တာခ်ီလိတ္ၿမိဳ႕ အာခါေစ်းလမ္းေပၚတြင္ ဖမ္းဆီးရမိသည့္ မူးယစ္ေဆး၀ါးအမႈအား စစ္ေဆးရာမွ ကြင္းဆက္တရားခံထံက ဘိန္းျဖဴမ်ား ဖမ္းမိ

တာခ်ီလိတ္ၿမိဳ႕ အာခါေစ်းလမ္းေပၚတြင္ ဖမ္းဆီးရမိသည့္ မူးယစ္ေဆး၀ါးအမႈအား စစ္ေဆးရာမွ ကြင္းဆက္တရားခံထံက ဘိန္းျဖဴမ်ား ဖမ္းမိ
ဇူလိုင် 14, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ ၀ိန္းေက်ာက္ရပ္ကြက္၊ အာခါေစ်းလမ္း ႏွင့္ ပါလွ်ံ(၂)သြားလမ္းေပၚတြင္ မူးယစ္ေဆး၀ါး သတင္းအရ ေစာင့္ဆိုင္းဖမ္းဆီးရမိၿပီး ကြင္းဆက္ တရားခံကို ဆက္လက္ေဖာ္ထုတ္ရာမွ ဘိန္းျဖဴမ်ား ဖမ္းဆီးသိမ္းဆည္းရမိေၾကာင္း မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ သိရသည္။

မူးယစ္တပ္ဖြဲ႔စု (၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ားႏွင့္ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔၀င္မ်ားမွ ဇူလိုင္လ(၁၄)ရက္ေန႔ နံနက္(၁၁)နာရီအခ်ိန္က မူးယစ္ေဆး၀ါးသတင္း ရရွိထားသူ ဖုန္းျမတ္ေက်ာ္ (ခ) ဖုန္းေလးသည္ အာခါေစ်းလမ္းဘက္မွ ေက်ာ္ ေရေဆးခံုေရွ႕သို႔ လမ္းေလွ်ာက္ေရာက္ရွိလာစဥ္ ပူးေပါင္းအဖြဲ႔မွ စစ္ေဆးရွာေဖြရာ မူးယစ္ေဆး၀ါးမ်ားကို ရွာေဖြေတြ႕ရွိရျခင္း ျဖစ္ေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႔မွ စစ္ေဆးရွာေဖြေတြ႕ရွိခ်က္အရ ဖုန္းျမတ္ေက်ာ္ (ခ) ဖုန္းေလး လြယ္ထားေသာ ဂ်င္းလြယ္အိတ္ အတြင္းမွ ဘိန္းျဖဴ စုစုေပါင္း (၁၂)ဂရမ္၀န္းက်င္၊ Wy စာတမ္းပါ နီညိဳေရာင္ စိတ္ၾကြေဆးျပား (၂၄)ျပား ႏွင့္အတူ ေဆးထိုးအပ္ (၂)ကတ္၊ အေအးစုပ္ပိုက္(၁၀)ေခ်ာင္းႏွင့္ လက္ကိုင္ဖုန္း (၁)လံုးတို႔အား ေတြ႕ရွိသိမ္းဆည္းခဲ့ေၾကာင္း သိရသည္။

ဆက္လက္၍ မူးယစ္ေဆး၀ါးမ်ားအား လက္၀ယ္ေတြ႕ရွိရသူ ဖုန္းျမတ္ေက်ာ္ (ခ) ဖုန္းေလး၏ ထြက္ဆိုခ်က္အရ ယခု သိမ္းဆည္းရမိေသာ မူးယစ္ေဆး၀ါးမ်ားသည္ တာခ်ီလိတ္ၿမိဳ႕ ၀မ္ေကာင္းရပ္ကြက္၊ ရတနာလမ္းသြယ္ (၁၂)လမ္းရွိ ေနအိမ္အခန္းတြင္ ေနထိုင္သူ မနန္းႏိုႏို ထံက ၀ယ္ယူခဲ့ျခင္း ျဖစ္သည္ဟု သိရ၍ ရဲတပ္ဖြဲ႔မွ သြားေရာက္ ရွာေဖြရာ မေတြ႕ရွိရဘဲ၊ ဆက္လက္၍ ရွာေဖြရာ မနန္းႏိုႏိုအား တာခ်ီလိတ္ၿမိဳ႕ ရန္ေအာင္ေျမရပ္ကြက္အတြင္းရွိ တည္းခိုခန္းတစ္ခု၏ ကားပါကင္တြင္ ဖမ္းဆီးရမိၿပီး ၎လြယ္ထားေသာ လြယ္အိတ္အတြင္း ရွာေဖြစစ္ေဆးမႈမ်ား ျပဳလုပ္ရာ စပြန္ဆာအေအးပုလင္းျဖင့္ ထည့္ထားသည့္ ဘိန္းျဖဴ စုစုေပါင္း အေလးခ်ိန္ (၂၁)ဂရမ္ခန္႔ႏွင့္ လက္ကိုင္ဖုန္းတစ္လံုးအား ေတြ႕ရွိရေၾကာင္း သိရသည္။

ယင္းေနာက္ ဘိန္းျဖဴမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ မနန္းႏိုႏို၏ ထြက္ဆိုခ်က္အရ ၀မ္ေကာင္းရပ္ကြက္ရွိ ၎၏ ေနအိမ္တိုက္ခန္းသို႔ သြားေရာက္ စစ္ေဆးမႈမ်ားျပဳလုပ္ရာ ေနအိမ္ အိပ္ခန္းအတြင္းမွ စပြန္ဆာအေအးပုလင္းျဖင့္ ထည့္ထားသည့္ ဘိန္းျဖဴ (၂၁)ဂရမ္ခန္႔စီပါ ပုလင္း(၃)ပုလင္းႏွင့္ Wy စာတမ္းပါ စိတ္ၾကြေဆးျပား (၉)ျပားတို႔ကို ထပ္မံေတြ႕ရွိ သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါးမ်ားအား လက္၀ယ္ေတြ႕ရွိမႈမ်ားႏွင့္ ပတ္သက္၍ စိတ္ၾကြေဆးျပား ႏွင့္ ဘိန္းျဖဴ ဖမ္းဆီးရမိသည့္ ဖုန္းျမတ္ေက်ာ္ (ခ) ဖုန္းေလး ႏွင့္ ေရာင္းခ်ေပးသူ မနန္းႏိုႏိုအား တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းတြင္ မယ(ပ)၃၆/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၁ အရ လည္းေကာင္း၊ ဘိန္းျဖဴ (၈၄)ဂရမ္ႏွင့္ စိတ္ၾကြေဆးျပားမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ မနန္းႏိုႏိုအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၃၇/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က) ျဖင့္ လည္းေကာင္း အသီးသီး အမႈဖြင့္အေရးယူ ေဆာင္ရြက္ ထားရွိေၾကာင္း သိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်၊ အာခါဈေးလမ်း နှင့် ပါလျှံ(၂)သွားလမ်းပေါ်တွင် မူးယစ်ဆေးဝါး သတင်းအရ စောင့်ဆိုင်းဖမ်းဆီးရမိပြီး ကွင်းဆက် တရားခံကို ဆက်လက်ဖော်ထုတ်ရာမှ ဘိန်းဖြူများ ဖမ်းဆီးသိမ်းဆည်းရမိကြောင်း မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ သိရသည်။

မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များမှ ဇူလိုင်လ(၁၄)ရက်နေ့ နံနက်(၁၁)နာရီအချိန်က မူးယစ်ဆေးဝါးသတင်း ရရှိထားသူ ဖုန်းမြတ်ကျော် (ခ) ဖုန်းလေးသည် အာခါဈေးလမ်းဘက်မှ ကျော် ရေဆေးခုံရှေ့သို့ လမ်းလျှောက်ရောက်ရှိလာစဉ် ပူးပေါင်းအဖွဲ့မှ စစ်ဆေးရှာဖွေရာ မူးယစ်ဆေးဝါးများကို ရှာဖွေတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့မှ စစ်ဆေးရှာဖွေတွေ့ရှိချက်အရ ဖုန်းမြတ်ကျော် (ခ) ဖုန်းလေး လွယ်ထားသော ဂျင်းလွယ်အိတ် အတွင်းမှ ဘိန်းဖြူ စုစုပေါင်း (၁၂)ဂရမ်ဝန်းကျင်၊ Wy စာတမ်းပါ နီညိုရောင် စိတ်ကြွဆေးပြား (၂၄)ပြား နှင့်အတူ ဆေးထိုးအပ် (၂)ကတ်၊ အအေးစုပ်ပိုက်(၁၀)ချောင်းနှင့် လက်ကိုင်ဖုန်း (၁)လုံးတို့အား တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မူးယစ်ဆေးဝါးများအား လက်ဝယ်တွေ့ရှိရသူ ဖုန်းမြတ်ကျော် (ခ) ဖုန်းလေး၏ ထွက်ဆိုချက်အရ ယခု သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများသည် တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်၊ ရတနာလမ်းသွယ် (၁၂)လမ်းရှိ နေအိမ်အခန်းတွင် နေထိုင်သူ မနန်းနိုနို ထံက ဝယ်ယူခဲ့ခြင်း ဖြစ်သည်ဟု သိရ၍ ရဲတပ်ဖွဲ့မှ သွားရောက် ရှာဖွေရာ မတွေ့ရှိရဘဲ၊ ဆက်လက်၍ ရှာဖွေရာ မနန်းနိုနိုအား တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အတွင်းရှိ တည်းခိုခန်းတစ်ခု၏ ကားပါကင်တွင် ဖမ်းဆီးရမိပြီး၎င်းလွယ်ထားသော လွယ်အိတ်အတွင်း ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ရာ စပွန်ဆာအအေးပုလင်းဖြင့် ထည့်ထားသည့် ဘိန်းဖြူ စုစုပေါင်း အလေးချိန် (၂၁)ဂရမ်ခန့်နှင့် လက်ကိုင်ဖုန်းတစ်လုံးအား တွေ့ရှိရကြောင်း သိရသည်။

ယင်းနောက် ဘိန်းဖြူများနှင့်အတူ ဖမ်းဆီးရမိသည့် မနန်းနိုနို၏ ထွက်ဆိုချက်အရ ဝမ်ကောင်းရပ်ကွက်ရှိ၎င်း၏ နေအိမ်တိုက်ခန်းသို့ သွားရောက် စစ်ဆေးမှုများပြုလုပ်ရာ နေအိမ် အိပ်ခန်းအတွင်းမှ စပွန်ဆာအအေးပုလင်းဖြင့် ထည့်ထားသည့် ဘိန်းဖြူ (၂၁)ဂရမ်ခန့်စီပါ ပုလင်း(၃)ပုလင်းနှင့် Wy စာတမ်းပါ စိတ်ကြွဆေးပြား (၉)ပြားတို့ကို ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများအား လက်ဝယ်တွေ့ရှိမှုများနှင့် ပတ်သက်၍ စိတ်ကြွဆေးပြား နှင့် ဘိန်းဖြူ ဖမ်းဆီးရမိသည့် ဖုန်းမြတ်ကျော် (ခ) ဖုန်းလေး နှင့် ရောင်းချပေးသူ မနန်းနိုနိုအား တာချီလိတ်မြို့မ ရဲစခန်းတွင် မယ(ပ)၃၆/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ လည်းကောင်း၊ ဘိန်းဖြူ (၈၄)ဂရမ်နှင့် စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသည့် မနန်းနိုနိုအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၃၇/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က) ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူ ဆောင်ရွက် ထားရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~