ေနရပ္ျပန္ ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ား မယ္ဆိုင္မွ တဆင့္ တာခ်ီလိတ္သို႔ ထပ္မံေရာက္ရွိ

ေနရပ္ျပန္ ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ား မယ္ဆိုင္မွ တဆင့္ တာခ်ီလိတ္သို႔ ထပ္မံေရာက္ရွိ
ဇူလိုင် 6, 2017
By Tachileik News Agency

ထိုင္းႏိုင္ငံ ခ်င္းရိုင္းခရိုင္အတြင္း ေရာက္ရွိေနသည့္ ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ားမွ ဇူလိုင္လ(၆)ရက္ေန႔ ညေနပိုင္းတြင္ ျမန္မာ - ထိုင္းအမွတ္(၂) ခ်စ္ၾကည္ေရးတံတားမွ တစ္ဆင့္ တာခ်ီလိတ္သို႔ ျမန္မာႏိုင္ငံသား ရင္ခြင္ပိုက္ကေလး အပါအဝင္ စုစုေပါင္း (၃၇)ဦး ထပ္မံ ၀င္ေရာက္လာေၾကာင္း သိရသည္။

အဆိုပါ (၃၇)ဦးအား CNCMC ေကာ္မတီမွ မယ္ဆိုင္ လ၀က ရံုးတြင္ ေမာ္ေတာ္ယာဥ္မ်ားျဖင့္ သြားေရာက္ ႀကိဳဆိုေခၚေဆာင္လာၿပီး ျမန္မာ - ထိုင္းအမွတ္(၂) ခ်စ္ၾကည္ေရးတံတား ျမန္မာဘက္တြင္ တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္ စီမံခန္႔ခြဲမႈေကာ္မတီမွ တာ၀န္ရွိသူမ်ား၊ သက္ဆိုင္ရာဌာနမ်ား မွ ႀကိဳဆိုခဲ့ၾကၿပီးေနာက္ က်ားျဖဴပါတီမွ စားစရာမ်ားကို ေ၀ငွေပးခဲ့ၾကသည္။

ယေန႔ ဇူလိုင္လ(၆)ေန႔လယ္ပိုင္းတြင္ ျမန္မာႏိုင္ငံသား (၉၉)ဦး ေရာက္ရွိၿပီးေနာက္ ညေနပိုင္းတြင္ ျမန္မာႏိုင္ငံသား (၃၇)ဦး ေရာက္ရွိလာခဲ့ျခင္းျဖစ္ၿပီး ဇူလိုင္လ(၇)ရက္ေန႔တြင္လည္း ထပ္မံ၀င္ေရာက္လာဦးမည္ျဖစ္ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံမွ ေနရပ္ျပန္လာလိုၿပီး ထိုင္းႏိုင္ငံအတြင္းမွ နယ္စပ္ဂိတ္မ်ားသို႔ သြားလာရန္ အခက္အခဲ ျဖစ္ေနသူမ်ား ႏွင့္ ထိုင္းရဲစစ္ေဆးေရးဂိတ္မ်ားမွ ေငြၫွစ္ေတာင္းခံမႈမ်ားအျပင္ နယ္စပ္၀င္ေပါက္တြင္ ကားသမားမ်ားမွ ျဖစ္ေစ၊ ပြဲစားမ်ားမွျဖစ္ေစ ေငြေၾကးေတာင္းခံပါက CNCMC ေကာ္မတီ၏ 0850388887 ၊ 0897558729 သို႔ ဖုန္းျဖင့္ဆက္သြယ္၍ အကူအညီေတာင္းခံႏိုင္ေၾကာင္း သိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အတွင်း ရောက်ရှိနေသည့် ရွှေ့ပြောင်းမြန်မာလုပ်သားများမှ ဇူလိုင်လ(၆)ရက်နေ့ ညနေပိုင်းတွင် မြန်မာ - ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှ တစ်ဆင့် တာချီလိတ်သို့ မြန်မာနိုင်ငံသား ရင်ခွင်ပိုက်ကလေး အပါအဝင် စုစုပေါင်း (၃၇)ဦး ထပ်မံ ဝင်ရောက်လာကြောင်း သိရသည်။

အဆိုပါ (၃၇)ဦးအား CNCMC ကော်မတီမှ မယ်ဆိုင် လဝက ရုံးတွင် မော်တော်ယာဉ်များဖြင့် သွားရောက် ကြိုဆိုခေါ်ဆောင်လာပြီး မြန်မာ - ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတား မြန်မာဘက်တွင် တာချီလိတ်ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများ မှ ကြိုဆိုခဲ့ကြပြီးနောက် ကျားဖြူပါတီမှ စားစရာများကိုေဝငှပေးခဲ့ကြသည်။

ယနေ့ ဇူလိုင်လ(၆)နေ့လယ်ပိုင်းတွင် မြန်မာနိုင်ငံသား (၉၉)ဦး ရောက်ရှိပြီးနောက် ညနေပိုင်းတွင် မြန်မာနိုင်ငံသား (၃၇)ဦး ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ(၇)ရက်နေ့တွင်လည်း ထပ်မံဝင်ရောက်လာဦးမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ နေရပ်ပြန်လာလိုပြီး ထိုင်းနိုင်ငံအတွင်းမှ နယ်စပ်ဂိတ်များသို့ သွားလာရန် အခက်အခဲ ဖြစ်နေသူများ နှင့် ထိုင်းရဲစစ်ဆေးရေးဂိတ်များမှ ငွေညှစ်တောင်းခံမှုများအပြင် နယ်စပ်ဝင်ပေါက်တွင် ကားသမားများမှ ဖြစ်စေ၊ ပွဲစားများမှဖြစ်စေ ငွေကြေးတောင်းခံပါက CNCMC ကော်မတီ၏ 0850388887၊ 0897558729 သို့ ဖုန်းဖြင့်ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~