တာခ်ီလိတ္မွ တစ္ဆင့္သယ္ေဆာင္လာၿပီး က်ဳိင္းတံုတြင္ ဖမ္းဆီးရမိသည့္ ေအးခဲအသားမ်ားကို မီးရိႈ႕ဖ်က္ဆီး

တာခ်ီလိတ္မွ တစ္ဆင့္သယ္ေဆာင္လာၿပီး က်ဳိင္းတံုတြင္ ဖမ္းဆီးရမိသည့္ ေအးခဲအသားမ်ားကို မီးရိႈ႕ဖ်က္ဆီး
ဇူလိုင် 5, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕မွ တစ္ဆင့္ သယ္ေဆာင္လာၿပီး က်ဳိင္းတံုတြင္ ဖမ္းဆီးရမိသည့္ ေအးခဲအသားမ်ားကို က်ဳိင္းတံုၿမိဳ႕ရွိ ရထားဘူတာေဟာင္းတြင္ ဇူလိုင္လ(၅)ရက္ေန႔ နံနက္(၁၁)နာရီခြဲ၀န္းက်င္အခ်ိန္က က်ိဳင္းတုံခရို္င္ စားသုံးသူအျငင္းပြားမႈ ေျဖရွင္းေရးအဖြဲ႔က ဥပေဒအရ မီးရိႈ ့ဖ်က္ဆီးလိုက္ေၾကာင္း သိရသည္။

"မေန႔ ညေန(၃)နာရီေလာက္က ေနာင္ႏြန္းဂိတ္မွာ ဖမ္းမိတဲ့ တရားဝင္လိုင္စင္မရိွတဲ႔ ေအးခဲအသားေတြကို စားသံုးသူ ဥပေဒအရ ဒီေန႔ မီးရိႈ႔ဖ်က္ဆီးတာျဖစ္ပါတယ္။ ကားနဲ႔သယ္ေဆာင္လာသူကိုလည္း ခံဝန္ ထိုးခိုင္းထားပါတယ္။"ဟု က်ိဳင္းတုံခရိုင္စားသုံးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ ့မွ အတြင္းေရးမွဴး ဦးသန္းစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တရားဝင္ လိုင္စင္မရိွသည့္ ေအးခဲအသားမ်ားျဖစ္သည့္ ၾကက္ေတာင္ပံႀကီး (၄၈)ကီလို၊ ၾကက္ ေတာင္ပံေသး (၈၄)ကီလို၊ ၾကက္ေပါင္ (၂၄)ကီလို၊ ၾကက္ရင္အုပ္(၉၆)ကီလို၊ ၾကက္ေၾကာ (၁၄၄)ကီလိုႏွင့္ ၾကက္ျမစ္ (၁၂၈)ကီလို စုစုေပါင္း (၅၂၄)ကီလို ကာလတန္ဖိုး က်ပ္(၁,၇၉၂,၀၀၀)ကို တာခ်ီလိတ္ၿမိဳ႕မွ က်ိဳင္းတံုၿမိဳ႕သို႔ ကားျဖင့္ သယ္ေဆာင္လာမည္ဟု ခ႐ိုင္စားသံုးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႔သို႔ သတင္းေပးတိုင္ၾကားလာသျဖင္႔ ဇူလိုင္လ(၄)ရက္ေန႔ ညေနပိုင္းက ဖမ္းဆီးသိမ္းဆည္းလိုက္ၿပီးေနာက္ ယခုလို ဥပေဒအရ အေရးယူေဆာင္ရြက္ရျခင္းျဖစ္ေၾကာင္း ၎က ဆိုသည္။

ေအးခဲအသားမ်ား ၀ယ္ယူေရာင္းခ်မႈမ်ား ျပဳလုပ္ႏိုင္ရန္အတြက္ လိုင္စင္ျပဳလုပ္ခြင့္ရွိေသာ္လည္း ယေန႔ အခ်ိန္ထိ လိုင္စင္ ျပဳလုပ္သူမရွိေသးေၾကာင္း သိရသည္။

"ဒီေအးခဲအသားေတြကို က်ိဳင္းတံုမွာ ေရာင္းခ်ခ်င္တယ္ဆိုရင္ တိ/ေမြး/ကုဆီမွာ တရားဝင္ လုိုင္စင္ လုပ္ထားဖို႔ လိုအပ္ပါတယ္။ ဒါေပမယ့္ အခုခ်ိန္ထိ ဘယ္သူကမွ ေအးခဲအသားေရာင္းခ်ခြင္႔ လိုင္စင္ လုပ္မထားၾကပါဘူး။"ဟု က်ိဳင္းတုံခရိုင္စားသုံးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ ့မွ အတြင္းေရးမွဴး ဦးသန္းစိုးက ေျပာသည္။

ခြင့္ျပဳလိုင္စင္မရိွသည့္ ေအးခဲအသားမ်ားကို က်ိဳင္းတုံခရိုင္စားသုံးသူ အျငင္းပြားမႈေျဖရွင္းေရးအဖြဲ ့မွ စားသုံးသူအကာအကြယ္ေပးေရးဥပေဒ ပုဒ္မ ၁၉/င ႏွင့္ ၁၉/စ အရ မီးရိႈ့ဖ်က္ဆီးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ေအးခဲအသားမ်ားကို မီးရႈိ႕ဖ်က္ဆီးရာသို႔ စားသုံးသူေရးရာဦးစီးဌာနမွ ခရိုင္ဦးစီးမွဴး ဦးသန္းစိုးနွင္႔ သက္ဆိုင္ရာဌာနမ်ားမွ တာဝန္ရိွသူမ်ား၊ ၿမိဳ႕မိၿမိဳ႕ဖမ်ားနွင္႔ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးမ်ား တက္ေရာက္ခ့ဲၾကသည္။

သတင္း/ဓာတ္ပံု - ဇြဲျမတ္


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့မှ တစ်ဆင့် သယ်ဆောင်လာပြီး ကျိုင်းတုံတွင် ဖမ်းဆီးရမိသည့် အေးခဲအသားများကို ကျိုင်းတုံမြို့ရှိ ရထားဘူတာဟောင်းတွင် ဇူလိုင်လ(၅)ရက်နေ့ နံနက်(၁၁)နာရီခွဲဝန်းကျင်အချိန်က ကျိုင်းတုံခရို်င် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့က ဥပဒေအရ မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။

"မနေ့ ညနေ(၃)နာရီလောက်က နောင်နွန်းဂိတ်မှာ ဖမ်းမိတဲ့ တရားဝင်လိုင်စင်မရှိတဲ့ အေးခဲအသားတွေကို စားသုံးသူ ဥပဒေအရ ဒီနေ့ မီးရှို့ဖျက်ဆီးတာဖြစ်ပါတယ်။ ကားနဲ့သယ်ဆောင်လာသူကိုလည်း ခံဝန် ထိုးခိုင်းထားပါတယ်။"ဟု ကျိုင်းတုံခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့မှ အတွင်းရေးမှူး ဦးသန်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တရားဝင် လိုင်စင်မရှိသည့် အေးခဲအသားများဖြစ်သည့် ကြက်တောင်ပံကြီး (၄၈)ကီလို၊ ကြက် တောင်ပံသေး (၈၄)ကီလို၊ ကြက်ပေါင် (၂၄)ကီလို၊ ကြက်ရင်အုပ်(၉၆)ကီလို၊ ကြက်ကြော (၁၄၄)ကီလိုနှင့် ကြက်မြစ် (၁၂၈)ကီလို စုစုပေါင်း (၅၂၄)ကီလို ကာလတန်ဖိုး ကျပ်(၁,၇၉၂,ဝဝဝ)ကို တာချီလိတ်မြို့မှ ကျိုင်းတုံမြို့သို့ ကားဖြင့် သယ်ဆောင်လာမည်ဟု ခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့သို့ သတင်းပေးတိုင်ကြားလာသဖြင့် ဇူလိုင်လ(၄)ရက်နေ့ ညနေပိုင်းက ဖမ်းဆီးသိမ်းဆည်းလိုက်ပြီးနောက် ယခုလို ဥပဒေအရ အရေးယူဆောင်ရွက်ရခြင်းဖြစ်ကြောင်း၎င်းက ဆိုသည်။

အေးခဲအသားများ ဝယ်ယူရောင်းချမှုများ ပြုလုပ်နိုင်ရန်အတွက် လိုင်စင်ပြုလုပ်ခွင့်ရှိသော်လည်း ယနေ့ အချိန်ထိ လိုင်စင် ပြုလုပ်သူမရှိသေးကြောင်း သိရသည်။

"ဒီအေးခဲအသားတွေကို ကျိုင်းတုံမှာ ရောင်းချချင်တယ်ဆိုရင် တိ/မွေး/ကုဆီမှာ တရားဝင် လိုင်စင် လုပ်ထားဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အခုချိန်ထိ ဘယ်သူကမှ အေးခဲအသားရောင်းချခွင့် လိုင်စင် လုပ်မထားကြပါဘူး။"ဟု ကျိုင်းတုံခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့မှ အတွင်းရေးမှူး ဦးသန်းစိုးက ပြောသည်။

ခွင့်ပြုလိုင်စင်မရှိသည့် အေးခဲအသားများကို ကျိုင်းတုံခရိုင်စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့မှ စားသုံးသူအကာအကွယ်ပေးရေးဥပဒေ ပုဒ်မ ၁၉/င နှင့် ၁၉/စ အရ မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အေးခဲအသားများကို မီးရှို့ဖျက်ဆီးရာသို့ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းစိုးနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

သတင်း/ဓာတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~