ေက်ာက္မဲၿမိဳ႕မွ အာဇာနည္ေန႔အခမ္းအနား အမ်ားျပည္သူေထာင္ႏွင့္ခ်ီ၍ လာေရာက္အေလးျပဳ

ေက်ာက္မဲၿမိဳ႕မွ အာဇာနည္ေန႔အခမ္းအနား အမ်ားျပည္သူေထာင္ႏွင့္ခ်ီ၍ လာေရာက္အေလးျပဳ
ဇူလိုင် 19, 2017
By Tachileik News Agency

ႏွစ္(၇၀)ျပည့္ အာဇာနည္ေန႔အျဖစ္ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမတြင္ အာဇာနည္ (၉)ဦးအား ရည္စူး၍ ဆြမ္းဆက္ကပ္ျခင္းႏွင့္ နႏၵမာလာပန္းၿခံရိွ ဗိုလ္ခ်ဳပ္ေၾကးရုပ္တြင္ ဂါရဝျပဳ လြမ္းသူ႔ပန္းေခြခ်ကာ တစ္မိနစ္ၿငိမ္သက္ အေလးျပဳျခင္းျပဳလုပ္ရာ ၿမိဳ႕ေနလူထု ေထာင္ေက်ာ္ လာေရာက္ၾကေၾကာင္း သိရသည္။

ၿမိဳ႕အဝင္ အမွတ္(၁)ရပ္ကြက္ရွိ နႏၵမာလာပန္းၿခံထဲမွ ဗိုလ္ခ်ဳပ္ေၾကးရုပ္တြင္ ဌာနဆိုင္ရာမ်ား၊ ေက်ာင္းသား/ေက်ာင္းသူမ်ား၊ ၿမိဳ႕ေနျပည္သူမ်ားသည္ ဂါရဝျပဳပန္းေခြမ်ားခ်ၿပီး အေလးျပဳၾကျခင္းျဖစ္ၿပီး
နံနက္(၁၀)နာရီ (၃၇)မိနစ္တြင္ ၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႔က မီးသတ္ကား(၃)စီးျဖင့္ ၿမိဳ႕တြင္း စကၠန္႔(၅၀)ခန္႔ ဥၾသဆြဲေပးခဲ့ရာ ၿမိဳ႕တြင္းလမ္းမမ်ားတြင္ သြားလာေနသည့္ လူမ်ား၊ ယာဥ္မ်ား ရပ္တန္႔၍ ၿငိမ္သက္အေလးျပဳခဲ့ ၾကသည္ကို ေတြ႔ရသည္။

၂၀၁၆ ခုႏွစ္ အာဇာနည္ေန႔တြင္ မီးသတ္စခန္းမွ ဥၾသဆြဲေပးျခင္းကိုျပဳလုပ္ေပးခဲ့ၿပီး ယခုႏွစ္တြင္ ၿမိဳ႕တြင္းသို႔ ယာဥ္သံုးစီးျဖင့္ လွည့္လည္၍ အမ်ားျပည္သူအေလးျပဳႏုိင္ရန္ ဥၾသဆြဲေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေနၿဖဳိးျမင့္



~~~~~~~~⊰❂ unicode ~~~~~~~~

နှစ်(၇၀)ပြည့် အာဇာနည်နေ့အဖြစ် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ မြို့တော်ခန်းမတွင် အာဇာနည် (၉)ဦးအား ရည်စူး၍ ဆွမ်းဆက်ကပ်ခြင်းနှင့် နန္ဒမာလာပန်းခြံရှိ ဗိုလ်ချုပ်ကြေးရုပ်တွင် ဂါရဝပြု လွမ်းသူ့ပန်းခွေချကာ တစ်မိနစ်ငြိမ်သက် အလေးပြုခြင်းပြုလုပ်ရာ မြို့နေလူထု ထောင်ကျော် လာရောက်ကြကြောင်း သိရသည်။

မြို့အဝင် အမှတ်(၁)ရပ်ကွက်ရှိ နန္ဒမာလာပန်းခြံထဲမှ ဗိုလ်ချုပ်ကြေးရုပ်တွင် ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများ၊ မြို့နပြေည်သူများသည် ဂါရဝပြုပန်းခွေများချပြီး အလေးပြုကြခြင်းဖြစ်ပြီး
နံနက်(၁၀)နာရီ (၃၇)မိနစ်တွင် မြို့နယ် မီးသတ်တပ်ဖွဲ့က မီးသတ်ကား(၃)စီးဖြင့် မြို့တွင်း စက္ကန့်(၅၀)ခန့် ဥသြဆွဲပေးခဲ့ရာ မြို့တွင်းလမ်းမများတွင် သွားလာနေသည့် လူများ၊ ယာဉ်များ ရပ်တန့်၍ ငြိမ်သက်အလေးပြုခဲ့ ကြသည်ကို တွေ့ရသည်။

၂၀၁၆ ခုနှစ် အာဇာနည်နေ့တွင် မီးသတ်စခန်းမှ ဥသြဆွဲပေးခြင်းကိုပြုလုပ်ပေးခဲ့ပြီး ယခုနှစ်တွင် မြို့တွင်းသို့ ယာဉ်သုံးစီးဖြင့် လှည့်လည်၍ အများပြည်သူအလေးပြုနိုင်ရန် ဥသြဆွဲပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~