တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္းတြင္ ဌာနဆိုင္ရာ၊ အရပ္ဘက္အဖြဲ႕မ်ားႏွင့္ လူထုပူးေပါင္း၍ အာဇာနည္ေန႔ အေလးျပဳမည္

တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္းတြင္ ဌာနဆိုင္ရာ၊ အရပ္ဘက္အဖြဲ႕မ်ားႏွင့္ လူထုပူးေပါင္း၍ အာဇာနည္ေန႔ အေလးျပဳမည္
ဇူလိုင် 18, 2017
By Tachileik News Agency

ဇူလုိင္လ (၁၉)ရက္ေန႔တြင္ က်ေရာက္မည့္ ႏွစ္ (၇၀)ျပည့္အာဇာနည္ေန႔ အထိမ္းအမွတ္အျဖစ္ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ဌာနဆုိင္ရာမ်ားႏွင့္ အရပ္ဘက္အဖြဲ႕အစည္းမ်ား အပါအဝင္ လူထုပူးေပါင္း၍ ရွမ္းရိုးမကြင္းတြင္ အာဇာနည္ေခါင္းေဆာင္မ်ားအား အေလးျပဳျခင္း အခမ္းအနား ျပဳလုပ္မည္ ျဖစ္ေၾကာင္း သိရသည္။

ယခုႏွစ္ အာဇာနည္ေန႔ အခမ္းအနားတြင္ ယခင္ႏွစ္မ်ားနွင့္မတူဘဲ နံနက္ (၁၀)နာရီ (၃၇)မိနစ္တြင္ အေလးျပဳၿပီးသည့္ အစီအစဥ္အၿပီးတြင္ အဖြဲ႕လုိက္ လြမ္းသူ႔ပန္းေခြခ်သည့္ အစီအစဥ္အား ထည့္သြင္း ထားေၾကာင္း သိရသည္။

“ဗိမာန္ေတြ စီစဥ္ေပးထားတယ္။ ပန္းေခြေတြ၊ ႏွင္းဆီပန္းေတြ ဒီဘက္ကလူေတြ အဆင္ေျပေအာင္ ဟိုဘက္(ထုိင္းႏုိင္ငံ)က မွာထားေပးတယ္။ ပန္းေခြမွာထားတာ အခုဆိုစုစုေပါင္း (၇၀) ရိွေနၿပီ။ မနက္ (၁၀)နာရီ (၃၇)မိနစ္မွာ အေလးျပဳၾကမယ္။ မိုးလင္းကတည္းက အေကၽြးအေမြးရိွမယ္။ အားလံုးပဲ တစ္ၿမိဳ႕လံုး ပူးေပါင္း ပါဝင္တာေပါ့။ ဌာနဆိုင္ရာ၊ ႏုိင္ငံေရးပါတီေတြေရာ၊ လူမႈေရးအသင္းအဖြဲ႕ေတြေရာ အားလံုး ပူးေပါင္းပါဝင္ၾကတာပါ”ဟု အာဇာနည္ေန႔အခမ္းအနားက်င္းပႏုိင္ေရး ေဆာင္ရြက္ေနသည့္ အစီအစဥ္မ်ားကို လူမႈကူညီေရးအသင္းတစ္ခုျဖစ္သည့္ မဇၨ်ိမလူမႈကူညီေရးအသင္း ဥကၠဌ ဦးတင့္ေဆြက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

အာဇာနည္ေန႔ အထိမ္းအမွတ္ ကဗ်ာရြတ္ဆိုၿပိဳင္ပြဲႏွင့္ စာစီစာကံုးၿပိဳင္ပြဲမ်ားမွ ဆုရကေလးမ်ားအား ဇူလိုင္လ (၁၈)ရက္ေန႔ည (၇)နာရီတြင္ ဆုခ်ီးျမႇင့္ျခင္းအခမ္းအနားကို ေအာင္ျမတ္ခန္းမတြင္ ျပဳလုပ္မည္ျဖစ္ၿပီး ဇူလုိင္လ (၁၉)ရက္ေန႔ နံနက္ (၆)နာရီတြင္ အဆိုပါခန္းမ၌ သံဃာေတာ္ (၉)ပါးအား အာဇာနည္ေခါင္းေဆာင္မ်ားအား ရည္စူး၍ဆြမ္းဆက္ကပ္လွဴဒါန္းမည္ျဖစ္ေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် နှစ် (၇၀)ပြည့်အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဌာနဆိုင်ရာများနှင့် အရပ်ဘက်အဖွဲ့အစည်းများ အပါအဝင် လူထုပူးပေါင်း၍ ရှမ်းရိုးမကွင်းတွင် အာဇာနည်ခေါင်းဆောင်များအား အလေးပြုခြင်း အခမ်းအနား ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ် အာဇာနည်နေ့ အခမ်းအနားတွင် ယခင်နှစ်များနှင့်မတူဘဲ နံနက် (၁၀)နာရီ (၃၇)မိနစ်တွင် အလေးပြုပြီးသည့် အစီအစဉ်အပြီးတွင် အဖွဲ့လိုက် လွမ်းသူ့ပန်းခွေချသည့် အစီအစဉ်အား ထည့်သွင်း ထားကြောင်း သိရသည်။

“ဗိမာန်တွေ စီစဉ်ပေးထားတယ်။ ပန်းခွေတွေ၊ နှင်းဆီပန်းတွေ ဒီဘက်ကလူတွေ အဆင်ပြေအောင် ဟိုဘက်(ထိုင်းနိုင်ငံ)က မှာထားပေးတယ်။ ပန်းခွေမှာထားတာ အခုဆိုစုစုပေါင်း (၇၀) ရှိနပြေီ။ မနက် (၁၀)နာရီ (၃၇)မိနစ်မှာ အလေးပြုကြမယ်။ မိုးလင်းကတည်းက အကျွေးအမွေးရှိမယ်။ အားလုံးပဲ တစ်မြို့လုံး ပူးပေါင်း ပါဝင်တာပေါ့။ ဌာနဆိုင်ရာ၊ နိုင်ငံရေးပါတီတွေရော၊ လူမှုရေးအသင်းအဖွဲ့တွေရော အားလုံး ပူးပေါင်းပါဝင်ကြတာပါ”ဟု အာဇာနည်နေ့အခမ်းအနားကျင်းပနိုင်ရေး ဆောင်ရွက်နေသည့် အစီအစဉ်များကို လူမှုကူညီရေးအသင်းတစ်ခုဖြစ်သည့် မဇ္ဇျိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများမှ ဆုရကလေးများအား ဇူလိုင်လ (၁၈)ရက်နေ့ည (၇)နာရီတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို အောင်မြတ်ခန်းမတွင် ပြုလုပ်မည်ဖြစ်ပြီး ဇူလိုင်လ (၁၉)ရက်နေ့ နံနက် (၆)နာရီတွင် အဆိုပါခန်းမ၌ သံဃာတော် (၉)ပါးအား အာဇာနည်ခေါင်းဆောင်များအား ရည်စူး၍ဆွမ်းဆက်ကပ်လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~