ေနရပ္ျပန္လိုသည့္ ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ားအား တာခ်ီလိတ္ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီမွ ကူညီေပးေန

ေနရပ္ျပန္လိုသည့္ ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ားအား တာခ်ီလိတ္ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီမွ ကူညီေပးေန
ဇူလိုင် 2, 2017
By Tachileik News Agency

ထိုင္းႏိုင္ငံအလုပ္သမားေရးရာ ညႊန္ၾကားမွဳဦးစီးဌာန၏ ေျပာင္းလဲလိုက္ေသာ စနစ္ေၾကာင့္ ဖမ္းဆီး စစ္ေဆးေရး ဆိုင္းငံ့ထားသည့္ ရက္ေပါင္း(၁၂၀)အတြင္း ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ား ေနရပ္ျပန္ရန္ အတြက္ ျမန္မာ - ထိုင္း နယ္စပ္ေပါက္မ်ားမွ တစ္ဆင့္ ၀င္ေရာက္မႈမ်ား ရွိေနလ်က္ရွိရာ တာခ်ီလိတ္သို႔ ၀င္ေရာက္လိုသူမ်ားအတြက္ တာခ်ီလိတ္ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီမွ ကူညီေပးေနလ်က္ရွိရာ ဇူလိုင္လ(၂)ရက္ေန႔ ေန႔လယ္(၁၂း၄၀)နာရီအခ်ိန္က ရင္ခြင္ပိုက္ ကေလးငယ္အပါအ၀င္ ျမန္မာႏိုင္ငံသား (၁၇)ဦး တာခ်ီလိတ္သို႔ ၀င္ေရာက္လာေၾကာင္း သိရသည္။

၎တို႔ အကုန္အက် မရွိဘဲ ေခ်ာေမြ႕စြာျဖင့္ တာခ်ီလိတ္သို႔ ျပန္လည္ ၀င္ေရာက္လာႏိုင္ရန္ တာခ်ီလိတ္ခရိုင္ စီမံခန္႔ခြဲမႈေကာ္မတီ၊ အတြင္းေရးမွဴး ခရိုင္လ၀ကမွဴး ဦးေက်ာ္ေမာ္ထြန္း၊ တာခ်ီလိတ္ခရိုင္ ဒုတိယခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေဇာ္၀င္းေဌး ႏွင့္ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔၀င္မ်ားႏွင့္ ဌာနမ်ား အပါအ၀င္ CNCMC အလုပ္အမႈေဆာင္မ်ားမွ ထိုင္းႏိုင္ငံ လ၀က ႏွင့္ ေပါင္းစပ္ေဆာင္ရြက္ကာ ကူညီေပးခဲ့ၾကေၾကာင္း သိရသည္။

ဇူလိုင္လ(၂)ရက္ေန႔ ေန႔လယ္ပိုင္း၌ တာခ်ီလိတ္သို႔ ျပန္လည္ ေရာက္ရွိလာသူမ်ားတြင္ အမ်ဳိးသား(၄)ဦး အမ်ဳိးသမီး(၁၀)ဦး အပါအ၀င္ ရင္ခြင္ပိုက္ ကေလးငယ္(၃)ဦး စုစုေပါင္း (၁၆)ဦးပါ၀င္ရာ တာခ်ီလိတ္မ၀င္မီ မယ္ဆိုင္ လ၀က ရံုးတြင္ ထိုင္း လ၀က မွ စာရင္းမ်ား ရယူၿပီး လူကုန္ကူးႏွင့္ ပတ္သက္သည့္ အသိပညာ ေပးမႈမ်ား ျပဳလုပ္ကာ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၂)တံတား တာခ်ီလိတ္ဘက္သို႔ လိုက္ပါ ပို႔ေဆာင္ေပးခဲ့ၾကသည္။

အဆိုပါ ျမန္မာႏိုင္ငံသားမ်ားမွာ ထိုင္းႏိုင္ငံ ခ်င္းရိုင္းခရိုင္အတြင္းမွျဖစ္ေၾကာင္း ႏွင့္ ၎တို႔သည္ တာခ်ီလိတ္မွ တစ္ဆင့္ ၎တို႔၏ မူလေနရပ္မ်ားသို႔ ေန႔လယ္(၁)နာရီ အခ်ိန္မွာပင္ ေမာ္ေတာ္ယာဥ္ျဖင့္ ျပန္သြားၾကၿပီ ျဖစ္ေၾကာင္း သိရသည္။

လတ္တေလာတြင္ ျမန္မာ - ထိုင္း နယ္စပ္ တာခ်ီလိတ္သို႔ အခ်ဳိ႕ေသာ ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ားမွာ ပြဲစားမ်ားျဖင့္ ေငြကုန္ခံ၍ ခ်ိတ္ဆက္ၿပီး ျပန္လာသည္မ်ားလည္း ရွိေၾကာင္း သိရ၍ ျမန္မာ - ထိုင္းနယ္ စပ္ဂိတ္မ်ားတြင္ တရား၀င္ကူညီေပးေနသည့္ အဖြဲ႔အစည္းမ်ားအား ဆက္သြယ္ အကူအညီေတာင္းခံပါက ေငြေၾကး ကုန္က်မႈမရွိဘဲ ျမန္မာဘက္ကို အဆင္ေျပစြာ ေရာက္ရွိႏိုင္မွာျဖစ္သည့္အတြက္ တရား၀င္ ကူညီေပးေရး အဖြဲ႔အစည္းမ်ားထံ ဆက္သြယ္ကူညီေတာင္းခံဖို႔လိုေၾကာင္း CNCMC ေကာ္မတီ မွ အသိေပးထားသည္။

တာခ်ီလိတ္သို႔ ၀င္ေရာက္လာလိုၿပီး ေရႊ႕ေျပာင္း ျမန္မာလုပ္သား မွန္ကန္ပါက ထိုင္းဖုန္း 0850388887 ၊ 0897558729 သို႔ ဆက္သြယ္၍ အကူအညီ ေတာင္းခံႏိုင္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေဇာင္းညီ



~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံအလုပ်သမားရေးရာ ညွှန်ကြားမှုဦးစီးဌာန၏ ပြောင်းလဲလိုက်သော စနစ်ကြောင့် ဖမ်းဆီး စစ်ဆေးရေး ဆိုင်းငံ့ထားသည့် ရက်ပေါင်း(၁၂၀)အတွင်း ရွှေ့ပြောင်းမြန်မာလုပ်သားများ နေရပ်ပြန်ရန် အတွက် မြန်မာ - ထိုင်း နယ်စပ်ပေါက်များမှ တစ်ဆင့် ဝင်ရောက်မှုများ ရှိနေလျက်ရှိရာ တာချီလိတ်သို့ ဝင်ရောက်လိုသူများအတွက် တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီမှ ကူညီပေးနေလျက်ရှိရာ ဇူလိုင်လ(၂)ရက်နေ့ နေ့လယ်(၁၂း၄၀)နာရီအချိန်က ရင်ခွင်ပိုက် ကလေးငယ်အပါအဝင် မြန်မာနိုင်ငံသား (၁၇)ဦး တာချီလိတ်သို့ ဝင်ရောက်လာကြောင်း သိရသည်။

၎င်းတို့ အကုန်အကျ မရှိဘဲ ချောမွေ့စွာဖြင့် တာချီလိတ်သို့ ပြန်လည် ဝင်ရောက်လာနိုင်ရန် တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီ၊ အတွင်းရေးမှူး ခရိုင်လဝကမှူး ဦးကျော်မော်ထွန်း၊ တာချီလိတ်ခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းဌေး နှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနများ အပါအဝင် CNCMC အလုပ်အမှုဆောင်များမှ ထိုင်းနိုင်ငံ လဝက နှင့် ပေါင်းစပ်ဆောင်ရွက်ကာ ကူညီပေးခဲ့ကြကြောင်း သိရသည်။

ဇူလိုင်လ(၂)ရက်နေ့ နေ့လယ်ပိုင်း၌ တာချီလိတ်သို့ ပြန်လည် ရောက်ရှိလာသူများတွင် အမျိုးသား(၄)ဦး အမျိုးသမီး(၁၀)ဦး အပါအဝင် ရင်ခွင်ပိုက် ကလေးငယ်(၃)ဦး စုစုပေါင်း (၁၆)ဦးပါဝင်ရာ တာချီလိတ်မဝင်မီ မယ်ဆိုင် လဝက ရုံးတွင် ထိုင်း လဝက မှ စာရင်းများ ရယူပြီး လူကုန်ကူးနှင့် ပတ်သက်သည့် အသိပညာ ပေးမှုများ ပြုလုပ်ကာ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတား တာချီလိတ်ဘက်သို့ လိုက်ပါ ပို့ဆောင်ပေးခဲ့ကြသည်။

အဆိုပါ မြန်မာနိုင်ငံသားများမှာ ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အတွင်းမှဖြစ်ကြောင်း နှင့်၎င်းတို့သည် တာချီလိတ်မှ တစ်ဆင့်၎င်းတို့၏ မူလနေရပ်များသို့ နေ့လယ်(၁)နာရီ အချိန်မှာပင် မော်တော်ယာဉ်ဖြင့် ပြန်သွားကြပြီ ဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် မြန်မာ - ထိုင်း နယ်စပ် တာချီလိတ်သို့ အချို့သော ရွှေ့ပြောင်းမြန်မာလုပ်သားများမှာ ပွဲစားများဖြင့် ငွေကုန်ခံ၍ ချိတ်ဆက်ပြီး ပြန်လာသည်များလည်း ရှိကြောင်း သိရ၍ မြန်မာ - ထိုင်းနယ် စပ်ဂိတ်များတွင် တရားဝင်ကူညီပေးနေသည့် အဖွဲ့အစည်းများအား ဆက်သွယ် အကူအညီတောင်းခံပါက ငွေကြေး ကုန်ကျမှုမရှိဘဲ မြန်မာဘက်ကို အဆင်ပြေစွာ ရောက်ရှိနိုင်မှာဖြစ်သည့်အတွက် တရားဝင် ကူညီပေးရေး အဖွဲ့အစည်းများထံ ဆက်သွယ်ကူညီတောင်းခံဖို့လိုကြောင်း CNCMC ကော်မတီ မှ အသိပေးထားသည်။

တာချီလိတ်သို့ ဝင်ရောက်လာလိုပြီး ရွှေ့ပြောင်း မြန်မာလုပ်သား မှန်ကန်ပါက ထိုင်းဖုန်း 0850388887၊ 0897558729 သို့ ဆက်သွယ်၍ အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~