ထိုင်းဘတ်ငွေ ပုံစံသစ်များ စက်တင်ဘာလတွင် စတင်လည်ပတ်သုံးစွဲမည်

ထိုင်းဘတ်ငွေ ပုံစံသစ်များ စက်တင်ဘာလတွင် စတင်လည်ပတ်သုံးစွဲမည်
ဇူလိုငျ 20, 2017
By Tachileik News Agency


အသစ်ထုတ်မည့် ဘတ်(၂၀) ငွေစက္ကူတွင် ဘုရင်ဘူမိဘောအဒူလျာဒက်၏ ငယ်စဉ်ပုံ၊ ဘတ်(၅၀) ငွေစက္ကူတွင် ဘုရင်ဘူမိဘော နန်းတက်စဉ်ကပုံ၊ ဘတ် (၁၀၀)ငွေစက္ကူတွင် ကျေးလက်လူထုနှင့် တွေ့ဆုံသည့်ပုံ၊ ဘတ် (၅၀၀ ) ငွေစက္ကူတွင် ဘုရင်ဘူမိဘော၏ ဥာဏ်အမြော်အမြင်ကြီးမားမှုစွာ စီမံကိန်းများလုပ်ဆောင်ခဲ့ပုံ၊ ဘတ် (၁၀၀၀) တန်တွင် ပြည်သူချစ်သော ဘူရင်ဘူမိဘော၏ နောက်ဆုံးနန်းစံချိန်ကပုံတို့ကို အသီးသီးအသုံးပြု ထုတ်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။


Photo: BOT


~~~~~~~~⊰❂ unicode ~~~~~~~~

နတ်ပြည်စံ ထိုင်းဘုရင်ကြီး ဘူမိဘော အဒူလျာဒက် ( Bhumibol Adulyadej ) အမှတ်တရအဖြစ် ထိုင်းနိုင်ငံသုံးငွေစက္ကူအသစ်များကို ၂၀၁၇ခုနှစ် စက်တင်ဘာလ (၂၀)ရက်နေ့တွင် စတင်သုံးစွဲမည် ဖြစ်ကြောင်း ဇူလိုင်လ (၂၀)နေ့တွင် ထုတ်ပြန်လိုက်သည်။

အသစ်ထုတ်မည့် ဘတ်(၂၀) ငွေစက္ကူတွင် ဘုရင်ဘူမိဘောအဒူလျာဒက်၏ ငယ်စဉ်ပုံ၊ ဘတ်(၅၀) ငွေစက္ကူတွင် ဘုရင်ဘူမိဘော နန်းတက်စဉ်ကပုံ၊ ဘတ် (၁၀၀)ငွေစက္ကူတွင် ကျေးလက်လူထုနှင့် တွေ့ဆုံသည့်ပုံ၊ ဘတ် (၅၀၀ ) ငွေစက္ကူတွင် ဘုရင်ဘူမိဘော၏ ဉာဏ်အမြော်အမြင်ကြီးမားမှုစွာ စီမံကိန်းများလုပ်ဆောင်ခဲ့ပုံ၊ ဘတ် (၁၀၀၀) တန်တွင် ပြည်သူချစ်သော ဘူရင်ဘူမိဘော၏ နောက်ဆုံးနန်းစံချိန်ကပုံတို့ကို အသီးသီးအသုံးပြု ထုတ်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

အသစ်ထုတ်ဝေမည့် ငွေစက္ကူများ၏ ပုံစံများကို ထုတ်ပြန်ပြသထားပြီး အဆိုပါ ငွေစက္ကူအသစ်များကို စက်တင်ဘာလ (၂၀)ရက်နေ့တွင် အစိုးရနှင့် ပု၈္ဂလိကဘဏ်များ၊ ငွေလဲကောင်တာများ၌ လဲလှယ်နိုင်ပြီး ယခင်ငွေစက္ကူများလည်း ပုံမှန်အတိုင်း လည်ပတ်သုံးစွဲနိုင်ကြောင်း ထိုင်းဘဏ်က ထုတ်ပြန်ထားသည်။

Photo: BOT

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~