က်ဳိင္းတံုၿမိဳ႕ ဓေမၼာဒယ ဆရာေတာ္ဘုရားႀကီး၏ ေနာက္ဆံုး အႏၱိမ အဂၢိစ်ာပန အခမ္းအနားအား ေအာက္တုိဘာလ ၁၅ ရက္ေန႔ ညေနတြင္ ျပဳလုပ္မည္

က်ဳိင္းတံုၿမိဳ႕ ဓေမၼာဒယ ဆရာေတာ္ဘုရားႀကီး၏ ေနာက္ဆံုး အႏၱိမ အဂၢိစ်ာပန အခမ္းအနားအား ေအာက္တုိဘာလ ၁၅ ရက္ေန႔ ညေနတြင္ ျပဳလုပ္မည္
ဇူလိုင် 21, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတုံၿမိဳ႕၊ ဓေမၼာဒယစာသင္တိုက္၏ ဦးစီးပဓာနနာယက၊ ႏိုင္ငံေတာ္ ၾသ၀ါဒစရိယ အဂၢမဟာပ႑ိတ၊ အဂၢမဟာ သဒၶမၼေဇာတိကဓဇ၊ အဘိဓဇမဟာရ႒ဂု႐ု ဘဒၵႏၱအာေဇယ် ဓေမၼာဒယ ဆရာေတာ္ဘုရားႀကီး၏ ေနာက္ဆံုး အႏၱိမ အဂၢိစ်ာပန အခမ္းအနားကုိ ေအာက္တုိဘာ ၁၅ ရက္ေန႔တြင္ ကတ္ဖအုပ္စု၊ ယန္းလွေက်းရြာအနီးရွိ က်ားေခါင္း ဘုန္းႀကီးေက်ာင္းတြင္ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

အႏၱိမ အဂၢိစ်ာပန အခမ္းအနား မက်င္းပမီကာလအတြင္း ဆရာေတာ္၏ ရုပ္ကလာပ္ေတာ္အား ဖူးေျမာ္ၾကည္ညိဳႏုိင္ရန္ က်ိဳင္းတုံၿမိဳ႕၊ အမွတ္(၃)ရပ္ကြက္၊ စြန္တန္ရပ္၊ ေလယာဥ္ကြင္းလမ္းရိွ ဓေမၼာဒယစာသင္တိုက္၏ ဓမၼာရုံအတြင္း၌ လွ်ပ္စစ္ေရခဲေခါင္းျဖင့္ ထားရွိထားေၾကာင္း သိရသည္။

စက္တင္ဘာလ (၁၇) ရက္ေန႔ ေန႔လယ္(၁)နာရီတြင္ ဆရာေတာ္၏ ရုပ္ကလာပ္ေတာ္အား အဆိုပါ ဓမၼာရံုမွ ဘုရားကိုးဆူေက်ာင္းဝန္း အတြင္း (၂၉)ရက္ၾကာ က်ိန္းေအာင္းပူေဇာ္မည့္ နိွဗၺာန္စံေက်ာင္းေတာ္သို႔ ပင့္ေဆာင္ထားရွိကာ ေအာက္တိုဘာလ (၁၅)ရက္ေန႔တြင္ ေနာက္ဆံုးအႏၱိမ အဂၢိစ်ာပနအခမ္းအနားအား ညေနပိုင္း၌ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

ဘုရားကိုးဆူေက်ာင္းဝန္းတြင္ ဆရာေတာ္၏ ရုပ္ကလာပ္ ပင့္ေဆာင္ထားရိွမည့္ (၂၉)ရက္အတြင္း တရားပြဲမ်ား ႏွင့္ ေလာကီဆိုင္ရာ ပြဲလမ္းသဘင္မ်ား က်င္းပျပဳလုပ္မည္ ျဖစ္ေသာ္လည္း   ေလာင္းကစားဝိုင္းမ်ားအား ခြင့္ျပဳထားျခင္း မရိွေၾကာင္း သိရသည္။

ဇူလုိင္ (၁၁)ရက္ည (၇)နာရီက ဘ၀နတ္ထံပ်ံလြန္ေတာ္မူခဲ့ေသာ က်ိဳင္းတုံၿမိဳ႕၊ အမွတ္(၃)ရပ္ကြက္၊ စြန္တန္ရပ္၊ ေလယာဥ္ကြင္းလမ္းရိွ ဓေမၼာဒယစာသင္တိုက္၏ ဦးစီးပဓာနနာယက၊ ႏိုင္ငံေတာ္ ၾသ၀ါဒစရိယ အဘိဓဇမဟာရ႒ဂု႐ု ဘဒၵႏၱအာေဇယ် ဓေမၼာဒယ ဆရာေတာ္ဘုရားႀကီး၏ အႏၱိမ စ်ာပန အခမ္းအနား က်င္းပေရးအတြက္ ဇူလုိင္လ(၁၂)ရက္ေန႔က အဆုိပါ ေက်ာင္းတုိက္တြင္ ညႇိႏႈိင္းအစည္းအေ၀း က်င္းပ ဆံုးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဆရာေတာ္ဘုရားႀကီးသည္ ၀ါေတာ္ (၇၁)၀ါႏွင့္ သက္ေတာ္(၉၁)ႏွစ္ရွိၿပီျဖစ္ေၾကာင္း သိရသည္။

ဓာတ္ပံု - စိန္ျမခိုင္ ( ရွမ္းေလး - တာခ်ီလိတ္ )


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ဓမ္မောဒယစာသင်တိုက်၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော် သြဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာဇေယျ ဓမ္မောဒယ ဆရာတော်ဘုရားကြီး၏ နောက်ဆုံး အန္တိမ အဂ္ဂိဈာပန အခမ်းအနားကို အောက်တိုဘာ ၁၅ ရက်နေ့တွင် ကတ်ဖအုပ်စု၊ ယန်းလှကျေးရွာအနီးရှိ ကျားခေါင်း ဘုန်းကြီးကျောင်းတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အန္တိမ အဂ္ဂိဈာပန အခမ်းအနား မကျင်းပမီကာလအတွင်း ဆရာတော်၏ ရုပ်ကလာပ်တော်အား ဖူးမြော်ကြည်ညိုနိုင်ရန် ကျိုင်းတုံမြို့၊ အမှတ်(၃)ရပ်ကွက်၊ စွန်တန်ရပ်၊ လေယာဉ်ကွင်းလမ်းရှိ ဓမ္မောဒယစာသင်တိုက်၏ ဓမ္မာရုံအတွင်း၌ လျှပ်စစ်ရေခဲခေါင်းဖြင့် ထားရှိထားကြောင်း သိရသည်။

စက်တင်ဘာလ (၁၇) ရက်နေ့ နေ့လယ်(၁)နာရီတွင် ဆရာတော်၏ ရုပ်ကလာပ်တော်အား အဆိုပါ ဓမ္မာရုံမှ ဘုရားကိုးဆူကျောင်းဝန်း အတွင်း (၂၉)ရက်ကြာ ကျိန်းအောင်းပူဇော်မည့် နှိဗ္ဗာန်စံကျောင်းတော်သို့ ပင့်ဆောင်ထားရှိကာ အောက်တိုဘာလ (၁၅)ရက်နေ့တွင် နောက်ဆုံးအန္တိမ အဂ္ဂိဈာပနအခမ်းအနားအား ညနေပိုင်း၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဘုရားကိုးဆူကျောင်းဝန်းတွင် ဆရာတော်၏ ရုပ်ကလာပ် ပင့်ဆောင်ထားရှိမည့် (၂၉)ရက်အတွင်း တရားပွဲများ နှင့် လောကီဆိုင်ရာ ပွဲလမ်းသဘင်များ ကျင်းပပြုလုပ်မည် ဖြစ်သော်လည်း လောင်းကစားဝိုင်းများအား ခွင့်ပြုထားခြင်း မရှိကြောင်း သိရသည်။

ဇူလိုင် (၁၁)ရက်ည (၇)နာရီက ဘဝနတ်ထံပျံလွန်တော်မူခဲ့သော ကျိုင်းတုံမြို့၊ အမှတ်(၃)ရပ်ကွက်၊ စွန်တန်ရပ်၊ လေယာဉ်ကွင်းလမ်းရှိ ဓမ္မောဒယစာသင်တိုက်၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော် သြဝါဒစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာဇေယျ ဓမ္မောဒယ ဆရာတော်ဘုရားကြီး၏ အန္တိမ ဈာပန အခမ်းအနား ကျင်းပရေးအတွက် ဇူလိုင်လ(၁၂)ရက်နေ့က အဆိုပါ ကျောင်းတိုက်တွင် ညှိနှိုင်းအစည်းအေဝး ကျင်းပ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆရာတော်ဘုရားကြီးသည် ဝါတော် (၇၁)ဝါနှင့် သက်တော်(၉၁)နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - စိန်မြခိုင် ( ရှမ်းလေး - တာချီလိတ် )

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~