပးမွာျဖစ္ပါတယ္”ဟု ေက်ာက္မဲၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ လက္ေထာက္ ညႊန္ၾကားေရးမွဴး ဦးျမတ္ခန္႔ေအးက တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။

ၿမိဳ႕နယ္စည္ပင္သာယာေရးနယ္နိမိတ္အတြင္း ကိုယ္ထူကိုယ္ထလမ္းခင္းလိုပါက လမ္းခင္းရန္လိုအပ္သည့္ ကတၱရာကို စည္ပင္သာယာေရးဌာနက ပံ့ပိုးမည္ျဖစ္ၿပီး ကိုယ္ထူကိုယ္ထအေနျဖင့္ လမ္းခင္းရန္ လိုအပ္သည့္ စက္ကိရိယာစရိတ္၊ ကုန္ၾကမ္းပစၥည္းႏွင့္ အလုပ္သမားခမ်ားအား ကုန္က်ခံရန္ လိုအပ္မည္ ျဖစ္ေၾကာင္း သိရသည္။

“တခ်ိဳ႕ရပ္ကြက္ေတြမွာေတာ့ ကိုယ္ထူကိုယ္ထလမ္းဆိုရင္ ကြန္ကရစ္လမ္းပဲ ခင္းထားတာေတြ႔တယ္။ ကတၱရာ ပံ့ပိုးေပးမယ္ဆိုရင္ေတာ့ ကတၱရာလမ္းခင္းတာလည္း ေကာင္းပါတယ္။ ရပ္ကြက္ပဲျဖစ္ျဖစ္ ၊ ရြာပဲျဖစ္ျဖစ္ လမ္းေကာင္းတယ္ဆိုရင္ ပိုၿပီးသပ္ရပ္မႈရွိလာတာေပါ့။ စည္ပင္ကအခုလို ပံ့ပိုးေပးမယ္ဆိုရင္ ဝမ္းသာစရာေကာင္း ပါတယ္”ဟု ေက်ာက္မဲၿမိဳ႕ ခံတစ္ဦးျဖစ္သည့္ ကိုခင္ေမာင္တိုးက ေျပာသည္။

ၿမိဳ႕နယ္စည္ပင္သာယာေရးနယ္နိမိတ္အတြင္းရွိ မည္သည့္ရပ္ကြက္၌မဆို လမ္းႏွင့္ပတ္သက္၍ အသစ္ ျပန္လည္ ျပဳလုပ္မည္ဆိုပါက ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနသို႔ ခြင့္ျပဳခ်က္တင္ျပေတာင္းခံၿပီးမွသာ ျပဳလုပ္ရမည္ ျဖစ္ေၾကာင္း သိရသည္။

“ၿမိဳ႕ရြာေတြအတြင္းက လမ္းေတြကလည္း စည္ပင္ပိုင္လမ္းေတြမို႔ စည္ပင္ကိုခြင့္ေတာင္းရပါမယ္။ ေငြေၾကးကုန္က်ခံေဆာင္ရြက္ၿပီးမွ လမ္းအဂၤါရပ္နဲ႔မညီရင္ အခက္အခဲျဖစ္ၾကမွာပါ။ စည္ပင္အေနနဲ႔ စနစ္တက်ေလးျဖစ္ခ်င္လို႔ ခြင့္ျပဳခ်က္တင္ျပေစခ်င္တာပါ” ဟု ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴးက ေျပာသည္။

ကိုယ္ထူကိုယ္ထလမ္းခင္းရန္ေဆာင္ရြက္မႈမ်ားကို ျပည္နယ္စည္ပင္သာယာေရးဌာနသို႔ တင္ျပ ေဆာင္ရြက္ေပးမည္ျဖစ္ကာ ၿမိဳ႕အတြင္းရွိ ပ်က္စီးေနသည့္ ကတၱရာလမ္းမ်ားတြင္လည္း ထပ္ပိုးလႊာခင္းျခင္းလုပ္ငန္းမ်ားႏွင့္ ေရစီးေရလာေကာင္းမြန္သည့္ ေရႏုတ္ေျမာင္းမ်ား ေဖာက္လုပ္ႏိုင္ေရး တို႔ကို လုပ္ေဆာင္ သြားရန္ စီစဥ္ထားေၾကာင္း သိရသည္။

သတင္း၊ဓာတ္ပံု #ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်၊ စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ကို်ယ်ထူ ကိုယ်ထလမ်းများအတွက် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနက ကတ္တရာ အခမဲ့ ပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရသည်။

“မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းက ဘယ်နေရာမှာမဆို ကိုယ်ထူကိုယ်ထလမ်းခင်းဖို့ရာ ဆန္ဒရှိတယ်ဆိုရင် ပြည်သူလူထုက ကိုယ့်အားကိုယ်ကိုးလမ်းခင်းဖို့ကို ပူးပေါင်းဆောင်ရွက်ချင်တယ်ဆိုရင် စည်ပင်သာယာရေးဌာနကနေတစ်ဆင့် ပြည်နယ်ဌာနကို ခွင့်ပြုချက်တောင်းခံတင်ပြပြီး ကတ္တရာ အခမဲ့ပံ့ပိုးပေးမှာဖြစ်ပါတယ်”ဟု ကျောက်မဲမြို့နယ်စည်ပင်သာယာရေးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမြတ်ခန့်အေးက တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ကိုယ်ထူကိုယ်ထလမ်းခင်းလိုပါက လမ်းခင်းရန်လိုအပ်သည့် ကတ္တရာကို စည်ပင်သာယာရေးဌာနက ပံ့ပိုးမည်ဖြစ်ပြီး ကိုယ်ထူကိုယ်ထအနဖြေင့် လမ်းခင်းရန် လိုအပ်သည့် စက်ကိရိယာစရိတ်၊ ကုန်ကြမ်းပစ္စည်းနှင့် အလုပ်သမားခများအား ကုန်ကျခံရန် လိုအပ်မည် ဖြစ်ကြောင်း သိရသည်။

“တချို့ရပ်ကွက်တွေမှာတော့ ကိုယ်ထူကိုယ်ထလမ်းဆိုရင် ကွန်ကရစ်လမ်းပဲ ခင်းထားတာတွေ့တယ်။ ကတ္တရာ ပံ့ပိုးပေးမယ်ဆိုရင်တော့ ကတ္တရာလမ်းခင်းတာလည်း ကောင်းပါတယ်။ ရပ်ကွက်ပဲဖြစ်ဖြစ်၊ ရွာပဲဖြစ်ဖြစ် လမ်းကောင်းတယ်ဆိုရင် ပိုပြီးသပ်ရပ်မှုရှိလာတာပေါ့။ စည်ပင်ကအခုလို ပံ့ပိုးပေးမယ်ဆိုရင် ဝမ်းသာစရာကောင်း ပါတယ်”ဟု ကျောက်မဲမြို့ ခံတစ်ဦးဖြစ်သည့် ကိုခင်မောင်တိုးက ပြောသည်။

မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မည်သည့်ရပ်ကွက်၌မဆို လမ်းနှင့်ပတ်သက်၍ အသစ် ပြန်လည် ပြုလုပ်မည်ဆိုပါက မြို့နယ်စည်ပင်သာယာရေးဌာနသို့ ခွင့်ပြုချက်တင်ပြတောင်းခံပြီးမှသာ ပြုလုပ်ရမည် ဖြစ်ကြောင်း သိရသည်။

“မြို့ရွာတွေအတွင်းက လမ်းတွေကလည်း စည်ပင်ပိုင်လမ်းတွေမို့ စည်ပင်ကိုခွင့်တောင်းရပါမယ်။ ငွေကြေးကုန်ကျခံဆောင်ရွက်ပြီးမှ လမ်းအင်္ဂါရပ်နဲ့မညီရင် အခက်အခဲဖြစ်ကြမှာပါ။ စည်ပင်အနေနဲ့ စနစ်တကျလေးဖြစ်ချင်လို့ ခွင့်ပြုချက်တင်ပြစေချင်တာပါ” ဟု မြို့နယ်စည်ပင်သာယာရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက ပြောသည်။

ကိုယ်ထူကိုယ်ထလမ်းခင်းရန်ဆောင်ရွက်မှုများကို ပြည်နယ်စည်ပင်သာယာရေးဌာနသို့ တင်ပြ ဆောင်ရွက်ပေးမည်ဖြစ်ကာ မြို့အတွင်းရှိ ပျက်စီးနေသည့် ကတ္တရာလမ်းများတွင်လည်း ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများနှင့် ရေစီးရေလာကောင်းမွန်သည့် ရေနုတ်မြောင်းများ ဖောက်လုပ်နိုင်ရေး တို့ကို လုပ်ဆောင် သွားရန် စီစဉ်ထားကြောင်း သိရသည်။

သတင်း၊ဓာတ်ပုံ #နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~