တာချီလိတ်တွင် MPT ဖုန်းကတ်များ 4G ရပြီ ဖြစ်၍ 4G အဖြစ် SIM Card လဲလှယ်ရန် လိုအပ်ပါက တာချီလိတ်ဆက်သွယ်ရေး၌ အခမဲ့ လဲလှယ်နိုင်ပြီ

တာချီလိတ်တွင် MPT ဖုန်းကတ်များ 4G ရပြီ ဖြစ်၍ 4G အဖြစ် SIM Card လဲလှယ်ရန် လိုအပ်ပါက တာချီလိတ်ဆက်သွယ်ရေး၌ အခမဲ့ လဲလှယ်နိုင်ပြီ
ဇူလိုငျ 14, 2017
By Tachileik News Agency

MPT ဖုန်းကတ်အသုံးပြု၍ အင်တာနက်သုံးစွဲသူများအတွက်  MPT LTE+ ၀န်ဆောင်မှုအနေဖြင့် ၂၀၁၇ခုနှစ် ဇူလိုင်လ(၁၄)ရက်နေ့ကစ၍ တာချီလိတ်မြို့တွင် 3G စနစ်မှ 4G စနစ်သို့ ပြောင်းလဲအသုံးပြုနိုင်ပြီဖြစ်ရာ မိမိတို့ အသုံးပြုသော MPT SIM Card များမှာ 4G မရသေးပါက 4G အသုံးပြုနိုင်မည့် ကတ်များကို တာချီလိတ်မြို့ရှိ ဆက်သွယ်ရေးရုံး နှင့် ဆက်သွယ်ရေးရုံးရှေ့ရှိ  MPT Own Branded Shop (MPT ဆင်းကတ်အရောင်းဆိုင်)တို့တွင် အခမဲ့ လာရောက်လဲလှယ်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။


4G SIM Card အဖြစ် ပြောင်းလဲ အသုံးပြုရန် လိုအပ်သူများအနေဖြင့် တာချီလိတ်မြို့ရှိ ဆက်သွယ်ရေးရုံး နှင့် ဆက်သွယ်ရေးရုံးရှေ့ရှိ  MPT Own Branded Shop (MPT ဆင်းကတ်အရောင်းဆိုင်)တို့တွင် ရုံးဖွင့်ချိန်များ၌ (ပိတ်ရက်မရှိ)လာရောက်လဲယူနိုင်ပြီး ငွေကြေးပေးရန် မလိုကြောင်း သိရသည်။


 ဇူလိုင်လ(၁၄)ရက်နေ့တွင် MPT LTE+ ၀န်ဆောင်မှုအနေဖြင့် တာချီလိတ်မြို့ အပါအ၀င် ထားဝယ်၊ မြိတ်၊ ရွှေဘို၊ ပုသိမ်ကြီး နှင့် စစ်တွေမြို့များတွင် 3G စနစ်မှ 4G စနစ်သို့ ပြောင်းလဲ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။


~~~~~~~~⊰❂ unicode ~~~~~~~~

MPT ဖုန်းကတ်အသုံးပြု၍ အင်တာနက်သုံးစွဲသူများအတွက် MPT LTE+ ဝန်ဆောင်မှုအနဖြေင့် ၂၀၁၇ခုနှစ် ဇူလိုင်လ(၁၄)ရက်နေ့ကစ၍ တာချီလိတ်မြို့တွင် 3G စနစ်မှ 4G စနစ်သို့ ပြောင်းလဲအသုံးပြုနိုင်ပြီဖြစ်ရာ မိမိတို့ အသုံးပြုသော MPT SIM Card များမှာ 4G မရသေးပါက 4G အသုံးပြုနိုင်မည့် ကတ်များကို တာချီလိတ်မြို့ရှိ ဆက်သွယ်ရေးရုံး နှင့် ဆက်သွယ်ရေးရုံးရှေ့ရှိ MPT Own Branded Shop (MPT ဆင်းကတ်အရောင်းဆိုင်)တို့တွင် အခမဲ့ လာရောက်လဲလှယ်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

"ဇူလိုင်လ(၁၄)ရက်နေ့က စပြီး တာချီလိတ်မှာ 4G အသုံးပြုလို့ရပါပြီ၊ လက်ရှိကိုင်ဆောင်ထားတဲ့ MPT ဖုန်းကတ်မှာ 4G သုံးလို့ ရပြီလား မရဘူးလားဆိုတာကို သိရဖို့အတွက် *106*5# ကို နိပ်ပြီးခေါ်ကြည့်လိုက်တာနဲ့ စာတစ်စောင်ရောက်လာပါလိမ့်မယ်။ စာထဲမှာ လူကြီးမင်း၏ SIM Card သည် 4G SIM Card ဖြစ်သည့်အတွက် MPT 4G/LTE Network ကို အဆင်သင့် အသုံးပြုနိုင်ပြီဖြစ်ပါသည်လို့ ရေးလာရင်တော့ ကတ်လာလဲ စရာမလိုတော့ပါဘူး။ အဲ့လိုမဟုတ်ဘဲ လူကြီးမင်း၏ SIM Card ကို 4G SIM Card သို့ လဲလှယ်ရန် လိုအပ်ပါသည် လို့ ရေးလာရင်တော့ လာလဲရမှာပါ"ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာချီလိတ်မြို့နယ် တာဝန်ခံ အင်ဂျင်နီယာ ဒေါ်သန်းသန်းဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

4G SIM Card အဖြစ် ပြောင်းလဲ အသုံးပြုရန် လိုအပ်သူများအနဖြေင့် တာချီလိတ်မြို့ရှိ ဆက်သွယ်ရေးရုံး နှင့် ဆက်သွယ်ရေးရုံးရှေ့ရှိ MPT Own Branded Shop (MPT ဆင်းကတ်အရောင်းဆိုင်)တို့တွင် ရုံးဖွင့်ချိန်များ၌ (ပိတ်ရက်မရှိ)လာရောက်လဲယူနိုင်ပြီး ငွေကြေးပေးရန် မလိုကြောင်း သိရသည်။

"3G SIM Card ကနေ 4G SIM Card အဖြစ် ပြောင်းလဲဖို့အတွက် အခမဲ့ လဲပေးနေပါတယ်။ ငွေကြေးပေးစရာမလိုပါဘူး၊ ချက်ချင်းရပါတယ်။ အခု 4G က အရင်က 3G ထက် မြန်နှုန်းမြင့်သွားပါမယ်"ဟု တာဝန်ခံ အင်ဂျင်နီယာ ဒေါ်သန်းသန်းဌေးက ပြောသည်။

 ဇူလိုင်လ(၁၄)ရက်နေ့တွင် MPT LTE+ ဝန်ဆောင်မှုအနဖြေင့် တာချီလိတ်မြို့ အပါအဝင် ထားဝယ်၊ မြိတ်၊ ရွှေဘို၊ ပုသိမ်ကြီး နှင့် စစ်တွမြေို့များတွင် 3G စနစ်မှ 4G စနစ်သို့ ပြောင်းလဲ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~