ကျိုင်းတုံတွင် နှာခေါင်းကွဲ၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲများအား အခမဲ့ခွဲစိတ်ကုသပေးရန် ဇူလိုင် ၂၅ ရက်နေ့အမီ စာရင်းပေးသွင်းနိုင်
ကျိုင်းတုံတွင် နှာခေါင်းကွဲ၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲများအား အခမဲ့ခွဲစိတ်ကုသပေးရန် ဇူလိုင် ၂၅ ရက်နေ့အမီ စာရင်းပေးသွင်းနိုင်
ဇူလိုငျ 22, 2017
By Tachileik News Agency
ရှမ်းပြည်နယ် (အရှေ့ ပိုင်း) ကျိုင်းတုံမြို့ရှိ အမှတ်(၃) ကုတင်(၃၀၀)ဆံ့ တပ်မတော်ဆေးရုံတွင် Smile Train Foundation ၏ အစီအစဉ်ဖြင့် ဇူလိုင်လ(၂၄)ရက်မှ (၂၉)ရက်နေ့ အထိ နှာခေါင်းကွဲ၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်များကို အခမဲ့ ခွဲစိတ်ပေးမည်ဖြစ်သဖြင့် ဇူလိုင်လ (၂၅)ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
လက်ရှိတွင် စာရင်းပေးထားသူများမှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသများမှဖြစ်ပြီး ကျိုင်းတုံမြို့ပြင်ပမှ လာရောက်မည့် သူများအား လမ်းစရိတ်အနေဖြင့် ကျပ်(၅)သောင်း ထောက်ပံ့မည် ဖြစ်ကြောင်း သိရသည်။
ကျိုင်းတုံမြို့တွင် နှာခေါင်းကွဲ၊နှုတ်ခမ်းကွဲ၊အာခေါင်ကွဲ ဝေဒနာရှင်များကို အခမဲ့ခွဲစိတ်ကုသပေးခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဝေဒနာရှင်များအား ရန်ကုန်မြို့ တပ်မတော်ဆေးရုံများမှ အထူးကုများ၊ ပါရဂူကြီးများက လာရောက် ခွဲစိတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ဇွဲမြတ်
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ အမှတ်(၃) ကုတင်(၃၀၀)ဆံ့ တပ်မတော်ဆေးရုံတွင် Smile Train Foundation၏ အစီအစဉ်ဖြင့် ဇူလိုင်လ(၂၄)ရက်မှ (၂၉)ရက်နေ့အထိ နှာခေါင်းကွဲ၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲေဝဒနာရှင်များကို အခမဲ့ ခွဲစိတ်ပေးမည်ဖြစ်သဖြင့် ဇူလိုင်လ (၂၅)ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
"ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးတို့မှာတော့ ဒေီဝဒနာရှင်တွေကို ကျွန်တော်တို့က နေ့တိုင်းနီးပါး လုပ်ပေးနေပေမယ့် ဒီဘက်ဒေသမှာကျတော့ ခွဲပေးနိုင်တဲ့ ဆရာဝန်ကြီးတွေ မရှိတဲ့အတွက် ဒီကေဝဒနာရှင်တွေကို ရန်ကုန်ကို လာခိုင်းမဲ့အစား ကျွန်တော်တို့အဖွဲ့ကနပြေီးတော့ ခွဲပေးတာဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက် စာရင်းပေးထားတဲ့ေဝဒနာရှင်(၇၅)ဦးကိုခွဲပေးမှာဖြစ်သလို ဒီတစ်ခေါက်အတွက်က (၂၅)ရက်နေ့အထိ စာရင်းလက်ခံပေးပါမယ်ဗျ။ အဲဒီထက် စာရင်းပေးတာနောက်ကျလို့ ဒီတစ်ခေါက် မမီဘူးဆိုရင်လည်း စာရင်းယူသွားပြီးတော့ နောက်(၆)လလောက်နေရင် နောက်တစ်ခေါက် လာပြီး ခွဲပေးသွားမှာပါ"ဟု Smile Train Foundation မှ မြန်မာနိုင်ငံ စီမံကိန်းမန်နေဂျာ ဒေါက်တာ ဇင်ကိုအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လက်ရှိတွင် စာရင်းပေးထားသူများမှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသများမှဖြစ်ပြီး ကျိုင်းတုံမြို့ပြင်ပမှ လာရောက်မည့် သူများအား လမ်းစရိတ်အနဖြေင့် ကျပ်(၅)သောင်း ထောက်ပံ့မည် ဖြစ်ကြောင်း သိရသည်။
"ေဝဒနာရှင်တွေက တချို့က နှုတ်ခမ်းပဲ ကွဲတာရှိတယ်။ တချို့ကျတော့လည်း အာခေါင်ကွဲတာရှိတယ်။ နှစ်ခုလုံး ကွဲတာလည်းရှိတယ်။ တချို့က သွားဖုံး မပါတာရှိတယ်။ အဲဒီလိုမျိုးတွေရှိတဲ့အတွက် ပုံမှန်ကတော့ နှုတ်ခမ်းကွဲတယ်ဆိုရင် (၁၀)လအထက် ပေါင်ချိန်ပြည့်ရင် ခွဲလို့ရတယ်။ အာခေါင်ကွဲကတော့ (၁)နှစ်အထက်ပေါ့။ (၁၀)နှစ်လောက်ရောက်သွားလို့ ကလေးတွေမှာ နှုတ်ခမ်းလေးတွေ ခွဲထားတာ မညီဘူးဆိုရင် ပြန်ခွဲပေးပါတယ်။ နောက်ပြီးတော့ သွားဖုံးရိုးမပါတာတွေကို ခွဲစိတ်ပေးတာတို့ ထပ်လုပ်ပေးတယ်။ (၁၁)နှစ်လောက်ကျရင် သွားတွေမညီတဲ့ ကလေးတွေကို မန္တလေးတို့၊ ရန်ကုန်တို့မှာ လုပ်ပေးလို့ရပါတယ်။ ဒါတွေအားလုံးကို ပိုက်ဆံ တစ်ပြားတစ်ချပ်မှ ပေးစရာမလိုပါဘူး”ဟု ဒေါက်တာဇင်ကိုအောင်က ပြောသည်။
ကျိုင်းတုံမြို့တွင် နှာခေါင်းကွဲ၊နှုတ်ခမ်းကွဲ၊အာခေါင်ကွဲေဝဒနာရှင်များကို အခမဲ့ခွဲစိတ်ကုသပေးခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီးေဝဒနာရှင်များအား ရန်ကုန်မြို့ တပ်မတော်ဆေးရုံများမှ အထူးကုများ၊ ပါရဂူကြီးများက လာရောက် ခွဲစိတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခွဲစိတ်ကုသမှုအတွက် စာရင်းပေးသွင်းလိုပါက ဝ၉ ၇၉၂၀၅၃၃၂၇ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
သတင်း - ဇွဲမြတ်
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~