အမုန္းတရားမ်ား ကင္းေစေရး ဘာသာေပါင္းစုံ ခ်စ္ၾကည္ညီညြတ္ေစေရးအဖြဲ႕က တာခ်ီလိတ္တြင္ လူငယ္ပညာေပး

အမုန္းတရားမ်ား ကင္းေစေရး ဘာသာေပါင္းစုံ ခ်စ္ၾကည္ညီညြတ္ေစေရးအဖြဲ႕က တာခ်ီလိတ္တြင္ လူငယ္ပညာေပး
ဇူလိုင် 15, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ဘာသာေပါင္းစုံ ခ်စ္ၾကည္ညီညြတ္ေစေရး၊ အမုန္းတရား ပြားမ်ားေစသည့္ လုပ္ေဆာင္မႈမ်ား ကင္းရွင္းေစေရးအတြက္ ဘာသာေပါင္းစုံ ခ်စ္ၾကည္ညီညြတ္ေစေရး အဖြဲ႕မွ ဦးစီး၍ လူငယ္ပညာေပးသင္တန္းအမွတ္စဥ္(၁)သင္တန္းကို ဇူလိုင္လ(၁၅)ရက္ေန႔ နံနက္ပိုင္းက စတင္ကာ ခရိုင္ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရးရုံးရွိ Community Centreတြင္ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ သင္တန္းသည္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္အတြင္း ဘာသာေပါင္းစုံမွ ဘာသာ၀င္အခ်င္းခ်င္း တစ္ဦး၏ ဘာသာတရားယုံၾကည္ခ်က္ႏွင့္ ခံယူခ်က္မ်ားကို အျပန္အလွန္ ေလးစားလ်က္ အတူတကြ ေအးခ်မ္းစြာေနထိုင္သြားၾကရန္လည္းေကာင္း ၊ ဘာသာအသီးသီး အျပန္အလွန္ ခ်စ္ၾကည္ရင္းႏွီးမႈ ၊ ေလးစားမႈ ၊နားလည္မႈႏွင့္ေထာက္ထားစာနာမႈမ်ားရရွိေစရန္လည္းေကာင္း စသည့္ ရည္ရြယ္ခ်က္မ်ားျဖင့္ သင္တန္းကိုေဆာင္ရြက္ေၾကာင္းသိရသည္။

“ဒီသင္တန္းကို ေဆာင္ရြက္ျခင္းအားျဖင့္ လူငယ္မ်ားအတြင္းမွာ အမုန္းတရားပြားမ်ားမႈမ်ား ေပ်ာက္ကင္းၿပီးေတာ့ ၿမိဳ႕နယ္အတြင္း ဘာသာဝင္ေတြအားလုံး ၿငိမ္းခ်မ္းစြာ အတူတကြ ေနထိုင္ႏိုင္တဲ့ သာယာဝၿဖိဳးတဲ့ အေျခအေနတစ္ရပ္ကို ေမ်ာ္လင့္ျခင္းအားျဖင့္ ဒီသင္တန္းကို ဖြင့္လွစ္ျခင္းျဖစ္ပါတယ္။”ဟု ဘာသာေပါင္းစုံ ခ်စ္ၾကည္ညီညြတ္ေစေရးအဖြဲ႕ နာယက ဟာဂ်ီ ဦးလွခင္က ေျပာသည္။

ဘာသာေပါင္းစုံ ခ်စ္ၾကည္ညီညြတ္ေစေရး၊ အမုန္းတရားပြားမ်ားေစသည့္ လုပ္ေဆာင္မႈမ်ား ကင္းရွင္းေစေရးအတြက္ အဆိုပါသင္တန္းကို သင္ၾကားေရးဆရာမ်ားအျဖစ္ တာခ်ီလိတ္ၿမိဳ႕နယ္ သာသနာေရးဦးစီမွဴး ဦးဝင္းကိုကို ၊ ခ်စ္ၾကည္ညီညြတ္ေစေရးအဖြဲ႕ နာယက ဟာဂ်ီဦးလွခင္ ႏွင့္ ASG မွ ေဒါက္တာျမင့္ေအာင္ တို႔က သင္ၾကားပို႔ခ်သြားမွာျဖစ္ၿပီး သင္တန္းကို နံနက္(၉)နာရီမွ ေန႔လယ္(၁၂)နာရီအထိ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သင္တန္းဖြင့္ပြဲတြင္ ဌာနဆိုင္ရာအႀကီးအကဲမ်ား ၊ၿမိဳ႕မိၿမိဳ႕ဖမ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား၊ ဘာသာအသီးသီးမွ ကိုယ္စားလွယ္မ်ားတက္ေရာက္ခဲ့ၿပီး သင္တန္းသား အေယာက္(၁၀၀)စာ စုစုေပါင္းက်ပ္(၅)သိန္းတန္ဖိုးရွိ အက်ႌမ်ားကို ၿငိမ္းခ်မ္းေရး ျပည္လည္သင့္ျမတ္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးစီမံခ်က္(ရွမ္း/အေရွ႕)မွ လွဴဒါန္းေပးေၾကာင္းႏွင့္ သင္တန္းအတြက္ ဦးျမင့္ဦး(မုတ္ဆိတ္)ႏွင့္ ဦးၾကည္ျမင့္တို႔က ထိုင္းဘတ္ေငြ (၃၀၀၀)စီ လွဴဒါန္းေပးခဲ့ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ယင္းသင္တန္းကို ပထမဆုံးအႀကိမ္ ျပဳလုပ္ျခင္းျဖစ္ၿပီး သင္တန္းတစ္ႀကိမ္လွ်င္ သင္တန္းသား(၂၀)ႏွဳန္းျဖင့္ တစ္လတစ္ႀကိမ္ အေနျဖင့္ အနည္းဆုံး အမွတ္စဥ္(၅) အထိ ဖြင့္လွစ္သင္ၾကားသြားမည္ျဖစ္ေၾကာင္း ဘာသာေပါင္းစုံ ခ်စ္ၾကည္ညီညြတ္ေစေရးအဖြဲ႕ထံမွသိရသည္။

သတင္း/ဓာတ္ပံု - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်စေရေး၊ အမုန်းတရား ပွားများစေသည့် လုပ်ဆောင်မှုများ ကင်းရှင်းစေရေးအတွက် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်စေရေး အဖွဲ့မှ ဦးစီး၍ လူငယ်ပညာပေးသင်တန်းအမှတ်စဉ်(၁)သင်တန်းကို ဇူလိုင်လ(၁၅)ရက်နေ့ နံနက်ပိုင်းက စတင်ကာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးရှိ Community Centreတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း ဘာသာပေါင်းစုံမှ ဘာသာဝင်အချင်းချင်း တစ်ဦး၏ ဘာသာတရားယုံကြည်ချက်နှင့် ခံယူချက်များကို အပြန်အလှန် လေးစားလျက် အတူတကွ အေးချမ်းစွာနေထိုင်သွားကြရန်လည်းကောင်း၊ ဘာသာအသီးသီး အပြန်အလှန် ချစ်ကြည်ရင်းနှီးမှု၊ လေးစားမှု၊နားလည်မှုနှင့်ထောက်ထားစာနာမှုများရရှိစေရန်လည်းကောင်း စသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းကိုဆောင်ရွက်ကြောင်းသိရသည်။

“ဒီသင်တန်းကို ဆောင်ရွက်ခြင်းအားဖြင့် လူငယ်များအတွင်းမှာ အမုန်းတရားပွားများမှုများ ပျောက်ကင်းပြီးတော့ မြို့နယ်အတွင်း ဘာသာဝင်တွေအားလုံး ငြိမ်းချမ်းစွာ အတူတကွ နေထိုင်နိုင်တဲ့ သာယာဝဖြိုးတဲ့ အခြေအနေတစ်ရပ်ကို မျော်လင့်ခြင်းအားဖြင့် ဒီသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပါတယ်။”ဟု ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်စေရေးအဖွဲ့ နာယက ဟာဂျီ ဦးလှခင်က ပြောသည်။

ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်စေရေး၊ အမုန်းတရားပွားများစေသည့် လုပ်ဆောင်မှုများ ကင်းရှင်းစေရေးအတွက် အဆိုပါသင်တန်းကို သင်ကြားရေးဆရာများအဖြစ် တာချီလိတ်မြို့နယ် သာသနာရေးဦးစီမှူး ဦးဝင်းကိုကို၊ ချစ်ကြည်ညီညွတ်စေရေးအဖွဲ့ နာယက ဟာဂျီဦးလှခင် နှင့် ASG မှ ဒေါက်တာမြင့်အောင် တို့က သင်ကြားပို့ချသွားမှာဖြစ်ပြီး သင်တန်းကို နံနက်(၉)နာရီမှ နေ့လယ်(၁၂)နာရီအထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် ဌာနဆိုင်ရာအကြီးအကဲများ၊မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများ၊ ဘာသာအသီးသီးမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ပြီး သင်တန်းသား အယောက်(၁၀၀)စာ စုစုပေါင်းကျပ်(၅)သိန်းတန်ဖိုးရှိ အင်္ကျီများကို ငြိမ်းချမ်းရေး ပြည်လည်သင့်မြတ်ရေးနှင့် ဖွံ့ဖြိုးရေးစီမံချက်(ရှမ်း/အရှေ့)မှ လှူဒါန်းပေးကြောင်းနှင့် သင်တန်းအတွက် ဦးမြင့်ဦး(မုတ်ဆိတ်)နှင့် ဦးကြည်မြင့်တို့က ထိုင်းဘတ်ငွေ (၃၀၀၀)စီ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ယင်းသင်တန်းကို ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး သင်တန်းတစ်ကြိမ်လျှင် သင်တန်းသား(၂၀)နှုန်းဖြင့် တစ်လတစ်ကြိမ် အနဖြေင့် အနည်းဆုံး အမှတ်စဉ်(၅) အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်စေရေးအဖွဲ့ထံမှသိရသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~