တာခ်ီလိတ္ မူးယစ္ေဆးျဖတ္စခန္းသင္တန္းတြင္ စိုက္ပ်ိဳး၊ ေမြးျမဴေရးႏွင့္ က်န္းမာေရးဆိုင္ရာ စာေပမ်ား စိတ္၀င္တစား ဖတ္ရႈ

တာခ်ီလိတ္ မူးယစ္ေဆးျဖတ္စခန္းသင္တန္းတြင္ စိုက္ပ်ိဳး၊ ေမြးျမဴေရးႏွင့္ က်န္းမာေရးဆိုင္ရာ စာေပမ်ား စိတ္၀င္တစား ဖတ္ရႈ
ဇူလိုင် 20, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၊ မိုင္းကိုးေက်းရြာအုပ္စု၊ ရန္ကုန္ရြာရွိ မူးယစ္ေဆးျဖတ္ ကုသေရးႏွင့္ ျပန္လည္ထူေထာင္ေရးသင္တန္းတြင္ သင္တန္းသားမ်ားအား အသိပညာေပး ေဟာေျပာမႈမ်ားျပဳလုပ္ရာ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ က်န္းမာေရးဆိုင္ရာမ်ားကို စိတ္ဝင္စားသူ မ်ားေၾကာင္း ခရိုင္ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနမွ သိရသည္။

"ကြ်န္ေတာ္တို႔ ဌာနအေနနဲ႔ကေတာ့ အသိပညာေပးမႈေတြအျဖစ္ ေဟာေျပာမႈေတြ လုပ္တယ္။ ေဟာေျပာၿပီးေတာ့ ရံုးကေန ယူလာတဲ့ စာအုပ္ေတြ ခ်ေပးထားတယ္။ ျပခန္းဓာတ္ပံုေတြ ခ်ျပေပးထားတယ္။ စာအုပ္ေတြကိုလည္း ေပးဖတ္ထားတယ္။ စာအုပ္ေတြမွာ သူတို႔အတြက္ ထားခဲ့လို႔ရမယ့္ စာအုပ္ေတြကို ထားခဲ့ေပးလိုက္ၿပီး မူးယစ္ေဆး၀ါးနဲ႔ ပတ္သက္တဲ့ လက္ကမ္းစာေစာင္ေတြနဲ႔ အျခား စာေစာင္ေတြကိုလည္း ထားခဲ့ေပးလိုက္တယ္။ သူတို႔ ယူဖတ္ၾကတဲ့ ဂ်ာနယ္ေတြထဲမွာဆိုရင္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးနဲ႔ က်န္းမာေရးဆိုင္ရာ အေၾကာင္းအရာေတြပါတဲ့ ဂ်ာနယ္ေတြကို အမ်ားဆံုး ယူဖတ္တာ ေတြ႕ရတယ္"ဟု တာခ်ီလိတ္ခရိုင္ ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနမွ ဦးစီးအရာရွိ ဦးလွေဌးက ေျပာသည္။

အဆိုပါသင္တန္းတြင္ သင္တန္းသား (၅၀) ေက်ာ္ရိွၿပီး သင္တန္းကာလအတြင္း လူမႈ၀န္ထမ္းဦးစီးဌာန၊ ကုသေရး(က်န္းမာေရး)၊ ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာန၊ မီးသတ္ဦးစီးဌာန၊ ၾကက္ေျခနီ၊ မူးယစ္ အထူးတပ္ဖြဲ႔၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔၊ MANA၊ ျပန္/ဆက္ဦးစီးဌာနႏွင့္ က်န္းမာေရးဦးစီးဌာနတို႔ကလည္း စိတ္ပိုင္းဆိုင္ရာ ျပန္လည္ထူေထာင္ေရးႏွင့္ သက္ေမြးသင္တန္းမ်ား သင္ၾကားေပးျခင္းမ်ားကို လုပ္ေဆာင္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

(၅)ပတ္ၾကာမည့္ အဆို ပါသင္တန္းအား လူမႈ၀န္ထမ္းဦးစီးဌာန၊ ျပည္ထဲေရး၀န္ႀကီးဌာန၊ ကုသေရးဦးစီးဌာန၊ MANA ႏွင့္ မုိင္းကုိးျပည္သူ႔စစ္အဖဲြ႕တုိ႔က ပူးေပါင္း၍ ဇူလိုင္လ(၁၀)ရက္ေန႔က စတင္ ဖြင့္လွစ္ျခင္းျဖစ္ၿပီး သင္တန္း တက္ေရာက္သူမ်ားထံမွ အခေၾကးေငြ ေကာက္ခံျခင္း မရွိေၾကာင္း သိရသည္။

အလားတူ သင္တန္းကို က်ိဳင္းတံုၿမိဳ႕၊ မုိင္းဇင္းေက်းရြာအုပ္စုတြင္ ၾသဂုတ္လ (၃၀)ရက္ေန႔၌ ဖြင့္လွစ္မည္ျဖစ္ရာ တက္ေရာက္လိုသူမ်ားအေနျဖင့္လည္း ကိုယ္တိုင္ေသာ္လည္းေကာင္း၊ မိဘအုပ္ထိန္းသူမ်ားက တစ္ဆင့္ေသာ္ လည္းေကာင္း လူမႈဝန္ထမ္းဦးစီးဌာန ဖုန္း ၀၉-၄၂၀၇၀၇၆၁၉ ႏွင့္ ၀၈၄-၂၂၅၂၉ သို႔ ရံုးခ်ိန္အတြင္း ဆက္သြယ္ေမးျမန္းစာရင္းေပးသြင္းႏုိင္ေၾကာင္း သိရသည္။

ဓာတ္ပံု - ယာေဆး



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ကုန်ရွာရှိ မူးယစ်ဆေးဖြတ် ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်းတွင် သင်တန်းသားများအား အသိပညာပေး ဟောပြောမှုများပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျန်းမာရေးဆိုင်ရာများကို စိတ်ဝင်စားသူ များကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

"ကျွန်တော်တို့ ဌာနအနေနဲ့ကတော့ အသိပညာပေးမှုတွေအဖြစ် ဟောပြောမှုတွေ လုပ်တယ်။ ဟောပြောပြီးတော့ ရုံးကနေ ယူလာတဲ့ စာအုပ်တွေ ချပေးထားတယ်။ ပြခန်းဓာတ်ပုံတွေ ချပြပေးထားတယ်။ စာအုပ်တွေကိုလည်း ပေးဖတ်ထားတယ်။ စာအုပ်တွေမှာ သူတို့အတွက် ထားခဲ့လို့ရမယ့် စာအုပ်တွေကို ထားခဲ့ပေးလိုက်ပြီး မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ လက်ကမ်းစာစောင်တွေနဲ့ အခြား စာစောင်တွေကိုလည်း ထားခဲ့ပေးလိုက်တယ်။ သူတို့ ယူဖတ်ကြတဲ့ ဂျာနယ်တွေထဲမှာဆိုရင် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ကျန်းမာရေးဆိုင်ရာ အကြောင်းအရာတွေပါတဲ့ ဂျာနယ်တွေကို အများဆုံး ယူဖတ်တာ တွေ့ရတယ်"ဟု တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှဌေးက ပြောသည်။

အဆိုပါသင်တန်းတွင် သင်တန်းသား (၅၀) ကျော်ရှိပြီး သင်တန်းကာလအတွင်း လူမှုဝန်ထမ်းဦးစီးဌာန၊ ကုသရေး(ကျန်းမာရေး)၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီ၊ မူးယစ် အထူးတပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ MANA၊ ပြန်/ဆက်ဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ကလည်း စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးနှင့် သက်မွေးသင်တန်းများ သင်ကြားပေးခြင်းများကို လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

(၅)ပတ်ကြာမည့် အဆို ပါသင်တန်းအား လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ MANA နှင့် မိုင်းကိုးပြည်သူ့စစ်အဖွဲ့တို့က ပူးပေါင်း၍ ဇူလိုင်လ(၁၀)ရက်နေ့က စတင် ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်း တက်ရောက်သူများထံမှ အခကြေးငွေ ကောက်ခံခြင်း မရှိကြောင်း သိရသည်။

အလားတူ သင်တန်းကို ကျိုင်းတုံမြို့၊ မိုင်းဇင်းကျေးရွာအုပ်စုတွင် သြဂုတ်လ (၃၀)ရက်နေ့၌ ဖွင့်လှစ်မည်ဖြစ်ရာ တက်ရောက်လိုသူများအနဖြေင့်လည်း ကိုယ်တိုင်သော်လည်းကောင်း၊ မိဘအုပ်ထိန်းသူများက တစ်ဆင့်သော် လည်းကောင်း လူမှုဝန်ထမ်းဦးစီးဌာန ဖုန်း ဝ၉-၄၂၀၇၀၇၆၁၉ နှင့် ဝ၈၄-၂၂၅၂၉ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

ဓာတ်ပုံ - ယာဆေး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~