ထိုင်းနိုင်ငံမှ နေရပ်ပြန် ရွှေ့ပြောင်းမြန်မာလုပ်သားများအတွက်

ထိုင်းနိုင်ငံမှ နေရပ်ပြန် ရွှေ့ပြောင်းမြန်မာလုပ်သားများအတွက်
ဇူလိုငျ 6, 2017
By Tachileik News Agency

လတ်တလောတွင် ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် ရွှေ့ပြောင်းလုပ်သား မြန်မာနိုင်ငံသားများ အနေဖြင့် နေရပ်သို့ ပြန်လာလျက်ရှိရာ မယ်ဆိုင် မှ တဆင့် တာချီလိတ်သို့ ပြန်လာမည့် သူများအနေဖြင့် ပွဲစားများဖြင့် ချိတ်ဆက်ခြင်း၊ ထိုင်းရဲများမှ ဖမ်းဆီးထားခြင်း၊ ငွေတောင်းခံခြင်း နှင့် မယ်ဆိုင်ဘက် တံတားထိပ်တွင် မြန်မာနိုင်ငံသား အချင်းချင်းသော် လည်းကောင်း၊ ထိုင်းနိုင်ငံသားမှသော်လည်းကောင်း ငွေကြေးရယူကာ တာချီလိတ်သို့ ပို့ဆောင်ပေးမှုများအား သတိရှိရန်အတွက် CNCMC ကော်မတီမှ အသိပေးထားကာ လိုအပ်ပါက ကူညီပေးနိုင်ရန်အတွက် ဖုန်းနံပါတ်အား ဖော်ပြထားရှိပါသည်။

ထို့အတူ ပြည်တော်ပြန် ရွှေ့ပြောင်းလုပ်သား မြန်မာနိုင်ငံသားများအနေဖြင့် တာချီလိတ်တွင် ဆောက်လုပ်ရေးလုပ်ငန်းနှင့် ပတ်သက်၍ အလုပ်အကိုင် လုပ်လိုပါက တာချီလိတ်ရှိ လုံမောဝ် ဆောက်လုပ်ရေးကုမ္ပဏီမှ ဆောက်လုပ်ရေးလုပ်သား လူဦးရေ အကန့်အသတ်မရှိ ခေါ်နေသည်ကို သိရှိနိုင်ရန်အတွက် တာချီလိတ်သတင်းအေဂျင်စီမှ ဖော်ပြပေးလိုက်ပါသည်။


~~~~~~~~⊰❂ unicode ~~~~~~~~

လတ်တလောတွင် ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် ရွှေ့ပြောင်းလုပ်သား မြန်မာနိုင်ငံသားများအနဖြေင့် နေရပ်သို့ ပြန်လာလျက်ရှိရာ မယ်ဆိုင် မှ တဆင့် တာချီလိတ်သို့ ပြန်လာမည့် သူများအနဖြေင့် ပွဲစားများဖြင့် ချိတ်ဆက်ခြင်း၊ ထိုင်းရဲများမှ ဖမ်းဆီးထားခြင်း၊ ငွေတောင်းခံခြင်း နှင့် မယ်ဆိုင်ဘက် တံတားထိပ်တွင် မြန်မာနိုင်ငံသား အချင်းချင်းသော် လည်းကောင်း၊ ထိုင်းနိုင်ငံသားမှသော်လည်းကောင်း ငွေကြေးရယူကာ တာချီလိတ်သို့ ပို့ဆောင်ပေးမှုများအား သတိရှိရန်အတွက် CNCMC ကော်မတီမှ အသိပေးထားကာ လိုအပ်ပါက ကူညီပေးနိုင်ရန်အတွက် ဖုန်းနံပါတ်အား ဖော်ပြထားရှိပါသည်။

ထို့အတူ ပြည်တော်ပြန် ရွှေ့ပြောင်းလုပ်သား မြန်မာနိုင်ငံသားများအနဖြေင့် တာချီလိတ်တွင် ဆောက်လုပ်ရေးလုပ်ငန်းနှင့် ပတ်သက်၍ အလုပ်အကိုင် လုပ်လိုပါက တာချီလိတ်ရှိ လုံမောဝ် ဆောက်လုပ်ရေးကုမ္ပဏီမှ ဆောက်လုပ်ရေးလုပ်သား လူဦးရေ အကန့်အသတ်မရှိ ခေါ်နေသည်ကို သိရှိနိုင်ရန်အတွက် တာချီလိတ်သတင်းအေဂျင်စီမှ ဖော်ပြပေးလိုက်ပါသည်။ 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~