Facebook Messengerမွ တဆင့္ ဆဲဆိုေႏွာင့္ယွက္သူအား ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(ဃ)ျဖင့္ အမႈဖြင့္

Facebook Messengerမွ တဆင့္ ဆဲဆိုေႏွာင့္ယွက္သူအား ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(ဃ)ျဖင့္ အမႈဖြင့္
ဇူလိုင် 27, 2017
By Tachileik News Agency

လူမွဳကြန္ရက္စာမ်က္ႏွာမွ တစ္ဆင့္ အမ်ိဳးသမီးတစ္ဦးအား ဆဲဆိုေႏွာင့္ယွက္ေရးသားသည့္စာ ပို႔သည္ ဟုဆိုကာ ဆက္သြယ္ေရးဥပေဒ ပုဒ္မ ၆၆(ဃ)ျဖင့္ အမ်ိဳးသားတစ္ဦးအား မေကြးတိုင္းေဒသႀကီး မင္းလွၿမိဳ႕နယ္ ေရနံမနယ္ေျမရဲစခန္းတြင္ ဇူလိုင္လ (၂၅)ရက္ေန႔က အမႈဖြင့္ တုိင္တန္းလုိက္ေၾကာင္း သိရသည္။

ေရနံမ ေက်းရြာေန အမ်ိဳးသမီးတစ္ဦးအား ေရနံမ ေရနံေျမရဲကင္းဝန္းေန မိုးေက်ာ္သူဆိုသူက YE KO KO အေကာင့္ျဖင့္ Facebook Messenger မွ တစ္ဆင့္ ဇူလိုင္ (၁၈) ရက္ နံနက္ (၁၀)နာရီခြဲ အခ်ိန္ခန္႔တြင္ ညစ္ညမ္းစြာ ဆဲဆိုၿပီး အသေရပ်က္ေစသည့္ စာသားမ်ား ေရးသားေပးပို ့ခဲ့သျဖင့္ YE KO KO အေကာင့္ပိုင္ရွင္ မိုးေက်ာ္သူအား အေရးယူေပးပါရန္ တိုင္တန္းလာျခင္းျဖစ္ေၾကာင္း သိရသည္။

"ဆက္သြယ္ေရး ဥပေဒပုဒ္မနဲ႔ အေရးယူတာ ေရနံမ နယ္ေျမရဲစခန္းမွာေတာ့ ဒါ ပထမဦးဆံုးအမွဳ ျဖစ္ပါတယ္"ဟု စခန္းမွဴး ရဲအုပ္မ်ိဳးမင္းထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို ့ေျပာသည္။

အဆိုပါ တိုင္တန္းခ်က္အရ ေရနံမ ေရနံေျမရဲကင္းစခန္းဝန္းအတြင္းေနထိုင္သူ YE KO KO အေကာင့္ပိုင္ရွင္ မိုးေက်ာ္သူအား ဇူလိုင္ (၂၅)ရက္ေန႔ ည(၇ ) နာရီ (၅၅) မိနစ္အခ်ိန္တြင္ ေရနံမနယ္ေျမ ရဲစခန္း၌ (ပ)၇၆/၂၀၁၇ ဆက္သြယ္ေရး ဥပေဒပုဒ္မ ၆၆(ဃ)ျဖင့္ အမွဳဖြင့္အေရးယူ ေဆာင္ရြက္ ထားေၾကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့် အမျိုးသမီးတစ်ဦးအား ဆဲဆိုနှောင့်ယှက်ရေးသားသည့်စာ ပို့သည် ဟုဆိုကာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် အမျိုးသားတစ်ဦးအား မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် ရေနံမနယ်မြေရဲစခန်းတွင် ဇူလိုင်လ (၂၅)ရက်နေ့က အမှုဖွင့် တိုင်တန်းလိုက်ကြောင်း သိရသည်။

ရေနံမ ကျေးရွာနေ အမျိုးသမီးတစ်ဦးအား ရေနံမ ရေနံမြေရဲကင်းဝန်းနေ မိုးကျော်သူဆိုသူက YE KO KO အကောင့်ဖြင့် Facebook Messenger မှ တစ်ဆင့် ဇူလိုင် (၁၈) ရက် နံနက် (၁၀)နာရီခွဲ အချိန်ခန့်တွင် ညစ်ညမ်းစွာ ဆဲဆိုပြီး အသရေပျက်စေသည့် စာသားများ ရေးသားပေးပို့ခဲ့သဖြင့် YE KO KO အကောင့်ပိုင်ရှင် မိုးကျော်သူအား အရေးယူပေးပါရန် တိုင်တန်းလာခြင်းဖြစ်ကြောင်း သိရသည်။

"ဆက်သွယ်ရေး ဥပဒေပုဒ်မနဲ့ အရေးယူတာ ရေနံမ နယ်မြေရဲစခန်းမှာတော့ ဒါ ပထမဦးဆုံးအမှု ဖြစ်ပါတယ်"ဟု စခန်းမှူး ရဲအုပ်မျိုးမင်းထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

အဆိုပါ တိုင်တန်းချက်အရ ရေနံမ ရေနံမြေရဲကင်းစခန်းဝန်းအတွင်းနေထိုင်သူ YE KO KO အကောင့်ပိုင်ရှင် မိုးကျော်သူအား ဇူလိုင် (၂၅)ရက်နေ့ ည(၇ ) နာရီ (၅၅) မိနစ်အချိန်တွင် ရေနံမနယ်မြေ ရဲစခန်း၌ (ပ)၇၆/၂၀၁၇ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက် ထားကြောင်း သိရသည်။

သတင်း - ဖီးနစ် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~