မိုင္းျဖတ္ကို ေက်ာ္ျဖတ္ကာ က်ိဳင္းတံုေရာက္မွ ဖမ္းဆီးခံလိုက္ရသည့္ ေအးခဲအသား ပိႆာ ၅၀၀ ေက်ာ္အား မီးရိႈ႕ဖ်က္ဆီး

မိုင္းျဖတ္ကို ေက်ာ္ျဖတ္ကာ က်ိဳင္းတံုေရာက္မွ ဖမ္းဆီးခံလိုက္ရသည့္ ေအးခဲအသား ပိႆာ ၅၀၀ ေက်ာ္အား မီးရိႈ႕ဖ်က္ဆီး
ဇူလိုင် 2, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတုံခရို္င္ စားသုံးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ ႔က ဖမ္းဆီးရမိထားသည့္ တရားမဝင္ ေအးခဲအသား ပိႆာ (၅၀၀)ေက်ာ္အား ဇူလိုင္လ (၂)ရက္ေန႔တြင္ က်ိဳင္းတံုၿမိဳ႕ ဘူတာေဟာင္းေနရာ၌ မီးရိႈ႕ဖ်က္ဆီးလုိက္ေၾကာင္း သိရသည္။

"မေန႔က ညေန(၄)ခြဲေလာက္က လိုင္စင္မပါတဲ႔ ေအးခဲအသားေတြ ကားနဲ႔သယ္ၿပီး က်ိဳင္းတံုကို ျဖတ္မယ္ ဆိုၿပီးေတာ႔ ကားနံပါတ္အတိအက်နဲ႔ တိုင္ၾကားလာတဲ႔အတြက္ ေနာင္ႏြန္းစစ္ေဆးေရးဂိတ္မွာ သြားေစာင္႔တာ ည(၉)နာရီေလာက္မွာ မိပါတယ္။ ေအးခဲအသားနဲ႔ပတ္သက္ၿပီး လိုင္စင္ရထားတာ ဘယ္သူမွ မရိွတဲ႔အတြက္ ခရိုင္စားသုံးသူေရးရာ အျငင္းပြားမႈေျဖရွင္းေရးအဖြဲ႔ရဲ႕ ဆံုးျဖတ္ခ်က္အရ အခုလို မီးရိႈ႕ဖ်က္ဆီးတာပါ"ဟု က်ိဳင္းတုံခရိုင္ စားသုံးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ ့မွ အတြင္းေရးမွဴး ဦးသန္းစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ေအးခဲအသား ပိႆာ(၅၀၀)အား သယ္ေဆာင္လာသည့္ ကားတစ္စီးကို ဇူလိုင္လ (၁)ရက္ေန႔ ည(၉)နာရီခန္႔တြင္ မိုင္းျဖတ္ၿမိဳ႕ဘက္မွ က်ိဳင္းတံုၿမိဳ႕ဘက္သို႔ ေမာင္းႏွင္လာစဥ္ ေနာင္ႏြန္းစစ္ေဆးေရးဂိတ္၌ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

ၾကက္ေတာင္ပံႀကီး၊ ၾကက္ေတာင္ပံလတ္၊ ၾကက္ေတာင္ပံေသး၊ ၾကက္ေပါင္၊ ၾကက္ရင္အံု၊ ၾကက္ေကာင္၊ ၾကက္ေၾကာနွင္႔ ၾကက္ျမစ္ စုစုေပါင္း အေလးခ်ိန္(၅၂၂)ပိႆာေက်ာ္ ကာလတန္ဖိုး က်ပ္(၂၈)သိန္းေက်ာ္ဖိုးကို မိုင္းျဖတ္ၿမိဳ႕မွ တာေကာ္နွင္႔ မိုင္းပ်ဥ္းသို႔ သယ္ေဆာင္လာစဥ္ က်ိဳင္းတံုၿမိဳ႕အဝင္ ေနာင္ႏြန္း စစ္ေဆးေရးဂိတ္၌ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

"ဒီေအးခဲအသားေတြနဲ႔ ပတ္သက္ၿပီး တိ/ေမြး/ကုကလည္း အခုခ်ိန္ထိ ဘယ္သူ႔ကိုမွ လိုင္စင္ ထုတ္ေပးထားတာ မရိွေသးပါဘူး။ ၿပီးရင္ ေစ်းေတြမွာ ေရာင္းတဲ့ ေစ်းသည္ေတြကလည္း ေအးခဲ အသားေတြကို သူတို႔သတ္မွတ္ထားတဲ႔ အပူခ်ိန္အတိုင္း မထားနိုင္တဲ႔အတြက္ ဒါကိုစားမိရင္ ေရရွည္မွာ မေကာင္းပါဘူး။ ဒါၾကာင္႔လည္း က်ိဳင္းတံုၿမိဳ႕က ေစ်းေတြမွာလည္း မေရာင္းခ်ဖို႔ အသိပညာေပးထားသလို ေရာင္းခ်ခြင္႔လည္းမျပဳပါဘူး"ဟု ၎ကဆိုသည္။

ခြင့္ျပဳခ်က္မရိွဘဲ သယ္ေဆာင္လာသည့္ ေအးခဲအသားမ်ားကို က်ိဳင္းတုံခရိုင္စားသုံးသူ အျငင္းပြားမႈ ေျဖရွင္းေရးအဖြဲ ႔က စားသုံးသူအကာအကြယ္ေပးေရးဥပေဒ ပုဒ္မ ၁၉/င ႏွင့္ ၁၉/စ အရ မီးရိႈ႕ ဖ်က္ဆီးရာတြင္ ခရိုင္အစားအေသာက္နွင္႔ ေဆးဝါးကြပ္ကဲေရးဦးစီးဌာနက ၿမိဳ႕မေစ်းအတြင္းမွ သိမ္းဆည္း ရရိွထားေသာ တန္ဖိုးေငြ (၈)သိန္းက်ပ္ခန္႔ရိွသည့္ သက္တမ္းလြန္ေဆးဝါးမ်ားကိုလည္း မီးရိႈ႕ ဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားသို႔ က်ိဳင္းတံုခရိုင္ အုပ္ခ်ဳပ္ေရးမွဴး ဦးဝင္းမင္းသိန္း၊ စားသုံးသူေရးရာဦးစီးဌာနမွ ဒုတိယျပည္နယ္ဦးစီးမွဴး ဦးလွစိုးႏွင့္ ခရိုင္ဦးစီးမွဴး ဦးသန္းစိုး၊ ခရိုင္ အစားအေသာက္ႏွင့္ ေဆး၀ါး ကြပ္ကဲေရးဦးစီးဌာနမွ ခရိုင္ဦးစီးမွဴး ေဒါက္တာေတဇာ၀င္းနွင္႔ သက္ဆိုင္ရာဌာနမ်ားမွ တာဝန္ရိွသူမ်ား တက္ေရာက္ခဲ့ၾကသည္။

သတင္း/ဓာတ္ပံု - ဇြဲျမတ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရို်င် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့က ဖမ်းဆီးရမိထားသည့် တရားမဝင် အေးခဲအသား ပိဿါ (၅၀၀)ကျော်အား ဇူလိုင်လ (၂)ရက်နေ့တွင် ကျိုင်းတုံမြို့ ဘူတာဟောင်းနေရာ၌ မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။

"မနေ့က ညနေ(၄)ခွဲလောက်က လိုင်စင်မပါတဲ့ အေးခဲအသားတွေ ကားနဲ့သယ်ပြီး ကျိုင်းတုံကို ဖြတ်မယ် ဆိုပြီးတော့ ကားနံပါတ်အတိအကျနဲ့ တိုင်ကြားလာတဲ့အတွက် နောင်နွန်းစစ်ဆေးရေးဂိတ်မှာ သွားစောင့်တာ ည(၉)နာရီလောက်မှာ မိပါတယ်။ အေးခဲအသားနဲ့ပတ်သက်ပြီး လိုင်စင်ရထားတာ ဘယ်သူမှ မရှိတဲ့အတွက် ခရိုင်စားသုံးသူရေးရာ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ အခုလို မီးရှို့ဖျက်ဆီးတာပါ"ဟု ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့မှ အတွင်းရေးမှူး ဦးသန်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ အေးခဲအသား ပိဿါ(၅၀၀)အား သယ်ဆောင်လာသည့် ကားတစ်စီးကို ဇူလိုင်လ (၁)ရက်နေ့ ည(၉)နာရီခန့်တွင် မိုင်းဖြတ်မြို့ဘက်မှ ကျိုင်းတုံမြို့ဘက်သို့ မောင်းနှင်လာစဉ် နောင်နွန်းစစ်ဆေးရေးဂိတ်၌ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ကြက်တောင်ပံကြီး၊ ကြက်တောင်ပံလတ်၊ ကြက်တောင်ပံသေး၊ ကြက်ပေါင်၊ ကြက်ရင်အုံ၊ ကြက်ကောင်၊ ကြက်ကြောနှင့် ကြက်မြစ် စုစုပေါင်း အလေးချိန်(၅၂၂)ပိဿါကျော် ကာလတန်ဖိုး ကျပ်(၂၈)သိန်းကျော်ဖိုးကို မိုင်းဖြတ်မြို့မှ တာကော်နှင့် မိုင်းပျဉ်းသို့ သယ်ဆောင်လာစဉ် ကျိုင်းတုံမြို့အဝင် နောင်နွန်း စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

"ဒီအေးခဲအသားတွေနဲ့ ပတ်သက်ပြီး တိ/မွေး/ကုကလည်း အခုချိန်ထိ ဘယ်သူ့ကိုမှ လိုင်စင် ထုတ်ပေးထားတာ မရှိသေးပါဘူး။ ပြီးရင် ဈေးတွေမှာ ရောင်းတဲ့ ဈေးသည်တွေကလည်း အေးခဲ အသားတွေကို သူတို့သတ်မှတ်ထားတဲ့ အပူချိန်အတိုင်း မထားနိုင်တဲ့အတွက် ဒါကိုစားမိရင် ရေရှည်မှာ မကောင်းပါဘူး။ ဒါကြာင့်လည်း ကျိုင်းတုံမြို့က ဈေးတွေမှာလည်း မရောင်းချဖို့ အသိပညာပေးထားသလို ရောင်းချခွင့်လည်းမပြုပါဘူး"ဟု၎င်းကဆိုသည်။

ခွင့်ပြုချက်မရှိဘဲ သယ်ဆောင်လာသည့် အေးခဲအသားများကို ကျိုင်းတုံခရိုင်စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့က စားသုံးသူအကာအကွယ်ပေးရေးဥပဒေ ပုဒ်မ ၁၉/င နှင့် ၁၉/စ အရ မီးရှို့ ဖျက်ဆီးရာတွင် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက မြို့မဈေးအတွင်းမှ သိမ်းဆည်း ရရှိထားသော တန်ဖိုးငွေ (၈)သိန်းကျပ်ခန့်ရှိသည့် သက်တမ်းလွန်ဆေးဝါးများကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ကျိုင်းတုံခရိုင် အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှစိုးနှင့် ခရိုင်ဦးစီးမှူး ဦးသန်းစိုး၊ ခရိုင် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာတေဇာဝင်းနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

သတင်း/ဓာတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~