မူးယစ္ေဆးျဖတ္သင္တန္းဆင္းမ်ားအား ေစာင့္ေရွာက္ႏုိင္ရန္ ေစတနာ့ဝန္ထမ္း မူးယစ္ႀကီးၾကပ္သင္တန္း တာခ်ီလိတ္ ႏွင့္ က်ဳိင္းတံုတြင္ ၾသဂုတ္လအတြင္း ဖြင့္လွစ္မည္

မူးယစ္ေဆးျဖတ္သင္တန္းဆင္းမ်ားအား ေစာင့္ေရွာက္ႏုိင္ရန္ ေစတနာ့ဝန္ထမ္း မူးယစ္ႀကီးၾကပ္သင္တန္း တာခ်ီလိတ္ ႏွင့္ က်ဳိင္းတံုတြင္ ၾသဂုတ္လအတြင္း ဖြင့္လွစ္မည္
ဇူလိုင် 22, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ဖြင့္လွစ္ထားသည့္ မူးယစ္ေဆးျဖတ္သင္တန္းဆင္းမ်ားအား ဆက္လက္ ေစာင့္ေရွာက္ႏုိင္ေရး ေစတနာ့ဝန္ထမ္း မူးယစ္ႀကီးၾကပ္သင္တန္းကို ၂၀၁၇ခုႏွစ္ ၾသဂုတ္လအတြင္း၌ တာခ်ီလိတ္ ႏွင့္ က်ဳိင္းတံုၿမိဳ႕တို႕တြင္ ဖြင့္လွစ္ သြားမည္ျဖစ္ေၾကာင္း သိရသည္။

“အခုမူးယစ္ေဆးျဖတ္ သင္တန္းသားေတြ ရပ္ရြာျပန္သြားခ်ိန္မွာ ေဆးျပန္လည္ သံုးစြဲမႈ ရိွ/မရိွ၊ မိသားစုနဲ႔ အဆင္ေျပမႈ ရိွ/မရိွ၊ ေနာက္တစ္ခါ ေဆးျဖတ္ခ်င္တဲ့သူေတြ ဆိုရင္လည္း ဘယ္လို ဆက္သြယ္ေဆာင္ရြက္ရမလဲ ဆိုတာေတြကို ရပ္ရြာထဲက ေစတနာ့ဝန္ထမ္းလုပ္ေပးလိုသူေတြကို သင္တန္းေပးဖို႔ပါ။ ေလာေလာ ဆယ္ေတာ့ ရပ္ကြက္/ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးေတြကေန တစ္ဆင့္ တာဝန္ေပးတဲ့ သူေတြေပါ့၊ ေနာက္တစ္ခါ ေစတနာ့ဝန္ထမ္း လုပ္ခ်င္တဲ့သူေတြ ကိုယ္တုိင္လည္း စာရင္းေပးလို႔ရပါတယ္”ဟု ရွမ္းျပည္နယ္(အေရွ႕ပိုင္း) လူမႈဝန္ထမ္းဦးစီးဌာနရံုး ၊ လက္ေထာက္ ညႊန္ၾကားေရးမွဴး ဦးေက်ာ္သူႏုိင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ သင္တန္းမွာ (၅)ရက္ၾကာျမင့္မည္ျဖစ္ၿပီး သင္တန္းအား တာခ်ီလိတ္ၿမိဳ႕ရွိ လူမႈဝန္ထမ္းဦးစီးဌာန၏ တာခ်ီလိတ္ မူလတန္းႀကိဳေက်ာင္းတြင္ ဖြင့္လွစ္သင္ၾကားေပးသြားမည္ျဖစ္ကာ က်ိဳင္းတံုၿမိဳ႕တြင္ ၾသဂုတ္လ (၂၁)ရက္ေန႔၌ ဖြင့္လွစ္သင္ၾကားေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

သင္တန္းတစ္ခုလွ်င္ သင္တန္းသား (၂၀)ဦးအထိ လ်ာထားၿပီး စိတ္ပါဝင္စားသူမ်ား အေနျဖင့္ သက္ဆုိင္ရာ ရပ္/ေက်း အုပ္ခ်ဳပ္ေရးမွဴးမ်ားထံတြင္ လည္းေကာင္း၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) လူမႈဝန္ထမ္းဦးစီးဌာနရံုး ၀၈၄ ၂၂၅၂၉ သို႔လည္းေကာင္း ဆက္သြယ္စာရင္းေပးသြင္းႏုိင္ေၾကာင္း သိရသည္။

လက္ရိွတြင္ တာခ်ီလိတ္ၿမိဳ႕၊ မုိင္းကိုးေက်းရြာအုပ္စု ၊ ရန္ကုန္ရြာတြင္ (၅)ပတ္ၾကာျမင့္မည့္ မူးယစ္ေဆးျဖတ္ ကုသေရးႏွင့္ ျပန္လည္ထူေထာင္ေရးသင္တန္းအား သင္တန္းသား (၅၀)ေက်ာ္ျဖင့္ ဇူလိုင္လ (၁၀)ရက္ေန႔ကတည္းက စတင္ဖြင့္လွစ္ကုသေပးေနျခင္းျဖစ္ၿပီး က်ိဳင္းတံုၿမိဳ႕တြင္လည္း ၾသဂုတ္လ (၃၀)ရက္ေန႔တြင္ ထပ္မံဖြင့္လွစ္မည္ျဖစ္သည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဖွင့်လှစ်ထားသည့် မူးယစ်ဆေးဖြတ်သင်တန်းဆင်းများအား ဆက်လက် စောင့်ရှောက်နိုင်ရေး စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်သင်တန်းကို ၂၀၁၇ခုနှစ် သြဂုတ်လအတွင်း၌ တာချီလိတ် နှင့် ကျိုင်းတုံမြို့တို့တွင် ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။

“အခုမူးယစ်ဆေးဖြတ် သင်တန်းသားတွေ ရပ်ရွာပြန်သွားချိန်မှာ ဆေးပြန်လည် သုံးစွဲမှု ရှိ/မရှိ၊ မိသားစုနဲ့ အဆင်ပြေမှု ရှိ/မရှိ၊ နောက်တစ်ခါ ဆေးဖြတ်ချင်တဲ့သူတွေ ဆိုရင်လည်း ဘယ်လို ဆက်သွယ်ဆောင်ရွက်ရမလဲ ဆိုတာတွေကို ရပ်ရွာထဲက စေတနာ့ဝန်ထမ်းလုပ်ပေးလိုသူတွေကို သင်တန်းပေးဖို့ပါ။ လောလော ဆယ်တော့ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတွေကနေ တစ်ဆင့် တာဝန်ပေးတဲ့ သူတွေပေါ့၊ နောက်တစ်ခါ စေတနာ့ဝန်ထမ်း လုပ်ချင်တဲ့သူတွေ ကိုယ်တိုင်လည်း စာရင်းပေးလို့ရပါတယ်”ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) လူမှုဝန်ထမ်းဦးစီးဌာနရုံး၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်သူနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ သင်တန်းမှာ (၅)ရက်ကြာမြင့်မည်ဖြစ်ပြီး သင်တန်းအား တာချီလိတ်မြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာန၏ တာချီလိတ် မူလတန်းကြိုကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကာ ကျိုင်းတုံမြို့တွင် သြဂုတ်လ (၂၁)ရက်နေ့၌ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းတစ်ခုလျှင် သင်တန်းသား (၂၀)ဦးအထိ လျာထားပြီး စိတ်ပါဝင်စားသူများ အနဖြေင့် သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများထံတွင် လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) လူမှုဝန်ထမ်းဦးစီးဌာနရုံး ဝ၈၄ ၂၂၅၂၉ သို့လည်းကောင်း ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

လက်ရှိတွင် တာချီလိတ်မြို့၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ကုန်ရွာတွင် (၅)ပတ်ကြာမြင့်မည့် မူးယစ်ဆေးဖြတ် ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်းအား သင်တန်းသား (၅၀)ကျော်ဖြင့် ဇူလိုင်လ (၁၀)ရက်နေ့ကတည်းက စတင်ဖွင့်လှစ်ကုသပေးနခြေင်းဖြစ်ပြီး ကျိုင်းတုံမြို့တွင်လည်း သြဂုတ်လ (၃၀)ရက်နေ့တွင် ထပ်မံဖွင့်လှစ်မည်ဖြစ်သည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~