တာချီလိတ်မြို့ ရှမ်းရိုးမကွင်း၌ ကျင်းပသည့် နှစ်(၇၀)ပြည့် အာဇာနည်နေ့ အခမ်းအနားတွင် လူဦးရေ ၁၂၀၀ ၀န်းကျင် တက်ရောက်

တာချီလိတ်မြို့ ရှမ်းရိုးမကွင်း၌ ကျင်းပသည့် နှစ်(၇၀)ပြည့် အာဇာနည်နေ့ အခမ်းအနားတွင် လူဦးရေ ၁၂၀၀ ၀န်းကျင် တက်ရောက်
ဇူလိုငျ 19, 2017
By Tachileik News Agency



အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ စစ်ဗျူဟာအဖွဲ့ အခြေချ(တာချီလိတ်) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအေးမင်းဦး၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူုးများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများ နှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များအား ရည်စူး၍ သံဃာတော်များအား ဆွမ်းဆက်ကပ်ခြင်းနှင့် လှူဖွယ်ပစ္စည်းလှူဒါန်းခြင်းများ ပြုလုပ်ကာ ရေစက်သွန်းချ အမျှအတန်း ပေးဝေခြင်းကို နံနက်အစောပိုင်းက တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမတွင် ပြုလုပ်ကြောင်းသိရသည်။

ဓာတ်ပုံ - ဇောင်းညီ



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းတွင် ကျင်းပသည့် နှစ်(၇၀)ပြည့် အာဇာနည်နေ့ အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူစုစုပေါင်း လူဦးရေ (၁၂၀၀)ဝန်းကျင် တက်ရောက်ဂါရဝပြုကြကြောင်း သိရသည်။

"အခမ်းအနားကို တက်ရောက်လာသူတွေ (၁၂၀၀)ဝန်းကျင်ရှိမယ်လို့ ခန့်မှန်းရတယ်။ ပန်းခွေတွေက ညနေ(၃)နာရီ အထိဆိုရင် စုစုပေါင်း (၈၀)ကျော်ရှိတယ်။ တချို့ ပန်းခွေဝယ်မရတော့တဲ့ သူတွေကလည်း နှင်းဆီပန်းလေးတွေနဲ့ လာကြတယ်။ အခုလို ဒီရှမ်းရိုးမကွင်းထဲမှာ ကျင်းပတာဟာ ဒါနဲ့ဆို (၃)နှစ်ဆက်တိုက် ရှိသွားပါပြီ"ဟု အခမ်းအနားကျင်းပရေးတွင် ပါဝင်ကူညီသည့် မဇ္ဈိမလူမှုကူညီရေးအသင်းမှ ကိုနေမျိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ စစ်ဗျူဟာအဖွဲ့ အခြေချ(တာချီလိတ်) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအေးမင်းဦး၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှုူးများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများ နှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များအား ရည်စူး၍ သံဃာတော်များအား ဆွမ်းဆက်ကပ်ခြင်းနှင့် လှူဖွယ်ပစ္စည်းလှူဒါန်းခြင်းများ ပြုလုပ်ကာ ရေစက်သွန်းချ အမျှအတန်း ပေးဝခြေင်းကို နံနက်အစောပိုင်းက တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမတွင် ပြုလုပ်ကြောင်းသိရသည်။

ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~