မေကြးၿမိဳ႕ ျပည္ေတာ္သာလမ္းေပၚသို႔ သက္တမ္းရင္႔ ကုကၠိဳပင္ႀကီး ကန္႔လန္႔ျဖတ္လဲက်ခဲ့၍ ဆိုင္ကယ္တစ္စီးအပိခံရေသာ္လည္း လူအေသအေပ်ာက္မရိွခဲ့

မေကြးၿမိဳ႕ ျပည္ေတာ္သာလမ္းေပၚသို႔ သက္တမ္းရင္႔ ကုကၠိဳပင္ႀကီး ကန္႔လန္႔ျဖတ္လဲက်ခဲ့၍ ဆိုင္ကယ္တစ္စီးအပိခံရေသာ္လည္း လူအေသအေပ်ာက္မရိွခဲ့
ဇူလိုင် 18, 2017
By Tachileik News Agency

မေကြးၿမိဳ႕၊ ျပည္ေတာ္သာလမ္းႏွင္႔ သစၥာလမ္းေထာင့္ အနီးရိွ သက္တမ္းရင့္ ကုကၠိဳပင္ႀကီး တစ္ပင္သည္ ဇူလိုင္လ (၁၈)ရက္ေန႔ မြန္းလဲြပိုင္းက ျပည္ေတာ္သာလမ္းေပၚသို႔ ရုတ္တရက္ ကန္႔လန္႔ျဖတ္လဲက်မႈ ျဖစ္ပြားစဥ္တြင္ ျဖတ္သန္းလာသည့္ ဆိုင္ကယ္တစ္စီး သစ္ပင္ပိခံခဲ့ရေသာ္လည္း ဆိုင္ကယ္စီးသူမွာ အသက္ေဘးမွ လြတ္ေျမာက္ခဲ့ေၾကာင္း သိရသည္။

“ကြ်န္ေတာ္က အေရွ႕ကေန ေမာင္းလာတာ။ ဒီနားေရာက္ေတာ့ မိုးရြာလာလို႔ ဆိုင္ကယ္ ေဒါက္ေထာက္ရပ္ၿပီး မိုးကာအက်ႌ ဝတ္ေနတုန္းမွာ သစ္ပင္ႀကီးက အိက်လာတာ။ ေျပးဖို႔ကလည္း အခ်ိန္မရေတာ့တာနဲ႔ ဘုရားတ မ်က္စိမွတ္ၿပီး ငုတ္တုတ္ပဲ ထိုင္ခ်လိုက္ေတာ႔တယ္။ ေဘးကလူေတြကေတာ႔ ဆိုင္ကယ္ေရာလူပါ ပိသြားၿပီဆိုၿပီး ေအာ္ၾကတာေပါ႔”ဟု မေကြးၿမိဳ႕ သိဂၤါဂီရိရပ္ကြက္ေန ဦးေဌးဝင္းက ေျပာသည္။

လဲက်လာသည့္ သစ္ပင္သည္ အလ်ား (၇၀)ေပခန္႔ရွိၿပီး လံုးပတ္ (၁၅)ေပ ၀န္းက်င္ရွိသည့္ သက္တမ္းရင့္ ကုကၠိဳပင္ႀကီးျဖစ္သျဖင့္ ကန္႔လန္႔ျဖတ္ လမ္းနယ္နိမိတ္အဆံုး လံုးပတ္ႀကီးသည့္ သစ္ကိုင္းသစ္ခက္မ်ားျဖင္႔ ဖံုးလႊမ္းသြားေစသည္အထိ လဲက်ခဲ့ျခင္းျဖစ္ေသာ္လည္း ဆိုင္ကယ္သာ သစ္ပင္အပိခံရ၍ ပ်က္စီးမႈ ျဖစ္ေပၚခဲ႔ၿပီး ဦးေဌးဝင္းမွာ ဒဏ္ရာ ဒဏ္ခ်က္လံုးဝမရရိွခဲ႔ဘဲ အသက္ေဘးမွ လြတ္ေျမာက္ခဲ့ျခင္း ျဖစ္သည္။

သစ္ပင္လဲက်ရာသို႔ မေကြးခရိုင္ အုပ္ခ်ဳပ္ေရးမွဴးႏွင္႔ အဖဲြ႔၊ ခရိုင္မီးသတ္ဦးစီးမွဴး ဦးစီးအဖဲြ႔၊ ၿမိဳ႕နယ္ စည္ပင္မွ AD ဦးျမင့္ျမတ္ ဦးစီးအဖဲြ႔ ႏွင္႔ ျမန္မာႏိုင္ငံရဲတပ္ဖဲြ႔ဝင္မ်ားမွ ခ်က္ခ်င္းေရာက္ရိွၿပီး ရွင္းလင္းေရး လုပ္ငန္းမ်ားကို ေဆာင္ရြက္ခဲ့ၾကသည္။

“ကြ်န္ေတာ္တို႔အေနနဲ႔ အခုလိုအေရးေပၚျဖစ္လာၿပီဆိုရင္ ခ်က္ခ်င္းေဆာင္ရြက္ေပးႏိုင္ဖို႔ အင္အားအစုအဖဲြ႔ ထားရိွၿပီးျဖစ္လို႔ အခုလည္း ခ်က္ခ်င္းေရာက္ရိွေဆာင္ရြက္ေပးေနၾကပါတယ္။ သက္တမ္းရင္႔ အပင္ႀကီး ျဖစ္လို႔ရယ္ ၊ မိုးရြာေနတာရယ္ေၾကာင္႔ လဲက်ရတာလို႔ သံုးသပ္ပါတယ္”ဟု မေကြးခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးႏိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျပည္ေတာ္သာလမ္းအား အဆင့္ျမင့္ ႏိုင္လြန္ကတၱရာလမ္းအျဖစ္ တိုးခ်ဲ႕ေဖာက္လုပ္ရာတြင္ ေရေျမာင္းစနစ္ပါရိွသျဖင္႔ အဆိုပါ သစ္ပင္ႀကီး၏ အေျခမွ ေရေျမာင္းေဖာက္လုပ္ရာ၌ သစ္ပင္၏ အျမစ္တခ်ိုဳ႕ ပါရိွသြားခဲ႔ေသာေၾကာင္႔ အျမစ္အားနည္း၍ ထိုသို႔ လဲက်မႈျဖစ္ပြားျခင္းျဖစ္သည္ဟု ပတ္ဝန္းက်င္ေနသူမ်ားက သံုးသပ္ေျပာဆိုမႈမ်ားလည္း ရိွေနသည္။

သတင္း/ဓာတ္ပံု - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးမြို့၊ ပြည်တော်သာလမ်းနှင့် သစ္စာလမ်းထောင့် အနီးရှိ သက်တမ်းရင့် ကုက္ကိုပင်ကြီး တစ်ပင်သည် ဇူလိုင်လ (၁၈)ရက်နေ့ မွန်းလွဲပိုင်းက ပြည်တော်သာလမ်းပေါ်သို့ ရုတ်တရက် ကန့်လန့်ဖြတ်လဲကျမှု ဖြစ်ပွားစဉ်တွင် ဖြတ်သန်းလာသည့် ဆိုင်ကယ်တစ်စီး သစ်ပင်ပိခံခဲ့ရသော်လည်း ဆိုင်ကယ်စီးသူမှာ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်က အရှေ့ကနေ မောင်းလာတာ။ ဒီနားရောက်တော့ မိုးရွာလာလို့ ဆိုင်ကယ် ဒေါက်ထောက်ရပ်ပြီး မိုးကာအင်္ကျီ ဝတ်နေတုန်းမှာ သစ်ပင်ကြီးက အိကျလာတာ။ ပြေးဖို့ကလည်း အချိန်မရတော့တာနဲ့ ဘုရားတ မျက်စိမှတ်ပြီး ငုတ်တုတ်ပဲ ထိုင်ချလိုက်တော့တယ်။ ဘေးကလူတွေကတော့ ဆိုင်ကယ်ရောလူပါ ပိသွားပြီဆိုပြီး အော်ကြတာပေါ့”ဟု မကွေးမြို့ သိင်္ဂါဂီရိရပ်ကွက်နေ ဦးဌေးဝင်းက ပြောသည်။

လဲကျလာသည့် သစ်ပင်သည် အလျား (၇၀)ပေခန့်ရှိပြီး လုံးပတ် (၁၅)ပေ ဝန်းကျင်ရှိသည့် သက်တမ်းရင့် ကုက္ကိုပင်ကြီးဖြစ်သဖြင့် ကန့်လန့်ဖြတ် လမ်းနယ်နိမိတ်အဆုံး လုံးပတ်ကြီးသည့် သစ်ကိုင်းသစ်ခက်များဖြင့် ဖုံးလွှမ်းသွားစေသည်အထိ လဲကျခဲ့ခြင်းဖြစ်သော်လည်း ဆိုင်ကယ်သာ သစ်ပင်အပိခံရ၍ ပျက်စီးမှု ဖြစ်ပေါ်ခဲ့ပြီး ဦးဌေးဝင်းမှာ ဒဏ်ရာ ဒဏ်ချက်လုံးဝမရရှိခဲ့ဘဲ အသက်ဘေးမှ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

သစ်ပင်လဲကျရာသို့ မကွေးခရိုင် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးစီးအဖွဲ့၊ မြို့နယ် စည်ပင်မှ AD ဦးမြင့်မြတ် ဦးစီးအဖွဲ့ နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှ ချက်ချင်းရောက်ရှိပြီး ရှင်းလင်းရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

“ကျွန်တော်တို့အနေနဲ့ အခုလိုအရေးပေါ်ဖြစ်လာပြီဆိုရင် ချက်ချင်းဆောင်ရွက်ပေးနိုင်ဖို့ အင်အားအစုအဖွဲ့ ထားရှိပြီးဖြစ်လို့ အခုလည်း ချက်ချင်းရောက်ရှိဆောင်ရွက်ပေးနကြေပါတယ်။ သက်တမ်းရင့် အပင်ကြီး ဖြစ်လို့ရယ်၊ မိုးရွာနေတာရယ်ကြောင့် လဲကျရတာလို့ သုံးသပ်ပါတယ်”ဟု မကွေးခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြည်တော်သာလမ်းအား အဆင့်မြင့် နိုင်လွန်ကတ္တရာလမ်းအဖြစ် တိုးချဲ့ဖောက်လုပ်ရာတွင် ရေမြောင်းစနစ်ပါရှိသဖြင့် အဆိုပါ သစ်ပင်ကြီး၏ အခြေမှ ရေမြောင်းဖောက်လုပ်ရာ၌ သစ်ပင်၏ အမြစ်တချို့ ပါရှိသွားခဲ့သောကြောင့် အမြစ်အားနည်း၍ ထိုသို့ လဲကျမှုဖြစ်ပွားခြင်းဖြစ်သည်ဟု ပတ်ဝန်းကျင်နေသူများက သုံးသပ်ပြောဆိုမှုများလည်း ရှိနေသည်။

သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~