ေတာင္ႀကီးၿမိဳ႕ ဗိုလ္ခ်ဳပ္ပန္းၿခံတြင္ ရွစ္ေလးလံုးႏွစ္ပတ္လည္ အခမ္းအနား က်င္းပခြင့္ ရရွိေရး ျပည္နယ္အစုိးရထံ ေတာင္းခံထား

ေတာင္ႀကီးၿမိဳ႕ ဗိုလ္ခ်ဳပ္ပန္းၿခံတြင္ ရွစ္ေလးလံုးႏွစ္ပတ္လည္ အခမ္းအနား က်င္းပခြင့္ ရရွိေရး ျပည္နယ္အစုိးရထံ ေတာင္းခံထား
ဇူလိုင် 31, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕တြင္ ရွစ္ေလးလံုး ႏွစ္ပတ္လည္ အခမ္းအနားကို ဗိုလ္ခ်ဳပ္ပန္းျခံ အတြင္းရွိ ရွစ္ေလးလံုး ဒီမိုကေရစီအထိမ္းအမွတ္ ေမာ္ကြန္းေက်ာက္တိုင္တြင္ က်င္းပနိုင္ေရးအတြက္ ရွစ္ေလးလံုး ရွမ္းျပည္အဖြဲ႕က ျပည္နယ္အစိုးရထံ ခြင့္ျပဳခ်က္တင္ထားေၾကာင္း သိရသည္။

“ႏွစ္ပတ္လည္ေန႔မွာ မနက္ပိုင္းမွာေတာ့ ေအာင္ေျမဘံုစံေက်ာင္းမွာ မနက္အာရံုဆြမ္းကပ္မယ္။ (၈) နာရီေလာက္မွာက်ေတာ့ ဗိုလ္ခ်ဳပ္ပန္းျခံေက်ာက္တိုင္မွာ အလံတင္အခမ္းအနားေတြ ေဟာေျပာပြဲေတြ လုပ္သြားမွာပါ။ ဓာတ္ပံု၊ ပန္းခ်ီ၊ ေဆာင္းပါး၊ ကဗ်ာေတြ ျပခန္း(၂)ခန္းျပသသြားမယ္။ လာတဲ့သူေတြကိုလည္း ေရႊေတာင္ေခါက္ဆြဲနဲ႔ ဧည့္ခံသြားမွာပါ။ အဖြဲ႕အစည္းေတြကို ဖိတ္သြားမယ္။ နိုင္ငံေရးပါတီေတြပါမယ္။ ျပည္နယ္ အစိုးရကိုလည္း ဖိတ္ၾကားထားပါတယ္။ ႏွစ္ပတ္လည္ေန႔အေနနဲ႔က ဒီႏွစ္က နည္းနည္းထူးျခားတယ္။ အဖြဲ႕အစည္းေတြက ေပးပို႔လာတဲ့ ရွစ္ေလးလံုးသဝဏ္္လႊာေတြလည္း ဖတ္ၾကားသြားမယ္” ဟု ရွစ္ေလးလံုးရွမ္းျပည္မွ ဦးတင္ေမာင္တိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ၾသဂုတ္လ (၈)ရက္ေန႔တြင္ က်င္းပေလ့ရိွသည့္ အဆိိုပါႏွစ္ပတ္လည္အခမ္းအနားမ်ားအား ဘုန္းႀကီးေက်ာင္းတြင္သာ က်င္းပေလ့ရိွၿပီး ယခုႏွစ္တြင္ ဗိုလ္ခ်ဳပ္ပန္းၿခံအတြင္းက်င္းပခြင့္ကို ပထမဆံုးအႀကိမ္ ခြင့္ျပဳခ်က္ေတာင္းခံထားျခင္းျဖစ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔အေနနဲ႔ကေတာ့ (၈၈) အဖြဲ႕ေတြနဲ႔ ကူညီလုပ္ေဆာင္သြားမယ္။ ဟိုတုန္းက ျဖစ္ခဲ့တဲ့အရာေတြကို ဓာတ္ပံု/ပန္းခ်ီျပခန္းေတြ လုပ္မယ္။ အရင္တုန္းကေတာ့ ဘုန္းႀကီးေက်ာင္းမွာေတြ လုပ္ရတာေပါ့ေနာ္။ အခုေတာ့ ပန္းျခံမွာ ပထမဆံုးလုပ္ဖို႕ ျပည္နယ္အစိုးရကို ခြင့္ျပဳခ်က္တင္ထားတုန္းပါ။ ျပည္နယ္အစိိုးရကိုလည္း ဖိတ္ၾကားသြားမွာပါ”ဟု ပြဲက်င္းပေရးေကာ္မတီမွ ဦး၀င္းနိုင္စိုးက ေျပာသည္။

ရွစ္ေလးလံုး ဒီမိုကေရစီအထိမ္းအမွတ္ ေမာ္ကြန္းေက်ာက္တုိင္ကို ေတာင္ႀကီးၿမိဳ႕ ဗိုလ္ခ်ဳပ္ပန္းၿခံအတြင္း ျပည္နယ္အစိုးရ၏ ခြင့္ျပဳခ်က္ျဖင့္ ၂၀၁၆ ခုႏွစ္ ဒီဇင္ဘာလ (၃၁)ရက္ေန႔က စိုက္ထူထားခဲ့ျခင္းျဖစ္သည္။

သတင္း - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနားကို ဗိုလ်ချုပ်ပန်းခြံ အတွင်းရှိ ရှစ်လေးလုံး ဒီမိုကရေစီအထိမ်းအမှတ် မော်ကွန်းကျောက်တိုင်တွင် ကျင်းပနိုင်ရေးအတွက် ရှစ်လေးလုံး ရှမ်းပြည်အဖွဲ့က ပြည်နယ်အစိုးရထံ ခွင့်ပြုချက်တင်ထားကြောင်း သိရသည်။

“နှစ်ပတ်လည်နေ့မှာ မနက်ပိုင်းမှာတော့ အောင်မြေဘုံစံကျောင်းမှာ မနက်အာရုံဆွမ်းကပ်မယ်။ (၈) နာရီလောက်မှာကျတော့ ဗိုလ်ချုပ်ပန်းခြံကျောက်တိုင်မှာ အလံတင်အခမ်းအနားတွေ ဟောပြောပွဲတွေ လုပ်သွားမှာပါ။ ဓာတ်ပုံ၊ ပန်းချီ၊ ဆောင်းပါး၊ ကဗျာတွေ ပြခန်း(၂)ခန်းပြသသွားမယ်။ လာတဲ့သူတွေကိုလည်း ရွှေတောင်ခေါက်ဆွဲနဲ့ ဧည့်ခံသွားမှာပါ။ အဖွဲ့အစည်းတွေကို ဖိတ်သွားမယ်။ နိုင်ငံရေးပါတီတွေပါမယ်။ ပြည်နယ် အစိုးရကိုလည်း ဖိတ်ကြားထားပါတယ်။ နှစ်ပတ်လည်နေ့အနေနဲ့က ဒီနှစ်က နည်းနည်းထူးခြားတယ်။ အဖွဲ့အစည်းတွေက ပေးပို့လာတဲ့ ရှစ်လေးလုံးသဝဏ်လွှာတွေလည်း ဖတ်ကြားသွားမယ်” ဟု ရှစ်လေးလုံးရှမ်းပြည်မှ ဦးတင်မောင်တိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သြဂုတ်လ (၈)ရက်နေ့တွင် ကျင်းပလေ့ရှိသည့် အဆိုပါနှစ်ပတ်လည်အခမ်းအနားများအား ဘုန်းကြီးကျောင်းတွင်သာ ကျင်းပလေ့ရှိပြီး ယခုနှစ်တွင် ဗိုလ်ချုပ်ပန်းခြံအတွင်းကျင်းပခွင့်ကို ပထမဆုံးအကြိမ် ခွင့်ပြုချက်တောင်းခံထားခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ကတော့ (၈၈) အဖွဲ့တွေနဲ့ ကူညီလုပ်ဆောင်သွားမယ်။ ဟိုတုန်းက ဖြစ်ခဲ့တဲ့အရာတွေကို ဓာတ်ပုံ/ပန်းချီပြခန်းတွေ လုပ်မယ်။ အရင်တုန်းကတော့ ဘုန်းကြီးကျောင်းမှာတွေ လုပ်ရတာပေါ့နော်။ အခုတော့ ပန်းခြံမှာ ပထမဆုံးလုပ်ဖို့ ပြည်နယ်အစိုးရကို ခွင့်ပြုချက်တင်ထားတုန်းပါ။ ပြည်နယ်အစိုးရကိုလည်း ဖိတ်ကြားသွားမှာပါ”ဟု ပွဲကျင်းပရေးကော်မတီမှ ဦးဝင်းနိုင်စိုးက ပြောသည်။

ရှစ်လေးလုံး ဒီမိုကရေစီအထိမ်းအမှတ် မော်ကွန်းကျောက်တိုင်ကို တောင်ကြီးမြို့ ဗိုလ်ချုပ်ပန်းခြံအတွင်း ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်နေ့က စိုက်ထူထားခဲ့ခြင်းဖြစ်သည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~