ထုိင္းႏုိင္ငံေျမာက္ပိုင္းေဒသတြင္ ဘတ္ေငြတစ္ေထာင္တန္ အတုမ်ားေတြ႕ရွိ၍ ေငြစကၠဴမ်ားအား သတိျပဳစစ္ေဆးရန္ သတိေပးထား

ထုိင္းႏုိင္ငံေျမာက္ပိုင္းေဒသတြင္ ဘတ္ေငြတစ္ေထာင္တန္ အတုမ်ားေတြ႕ရွိ၍ ေငြစကၠဴမ်ားအား သတိျပဳစစ္ေဆးရန္ သတိေပးထား
ဇူလိုင် 16, 2017
By Tachileik News Agency

ထိုင္းႏုိင္ငံ ေျမာက္ပိုင္းေဒသ ၊ ဖတ္ခ်ာဘြန္ခရိုင္အတြင္း ထိုင္းဘတ္ေငြ တစ္ေထာင္တန္ အတုမ်ား ေတြ႔ရိွထားသျဖင့္ သက္ဆုိင္ရာ တာဝန္ရိွသူမ်ားက စံုစမ္းစစ္ေဆးမႈမ်ား လုပ္ေဆာင္ေနေၾကာင္း Newsnbt Thailand သတင္းဌာနတြင္ ဇူလိုင္လ (၁၃)ရက္ေန႔က ေဖာ္ျပထားသည္။

“ သတိထားၾကည့္ရင္ ေငြစကၠဴအသားကြာတယ္။ ေရစာမပါဘူး။ ဒါေပမယ့္ အမ်ားအားျဖင့္ေတာ့ လူေတြ သတိထားမိဖို႔ခက္တယ္။ မနက္ေစာေစာတို႔ ညပိုင္းတို႔ဆို အတုနဲ႕အစစ္က ခြဲဖို႔ခက္တယ္။ နယ္စပ္ဂိတ္ေတြမွာ သတိထားစစ္ဖို႔ သတိေပးထားပါတယ္" ဟု ဖတ္ခ်ာခရိုင္ ဒုတိယအုပ္ခ်ဳပ္ေရးအရာရိွ Mr. Kraisorn Kongchai က Newsnbt Thailand သတင္းဌာနအား ေျပာၾကားထားသည္။

ထိုင္း - လာအိုနယ္စပ္မွ ဘတ္ေငြတစ္ေထာင္တန္အတုမ်ား ေတြ႔ရျခင္းျဖစ္ေၾကာင္း ေဒသခံသတင္း သမားမ်ားထံမွ သိရသည္ဟု ဘန္ေကာက္ၿမိဳ႕အေျခစိုက္ သတင္းသမားတစ္ဦးက တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ဇူလိုင္လ (၁၆)ရက္ေန႔တြင္ အတည္ျပဳ ေျပာၾကားသည္။

“ေဒသတြင္း မီဒီယာေလးငါးခုမွာေတာ့ အမ်ိဳးမ်ိဳး ေဖာ္ျပေနၾကတယ္။ တခ်ဳိ႕က သံသယျဖစ္ဖြယ္ ေငြစကၠဴ နံပါတ္ေတြနဲ႔ ေဖာ္ျပၾကတယ္။ တခ်ိဳ႕ကေတာ့ တျခားအေသးစိတ္ေတြ ေဖာ္ျပၾကတယ္။ ကၽြန္ေတာ္လည္း ကၽြန္ေတာ့္မွာရိွတဲ့ ဘတ္တစ္ေထာင္တန္ေတြကို အခုေတာ့ စစ္ေဆးေနတယ္။ ပိုၿပီး ခိုင္ခိုင္လံုလံု သိရတာ ကေတာ့ ဖတ္ခ်ာဘြန္ခရိုင္က ဒုတိယအုပ္ခ်ဳပ္ေရးအရာရိွ အတည္ျပဳေပးထားတာကိုလည္း သတင္းဌာနမွာ ေတြ႕ရတယ္”ဟု ဘန္ေကာက္အေျခစိုက္ သတင္းသမားတစ္ဦးျဖစ္သည့္ ပြန္က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

ဆာရာဘူရီ - လြန္ဆက္လမ္းတစ္ေနရာတြင္ ဇူလိုင္လ (၁၂) ရက္ေန႔က ဘတ္ေငြတစ္ေထာင္တန္ စုစုေပါင္း တန္ဖိုးႏွစ္သိန္းအား ေဒသခံမ်ား ေကာက္ရခဲ့ၿပီး အဆိုပါ ေငြမ်ားအား ရဲဌာနသို႔ အပ္လိုက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေငြစကၠဴမ်ားမွာ အတုမ်ားျဖစ္ေနသျဖင့္ သက္ဆုိင္ရာ တာဝန္ရိွသူမ်ားက စံုစမ္းမႈမ်ား လုပ္ေဆာင္ေနၿပီး အထူးသျဖင့္ ေဒသတြင္းကုန္သည္မ်ား ေငြစကၠဴအတုမ်ား မွားယြင္းလက္ခံမိျခင္း မရိွေစရန္ သတိျပဳေစလိုေၾကာင္း ေဒသတာဝန္ရိွသူမ်ားက ေျပာၾကားထားသည္ဟု သိရသည္။

“အတုနဲ႔အစစ္ခြဲဖို႔က ေငြစကၠဴအသား ကြာတယ္။ ေရစာကိုၾကည့္တယ္”ဟု ထိုင္းႏုိင္ငံေတာင္ပိုင္းေဒသမွ ဇာဟာရီက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေငြစကၠဴအတုႏွင့္အစစ္အား ခြဲျခားသိရန္ ေငြစကၠဴအသားအား ပြတ္ၾကည့္ျခင္း၊ အလင္းေရာင္တြင္ ေထာင္ၾကည့္ၿပီး ေရစာႏွင့္ အျခားအမွတ္အသားမ်ား ကြဲလြဲမႈရိွ/မရိွ စစ္ေဆးၾကည့္ျခင္းျဖင့္ သိႏုိင္သည္ဟု ရဲတပ္ဖြဲ႕က အႀကံျပဳထားသည္။

ထုိင္းႏိုင္ငံသံုးေငြေၾကး ဘတ္ေငြတစ္ေထာင္တန္အတုမ်ားအား ၂၀၁၆ ခုႏွစ္ကလည္း ထုိင္းႏုိင္ငံ၏ ေတာင္ပိုင္းေဒသ ထမ္းခရိုင္တြင္ေတြ႔ရၿပီးေနာက္ အေရွ႕ပိုင္းေဒသ ခၽြန္ဘူရီခရိုင္တြင္လည္း ထပ္မံေတြ႔ရိွခဲ့ရကာ ေဒသအလုိက္ေတြ႔ရိွရသည့္ ေငြစကၠဴမွ နံပါတ္မ်ားမွာ ကြဲျပားၾကေၾကာင္း သိရသည္။

ေဒသတြင္း ဘတ္ေငြစကၠဴအတုအမ်ားစုမွာ ဘတ္တစ္ေထာင္တန္မ်ားျဖစ္ၿပီး ၂၀၁၆ ခုႏွစ္က ထမ္းခရိုင္တြင္ တရုတ္ႏုိင္ငံဘက္မွ ဝင္လာသည္ဟု သံသယရိွသည့္ ေငြစကၠဴအတုတြင္ ဘတ္တစ္ေထာင္တန္အျပင္ ဘတ္ငါးရာတန္ ေငြစကၠဴမ်ားလည္း ပါဝင္သည္ဟု ရဲတပ္ဖြဲ႕က ထုတ္ျပန္ခဲ့ဖူးသည္။

ထုိင္းႏုိင္ငံတြင္ ေငြစကၠဴအတုဟု သံသယရိွပါက စံုစမ္းစစ္ေဆးႏုိင္ရန္ ရဲစခန္းသို႔ အပ္ႏွံေလ့ရိွေသာ္လည္း ေဒသခံမ်ားအေနျဖင့္ ေငြစကၠဴသံုးစြဲသူအျဖစ္ စြပ္စြဲခံရမည္ကိုလည္း စိုးရိမ္မႈရိွေၾကာင္း သိရသည္။

၂၀၁၆ ခုႏွစ္အတြင္းကတည္းက ထုိင္းႏုိင္ငံေတာင္ပိုင္းေဒသႏွင့္ အေရွ႕ပိုင္းေဒသမ်ားတြင္ ေတြ႔ရသည့္ ဘတ္ေငြတစ္ေထာင္တန္အတုအခ်ိဳ႕၏ နံပါတ္မ်ားျဖစ္သည့္ 9A3828862၊ 2D7874400 ႏွင့္ 5J9952371 တို႔အား မီဒီယာအခ်ိဳ႕တြင္ ေဖာ္ျပခဲ့ၾကဖူးသည္ကို ေတြ႔ရေသာ္လည္း ငါးရာတန္ဘတ္ေငြစကၠဴႏွင့္ ပတ္သက္၍ အေသးစိတ္ ေဖာ္ျပထားခဲ့ျခင္းမရိွေၾကာင္း သိရသည္။

ထိုင္းႏုိင္ငံ ဥပေဒအရ ေငြစကၠဴအတုျပဳလုပ္ေၾကာင္း ျပစ္ဒဏ္ထင္ရွားပါက ေထာင္ဒဏ္ႏွစ္ (၂၀)ႏွင့္ ဒဏ္ေငြ ဘတ္ေလးေသာင္းျပစ္ဒဏ္ခ်မွတ္ႏုိင္ေၾကာင္း သိရၿပီး ေငြစကၠဴအတု သံုးစြဲပါက ေထာင္ဒဏ္ (၁၅)ႏွစ္ က်ခံရႏုိင္ေၾကာင္း သိရသည္။

ထိုင္းဘတ္ေငြအတုေတြ႕ရသည္ဟု သတင္းထြက္ရိွသည့္ေဒသမ်ားသည္ ျမန္မာႏုိင္ငံ နယ္စပ္ေဒသမ်ားႏွင့္ အလွမ္းေဝးသည့္ ေဒသမ်ားျဖစ္သည္။

သတင္း - ခ်ယ္ရီထိုက္
Photo: Thassanan Srirungrojana


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသ၊ ဖတ်ချာဘွန်ခရိုင်အတွင်း ထိုင်းဘတ်ငွေ တစ်ထောင်တန် အတုများ တွေ့ရှိထားသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း Newsnbt Thailand သတင်းဌာနတွင် ဇူလိုင်လ (၁၃)ရက်နေ့က ဖော်ပြထားသည်။

“ သတိထားကြည့်ရင် ငွေစက္ကူအသားကွာတယ်။ ရေစာမပါဘူး။ ဒါပေမယ့် အများအားဖြင့်တော့ လူတွေ သတိထားမိဖို့ခက်တယ်။ မနက်စောစောတို့ ညပိုင်းတို့ဆို အတုနဲ့အစစ်က ခွဲဖို့ခက်တယ်။ နယ်စပ်ဂိတ်တွေမှာ သတိထားစစ်ဖို့ သတိပေးထားပါတယ်" ဟု ဖတ်ချာခရိုင် ဒုတိယအုပ်ချုပ်ရေးအရာရှိ Mr. Kraisorn Kongchai က Newsnbt Thailand သတင်းဌာနအား ပြောကြားထားသည်။

ထိုင်း - လာအိုနယ်စပ်မှ ဘတ်ငွေတစ်ထောင်တန်အတုများ တွေ့ရခြင်းဖြစ်ကြောင်း ဒေသခံသတင်း သမားများထံမှ သိရသည်ဟု ဘန်ကောက်မြို့အခြေစိုက် သတင်းသမားတစ်ဦးက တာချီလိတ် သတင်းအေဂျင်စီသို့ ဇူလိုင်လ (၁၆)ရက်နေ့တွင် အတည်ပြု ပြောကြားသည်။

“ဒေသတွင်း မီဒီယာလေးငါးခုမှာတော့ အမျိုးမျိုး ဖော်ပြနကြေတယ်။ တချို့က သံသယဖြစ်ဖွယ် ငွေစက္ကူ နံပါတ်တွေနဲ့ ဖော်ပြကြတယ်။ တချို့ကတော့ တခြားအသေးစိတ်တွေ ဖော်ပြကြတယ်။ ကျွန်တော်လည်း ကျွန်တော့်မှာရှိတဲ့ ဘတ်တစ်ထောင်တန်တွေကို အခုတော့ စစ်ဆေးနေတယ်။ ပိုပြီး ခိုင်ခိုင်လုံလုံ သိရတာ ကတော့ ဖတ်ချာဘွန်ခရိုင်က ဒုတိယအုပ်ချုပ်ရေးအရာရှိ အတည်ပြုပေးထားတာကိုလည်း သတင်းဌာနမှာ တွေ့ရတယ်”ဟု ဘန်ကောက်အခြေစိုက် သတင်းသမားတစ်ဦးဖြစ်သည့် ပွန်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ဆာရာဘူရီ - လွန်ဆက်လမ်းတစ်နေရာတွင် ဇူလိုင်လ (၁၂) ရက်နေ့က ဘတ်ငွေတစ်ထောင်တန် စုစုပေါင်း တန်ဖိုးနှစ်သိန်းအား ဒေသခံများ ကောက်ရခဲ့ပြီး အဆိုပါ ငွေများအား ရဲဌာနသို့ အပ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ငွေစက္ကူများမှာ အတုများဖြစ်နေသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက စုံစမ်းမှုများ လုပ်ဆောင်နပြေီး အထူးသဖြင့် ဒေသတွင်းကုန်သည်များ ငွေစက္ကူအတုများ မှားယွင်းလက်ခံမိခြင်း မရှိစေရန် သတိပြုစေလိုကြောင်း ဒေသတာဝန်ရှိသူများက ပြောကြားထားသည်ဟု သိရသည်။

“အတုနဲ့အစစ်ခွဲဖို့က ငွေစက္ကူအသား ကွာတယ်။ ရေစာကိုကြည့်တယ်”ဟု ထိုင်းနိုင်ငံတောင်ပိုင်းဒေသမှ ဇာဟာရီက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ငွေစက္ကူအတုနှင့်အစစ်အား ခွဲခြားသိရန် ငွေစက္ကူအသားအား ပွတ်ကြည့်ခြင်း၊ အလင်းရောင်တွင် ထောင်ကြည့်ပြီး ရေစာနှင့် အခြားအမှတ်အသားများ ကွဲလွဲမှုရှိ/မရှိ စစ်ဆေးကြည့်ခြင်းဖြင့် သိနိုင်သည်ဟု ရဲတပ်ဖွဲ့က အကြံပြုထားသည်။

ထိုင်းနိုင်ငံသုံးငွေကြေး ဘတ်ငွေတစ်ထောင်တန်အတုများအား ၂၀၁၆ ခုနှစ်ကလည်း ထိုင်းနိုင်ငံ၏ တောင်ပိုင်းဒေသ ထမ်းခရိုင်တွင်တွေ့ရပြီးနောက် အရှေ့ပိုင်းဒေသ ချွန်ဘူရီခရိုင်တွင်လည်း ထပ်မံတွေ့ရှိခဲ့ရကာ ဒေသအလိုက်တွေ့ရှိရသည့် ငွေစက္ကူမှ နံပါတ်များမှာ ကွဲပြားကြကြောင်း သိရသည်။

ဒေသတွင်း ဘတ်ငွေစက္ကူအတုအများစုမှာ ဘတ်တစ်ထောင်တန်များဖြစ်ပြီး ၂၀၁၆ ခုနှစ်က ထမ်းခရိုင်တွင် တရုတ်နိုင်ငံဘက်မှ ဝင်လာသည်ဟု သံသယရှိသည့် ငွေစက္ကူအတုတွင် ဘတ်တစ်ထောင်တန်အပြင် ဘတ်ငါးရာတန် ငွေစက္ကူများလည်း ပါဝင်သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ဖူးသည်။

ထိုင်းနိုင်ငံတွင် ငွေစက္ကူအတုဟု သံသယရှိပါက စုံစမ်းစစ်ဆေးနိုင်ရန် ရဲစခန်းသို့ အပ်နှံလေ့ရှိသော်လည်း ဒေသခံများအနဖြေင့် ငွေစက္ကူသုံးစွဲသူအဖြစ် စွပ်စွဲခံရမည်ကိုလည်း စိုးရိမ်မှုရှိကြောင်း သိရသည်။

၂၀၁၆ ခုနှစ်အတွင်းကတည်းက ထိုင်းနိုင်ငံတောင်ပိုင်းဒေသနှင့် အရှေ့ပိုင်းဒေသများတွင် တွေ့ရသည့် ဘတ်ငွေတစ်ထောင်တန်အတုအချို့၏ နံပါတ်များဖြစ်သည့် 9A3828862၊ 2D7874400 နှင့် 5J9952371 တို့အား မီဒီယာအချို့တွင် ဖော်ပြခဲ့ကြဖူးသည်ကို တွေ့ရသော်လည်း ငါးရာတန်ဘတ်ငွေစက္ကူနှင့် ပတ်သက်၍ အသေးစိတ် ဖော်ပြထားခဲ့ခြင်းမရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဥပဒေအရ ငွေစက္ကူအတုပြုလုပ်ကြောင်း ပြစ်ဒဏ်ထင်ရှားပါက ထောင်ဒဏ်နှစ် (၂၀)နှင့် ဒဏ်ငွေ ဘတ်လေးသောင်းပြစ်ဒဏ်ချမှတ်နိုင်ကြောင်း သိရပြီး ငွေစက္ကူအတု သုံးစွဲပါက ထောင်ဒဏ် (၁၅)နှစ် ကျခံရနိုင်ကြောင်း သိရသည်။

ထိုင်းဘတ်ငွေအတုတွေ့ရသည်ဟု သတင်းထွက်ရှိသည့်ဒေသများသည် မြန်မာနိုင်ငံ နယ်စပ်ဒေသများနှင့် အလှမ်းဝေးသည့် ဒေသများဖြစ်သည်။

သတင်း - ချယ်ရီထိုက်
Photo: Thassanan Srirungrojana

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~