ခ်င္းရိုင္းခရိုင္အတြင္းမွ ေရႊ႕ေျပာင္းျမန္မာလုပ္သား (၉၉)ဦး တာခ်ီလိတ္သို႔ ေရာက္ရွိ

ခ်င္းရိုင္းခရိုင္အတြင္းမွ ေရႊ႕ေျပာင္းျမန္မာလုပ္သား (၉၉)ဦး တာခ်ီလိတ္သို႔ ေရာက္ရွိ
ဇူလိုင် 6, 2017
By Tachileik News Agency

ထိုင္းႏိုင္ငံ ၊ ခ်င္းရိုင္းခရိုင္အတြင္း ေရာက္ရွိေနသည့္ ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ား ေနရပ္ျပန္ရန္အတြက္ မယ္ဆိုင္ၿမိဳ႕မွတစ္ဆင့္ တာခ်ီလိတ္သို႔ ေန႔စဥ္ ၀င္ေရာက္လာမႈမ်ားရွိရာတြင္ ဇူလိုင္လ(၆)ရက္ေန႔ ေန႔လယ္ပိုင္းက စုစုေပါင္း (၉၉)ဦး ေရာက္ရွိလာရာ တာခ်ီလိတ္ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီ၊ TBC ၊ CNCMC တို႔မွ ကူညီေဆာင္ရြက္ေပးၿပီး ႏိုင္ငံေရးပါတီမ်ား ၊ လူမႈေရးအသင္းအဖြဲ႔မ်ားက လိုအပ္သည္မ်ားကို ကူညီပံ့ပို႔ေပးေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံ ၊ ခ်င္းရိုင္းခရိုင္အတြင္းရွိ၊ ခ်င္းရိုင္းႏွင့္ မယ့္က်န္႔ အပါအ၀င္ အျခားေနရာမ်ားမွ ေရႊ႕ေျပာင္း ျမန္မာလုပ္သား စုစုေပါင္း (၉၉)ဦး ေရာက္ရွိလာရာတြင္ အမ်ဳိးသား(၄၄)ဦး ႏွင့္ အမ်ဳိးသမီး(၅၅)ဦး ပါ၀င္ေၾကာင္း ႏွင့္ ယေန႔အခ်ိန္ထိ စုစုေပါင္း (၃၀၂)ဦးရွိၿပီျဖစ္ေၾကာင္းသိရသည္။

အဆိုပါ ေရႊ႕ေျပာင္းျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ တာခ်ီလိတ္သို႔ ၀င္ေရာက္ရန္ မယ္ဆိုင္လ၀ကမွ လူဦးေရစိစစ္မႈမ်ား ႏွင့္ စာရင္းေကာက္ယူမႈမ်ား ျပဳလုပ္ၿပီးေနာက္ CNCMC ႏွင့္ TBC တို႔မွ တာခ်ီလိတ္ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီ၏ လမ္းညႊန္မႈျဖင့္ မယ္ဆိုင္ လ၀က ရံုးတြင္ ေမာ္ေတာ္ယာဥ္(၇)စီးျဖင့္ သြားေရာက္ႀကိဳဆိုကာ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၂)တံတားမွ တစ္ဆင့္ တာခ်ီလိတ္သို႔ ၀င္ေရာက္လာခဲ့ၾကသည္။

အဆိုပါ (၉၉)ဦးအား စစ္ဗ်ဴဟာအဖြဲ႔ အေျခခ်(တာခ်ီလိတ္) တာခ်ီလိတ္၊ စစ္ဗ်ဴဟာမွဴး ဗိုလ္မွဴးႀကီးေအးမင္းဦး၊ ခ်င္းမိုင္ရံုးမွ အလုပ္သမားသံအရာရွိ ႏွင့္ အဖြဲ႔၀င္မ်ား၊ ဒုတိယခရိုင္ အုပ္ခ်ဳပ္ေရးမွဴး ဦးေဇာ္၀င္းေဌး၊ တာခ်ီလိတ္ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီ အတြင္းေရးမွဴး၊ ခရိုင္လ၀ကမွဴး ဦးေက်ာ္ေမာ္ထြန္း ႏွင့္ ခရိုင္/ၿမိဳ႕နယ္စီမံခန္႔ခြဲမႈ ေကာ္မတီ၀င္မ်ားႏွင့္ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔၀င္မ်ားမွ လာေရာက္ အားေပးခဲ့ၾကၿပီး တာခ်ီလိတ္နာေရးကူညီမႈအသင္း ဥကၠဌ ဦးလွမိုး ဦးေဆာင္သည့္ အဖြဲ႔မွ စားစရာမ်ားကို ေ၀ငွေပးခဲ့ၾကသည့္နည္းတူ က်ားျဖဴပါတီမွ ေဒၚနန္းေငြျမ ႏွင့္ ပါတီ၀င္မ်ားမွလည္း အစားအေသာက္မ်ားႏွင့္ လိုအပ္သည္မ်ားကို ကူညီေပးခဲ့ၾကသည့္အျပင္ က်ားေခါင္းပါတီမွ ဦးစိုင္းႏြံတီြ ႏွင့္ ပါတီ၀င္မ်ားက ေနစရာ အခက္အခဲရွိသူမ်ားအတြက္ ကူညီေဆာင္ရြက္ေပးေၾကာင္း သိရသည္။

ေနရပ္ျပန္ ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ား တာခ်ီလိတ္သို႔ ၀င္ေရာက္လာရာတြင္ ေငြေၾကးကုန္က်မႈ မရွိေစရန္ ႏွင့္ အခက္အခဲမ်ား မရွိေစရန္အတြက္ တာခ်ီလိတ္ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီ ႏွင့္ သက္ဆိုင္ရာ ဌာနမ်ားမွ ျမန္မာဘက္တြင္ ကူညီေဆာင္ရြက္ေပးၿပီး TBC ႏွင့္ CNCMC တို႔မွ မယ္ဆိုင္ဘက္တြင္ အခက္အခဲ မရွိေစရန္အတြက္ သြားေရာက္ ကူညီေဆာင္ရြက္မႈမ်ား ျပဳလုပ္ေပးေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံမွ ေနရပ္ျပန္လာလိုၿပီး ထိုင္းႏိုင္ငံအတြင္းမွ နယ္စပ္ဂိတ္မ်ားသို႔ သြားလာရန္ အခက္အခဲ ျဖစ္ေနသူမ်ား ႏွင့္ ထိုင္းရဲစစ္ေဆးေရးဂိတ္မ်ားမွ ေငြၫွစ္ေတာင္းခံမႈမ်ားအျပင္ နယ္စပ္၀င္ေပါက္တြင္ ကားသမားမ်ားမွ ျဖစ္ေစ၊ ပြဲစားမ်ားမွျဖစ္ေစ ေငြေၾကးေတာင္းခံပါက CNCMC ေကာ္မတီ၏ 0850388887 ၊ 0897558729 သို႔ ဖုန္းျဖင့္ဆက္သြယ္၍ အကူအညီေတာင္းခံႏိုင္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေဇာင္းညီ




~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်အတွင်း ရောက်ရှိနေသည့် ရွှေ့ပြောင်းမြန်မာလုပ်သားများ နေရပ်ပြန်ရန်အတွက် မယ်ဆိုင်မြို့မှတစ်ဆင့် တာချီလိတ်သို့ နေ့စဉ် ဝင်ရောက်လာမှုများရှိရာတွင် ဇူလိုင်လ(၆)ရက်နေ့ နေ့လယ်ပိုင်းက စုစုပေါင်း (၉၉)ဦး ရောက်ရှိလာရာ တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ၊ TBC၊ CNCMC တို့မှ ကူညီဆောင်ရွက်ပေးပြီး နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည်များကို ကူညီပံ့ပို့ပေးကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်အတွင်းရှိ၊ ချင်းရိုင်းနှင့် မယ့်ကျန့် အပါအဝင် အခြားနေရာများမှ ရွှေ့ပြောင်း မြန်မာလုပ်သား စုစုပေါင်း (၉၉)ဦး ရောက်ရှိလာရာတွင် အမျိုးသား(၄၄)ဦး နှင့် အမျိုးသမီး(၅၅)ဦး ပါဝင်ကြောင်း နှင့် ယနေ့အချိန်ထိ စုစုပေါင်း (၃၀၂)ဦးရှိပြီဖြစ်ကြောင်းသိရသည်။

အဆိုပါ ရွှေ့ပြောင်းမြန်မာနိုင်ငံသားများအနဖြေင့် တာချီလိတ်သို့ ဝင်ရောက်ရန် မယ်ဆိုင်လဝကမှ လူဦးရေစိစစ်မှုများ နှင့် စာရင်းကောက်ယူမှုများ ပြုလုပ်ပြီးနောက် CNCMC နှင့် TBC တို့မှ တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုဖြင့် မယ်ဆိုင် လဝက ရုံးတွင် မော်တော်ယာဉ်(၇)စီးဖြင့် သွားရောက်ကြိုဆိုကာ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားမှ တစ်ဆင့် တာချီလိတ်သို့ ဝင်ရောက်လာခဲ့ကြသည်။

အဆိုပါ (၉၉)ဦးအား စစ်ဗျူဟာအဖွဲ့ အခြေချ(တာချီလိတ်) တာချီလိတ်၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအေးမင်းဦး၊ ချင်းမိုင်ရုံးမှ အလုပ်သမားသံအရာရှိ နှင့် အဖွဲ့ဝင်များ၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းဌေး၊ တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး၊ ခရိုင်လဝကမှူး ဦးကျော်မော်ထွန်း နှင့် ခရိုင်/မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များမှ လာရောက် အားပေးခဲ့ကြပြီး တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုး ဦးဆောင်သည့် အဖွဲ့မှ စားစရာများကိုေဝငှပေးခဲ့ကြသည့်နည်းတူ ကျားဖြူပါတီမှ ဒေါ်နန်းငွမြေ နှင့် ပါတီဝင်များမှလည်း အစားအသောက်များနှင့် လိုအပ်သည်များကို ကူညီပေးခဲ့ကြသည့်အပြင် ကျားခေါင်းပါတီမှ ဦးစိုင်းနွံတွီ နှင့် ပါတီဝင်များက နေစရာ အခက်အခဲရှိသူများအတွက် ကူညီဆောင်ရွက်ပေးကြောင်း သိရသည်။

နေရပ်ပြန် ရွှေ့ပြောင်းမြန်မာလုပ်သားများ တာချီလိတ်သို့ ဝင်ရောက်လာရာတွင် ငွေကြေးကုန်ကျမှု မရှိစေရန် နှင့် အခက်အခဲများ မရှိစေရန်အတွက် တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ နှင့် သက်ဆိုင်ရာ ဌာနများမှ မြန်မာဘက်တွင် ကူညီဆောင်ရွက်ပေးပြီး TBC နှင့် CNCMC တို့မှ မယ်ဆိုင်ဘက်တွင် အခက်အခဲ မရှိစေရန်အတွက် သွားရောက် ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ နေရပ်ပြန်လာလိုပြီး ထိုင်းနိုင်ငံအတွင်းမှ နယ်စပ်ဂိတ်များသို့ သွားလာရန် အခက်အခဲ ဖြစ်နေသူများ နှင့် ထိုင်းရဲစစ်ဆေးရေးဂိတ်များမှ ငွေညှစ်တောင်းခံမှုများအပြင် နယ်စပ်ဝင်ပေါက်တွင် ကားသမားများမှ ဖြစ်စေ၊ ပွဲစားများမှဖြစ်စေ ငွေကြေးတောင်းခံပါက CNCMC ကော်မတီ၏ 0850388887၊ 0897558729 သို့ ဖုန်းဖြင့်ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~