ေက်ာက္မဲၿမိဳ႕ ဂုတ္တြင္းလမ္းအတက္တြင္ ကားတစ္စီးလမ္းေခ်ာ္၍ သစ္ပင္ဝင္တုိက္မိရာမွ ငါးဦးဒဏ္ရာရ

ေက်ာက္မဲၿမိဳ႕ ဂုတ္တြင္းလမ္းအတက္တြင္ ကားတစ္စီးလမ္းေခ်ာ္၍ သစ္ပင္ဝင္တုိက္မိရာမွ ငါးဦးဒဏ္ရာရ
ဇူလိုင် 26, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ ဂုတ္တြင္းလမ္းအတက္တြင္ ဇူလိုင္လ (၂၆)ရက္ေန႔က ခိုအံုေက်းရြာ ဘုန္းေတာ္ႀကီးပ်ံသို႔အသြား ကားတစ္စီး လမ္းေခ်ာ္ၿပီး သစ္ပင္ဝင္တိုက္မိ၍ ကားေပၚ လုိက္ပါလာသူ (၅)ဦး ဒဏ္ရာရရိွသြားေၾကာင္း သိရသည္။

“ေန႔လယ္(၁၂)နာရီ ဝန္းက်င္ေလာက္မွာ ဂုတ္တြင္းကေနအတက္ ေက်ာက္မဲဘက္အျခမ္း ကြ်န္းပင္ေကြ႔ ေနရာအနီးမွာ ကားကစလစ္ျဖစ္ၿပီး လမ္းေဘးသစ္ပင္ တစ္ပင္နဲ႔ ပြတ္တိုက္မိတယ္။ ကားေပၚ ပါလာသူေတြထဲက သံုးဦး၊ ေလးဦး ကေတာ့ ပြန္းပဲ့ဒဏ္ရာရရွိတယ္။ ကားေပၚကေန လြင့္က်တဲ့ အမ်ိဳးသမီးႀကီး တစ္ဦးကေတာ့ ယာဖက္ေပါင္ တစ္ဖက္က်ိဳးသြားတယ္။ ဦးေခါင္းမွာ(၆)လက္မေလာက္ ျပတ္ရွဒဏ္ရာတစ္ခုရတယ္။ အသင္းကေနသြားေရာက္ ကူညီၿပီးေတာ့ ေက်ာက္မဲျပည္သူ႔ေဆးရံုကို အခုပဲ ပို႔ေပးခဲ့ပါတယ္ “ဟု ကမ္းလင့္လက္မ်ား လူမႈကူညီေရးအသင္း ေအာင္ဓမၼာရံု ေနာင္ပိန္ (ေနာင္ပိန္ေက်းရြာ)မွ ဦးစိုင္းေနေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါယာဥ္တြင္ ေနာင္ခ်ိဳဘက္မွ အမ်ိဳးသား/အမ်ိဳးသမီး (၁၁)ဦးလိုက္ပါလာၿပီး ေက်ာက္မဲၿမိဳ႕ ခိုအံုေက်းရြာရွိ ခိုအံုႏွီးဘုရားေက်ာင္းတိုက္ ပဓာနဆရာေတာ္ ဘဒၵႏၱဝဏၰသီရိ၏ စ်ာပနသို႔ လာေရာက္ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓာတ္ပံု - စိုင္းေနေအာင္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ ဂုတ်တွင်းလမ်းအတက်တွင် ဇူလိုင်လ (၂၆)ရက်နေ့က ခိုအုံကျေးရွာ ဘုန်းတော်ကြီးပျံသို့အသွား ကားတစ်စီး လမ်းချော်ပြီး သစ်ပင်ဝင်တိုက်မိ၍ ကားပေါ် လိုက်ပါလာသူ (၅)ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

“နေ့လယ်(၁၂)နာရီ ဝန်းကျင်လောက်မှာ ဂုတ်တွင်းကနေအတက် ကျောက်မဲဘက်အခြမ်း ကျွန်းပင်ကွေ့ နေရာအနီးမှာ ကားကစလစ်ဖြစ်ပြီး လမ်းဘေးသစ်ပင် တစ်ပင်နဲ့ ပွတ်တိုက်မိတယ်။ ကားပေါ် ပါလာသူတွေထဲက သုံးဦး၊ လေးဦး ကတော့ ပွန်းပဲ့ဒဏ်ရာရရှိတယ်။ ကားပေါ်ကနေ လွင့်ကျတဲ့ အမျိုးသမီးကြီး တစ်ဦးကတော့ ယာဖက်ပေါင် တစ်ဖက်ကျိုးသွားတယ်။ ဦးခေါင်းမှာ(၆)လက်မလောက် ပြတ်ရှဒဏ်ရာတစ်ခုရတယ်။ အသင်းကနေသွားရောက် ကူညီပြီးတော့ ကျောက်မဲပြည်သူ့ဆေးရုံကို အခုပဲ ပို့ပေးခဲ့ပါတယ် “ဟု ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း အောင်ဓမ္မာရုံ နောင်ပိန် (နောင်ပိန်ကျေးရွာ)မှ ဦးစိုင်းနေအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါယာဉ်တွင် နောင်ချိုဘက်မှ အမျိုးသား/အမျိုးသမီး (၁၁)ဦးလိုက်ပါလာပြီး ကျောက်မဲမြို့ ခိုအုံကျေးရွာရှိ ခိုအုံနှီးဘုရားကျောင်းတိုက် ပဓာနဆရာတော် ဘဒ္ဒန္တဝဏ္ဏသီရိ၏ ဈာပနသို့ လာရောက်ကြခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - စိုင်းနေအောင် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~