ထိုင္းႏိုင္ငံမွ ေရႊ႕ေျပာင္းျမန္မာလုပ္သား (၄၄)ဦး တာခ်ီလိတ္သို႔ ခ်စ္ၾကည္ေရးတံတားမွ တစ္ဆင့္ အခက္အခဲမရိွ ျပန္လည္ေရာက္ရိွ

ထိုင္းႏိုင္ငံမွ ေရႊ႕ေျပာင္းျမန္မာလုပ္သား (၄၄)ဦး တာခ်ီလိတ္သို႔ ခ်စ္ၾကည္ေရးတံတားမွ တစ္ဆင့္ အခက္အခဲမရိွ ျပန္လည္ေရာက္ရိွ
ဇူလိုင် 1, 2017
By Tachileik News Agency

ထုိင္းႏုိင္ငံမွ ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ား ေနရပ္ျပန္ရာတြင္ ကူညီႏုိင္ေရး တာခ်ီလိတ္ခရိုင္ စီမံခန္႔ခြဲမႈေကာ္မတီႏွင့္ ထုိင္းနိုင္ငံ တာဝန္ရိွသူမ်ားမွ ႀကိဳတင္ညိႇႏိႈင္း ေဆာင္ရြက္ထားရာ ဇူလိုင္လ (၁)ရက္ေန႔က ထုိင္းႏုိင္ငံ ခ်င္း႐ိုင္းခရိုင္မွ ျမန္မာလုပ္သား (၄၄)ဦးသည္ လမ္းခရီးတြင္ ေငြေၾကး ေပးေဆာင္ရျခင္း မရိွဘဲ ခ်စ္ၾကည္ေရး တံတားမွ ျပန္ဝင္လာႏုိင္ခဲ့ေၾကာင္း သိရသည္။

“သူတို႔ အစီအစဥ္နဲ႔ ခ်စ္ၾကည္ေရးတံတားကေန ျပန္လည္ ဝင္ေရာက္လာခဲ့ၿပီး လမ္းခရီးတစ္ေလွ်ာက္ သက္ဆိုင္ရာ ဂိတ္မ်ားတြင္ ေငြေၾကး ေပးေဆာင္ရတာေတြ မရိွဘူးလို႔ သိရပါတယ္။ ေနရပ္ျပန္လိုတဲ့ အလုပ္သမားေတြ အေနနဲ႔ လိုအပ္ခ်က္မ်ားရိွခဲ့ရင္ CNCMC ေကာ္မတီကို လွမ္းဆက္သြယ္လို႔ရပါတယ္။ ကၽြန္ေတာ္တို႔က သက္ဆိုင္ရာ တာဝန္ရွိသူမ်ားကို တင္ျပခ်ိတ္ဆက္ၿပီး လိုအပ္သလို ကူညီေဆာင္ရြက္ ေပးသြားမွာျဖစ္ပါတယ္” ဟု ထိုင္းႏိုင္ငံမယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာႏိုင္ငံသားမ်ားအား ကူညီ ေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ ညႇိႏႈိင္းေရး ေကာ္မတီ(CNCMC)၏ လုပ္ငန္းအေကာင္အထည္ ေဖာ္ေရး ေကာ္မတီ  အတြင္းေရးမွဴး ဦးစည္သူေမာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ထုိင္းႏုိင္ငံတြင္း ေရႊ႕ေျပာင္းအလုပ္သမားမ်ားဆိုင္ရာ ဥပေဒအား ျပင္ဆင္လိုက္ၿပီးေနာက္ စစ္ေဆးမႈမ်ား လုပ္ေဆာင္လာသည့္ အတြက္ အေထာက္အထား မျပည့္စံုသည့္ ျမန္မာေရႊ႕ေျပာင္းလုပ္သားမ်ား နယ္စပ္ေဒသမ်ားမွ ျမန္မာႏုိင္ငံသို႔ ျပန္လည္ ဝင္ေရာက္ေနၾကရာ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ထုိင္းျမန္မာ နယ္စပ္ ခ်စ္ၾကည္ေရးတံတားမွ တာခ်ီလိတ္သို႔ ဇူလုိင္လ(၁)ရက္ေန႔တြင္ ပထမဆံုး ျပန္လည္ ဝင္ေရာက္လာသည့္ မယ္ဆိုင္ၿမိဳ႕မွ ျမန္မာအလုပ္သမား (၄၄)ဦးတြင္ အမ်ိဳးသား(၂၂)ဦးႏွင့္ အမ်ိဳးသမီး (၂၂)ဦးပါဝင္ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံ ေရႊ႕ေျပာင္းလုပ္သားမ်ားအား စစ္ေဆးျခင္းကို ရက္ေပါင္း (၁၂၀) ဆိုင္းငံ့ထားေသာ္လည္း မယ္ဆိုင္ၿမိဳ႕မွတစ္ဆင့္ ျမန္မာႏုိင္ငံဘက္သို႔ ျပန္လည္ဝင္ေရာက္မည့္ ျမန္မာေရႊ႕ေျပာင္းလုပ္သားမ်ားအား အခက္အခဲမရိွေစေရးအတြက္ နယ္စပ္ၿမိဳ႕တာခ်ီလိတ္မွ သက္ဆိုင္ရာဌာနမ်ားနွင့္ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာႏိုင္ငံသားမ်ားအား ကူညီ ေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏႈိင္းေရး ေကာ္မတီ (CNCMC)တို႔က ကူညီေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

“အခုမဲေဆာက္ဘက္ကေန ျပန္ဝင္ေနတဲ့အလုပ္သမားေတြထဲမွာ တခ်ိဳ႕ေတြက ရွမ္း/အေရွ႕ဘက္က အလုပ္သမားေတြ ပါတယ္ေပါ့ေနာ္။ ျပန္တဲ့အခါက်ေတာ့ လမ္းခရီးအတုိင္းအတာအရ ေဝးတဲ့အတြက္ ဒီဘက္ကေနျပန္ဖို႔ ကမ္းလွမ္းလာၾကတယ္ေပါ့။ ကၽြန္ေတာ္တုိ႔ကလည္း ထုိင္းဘက္က တာဝန္ရိွသူေတြရယ္၊ ဒီဘက္က တာဝန္ရိွသူေတြရယ္ ခ်ိတ္ဆက္ၿပီးေတာ့ ရွမ္း/အေရွ႕ဘက္၊ ေတာင္ႀကီးဘက္က အလုပ္ သမားေတြကို ဒီဘက္ကေန ပို႔ဖို႔ ေတာင္းဆိုထားပါတယ္။ တာဝန္ရိွတဲ့သူေတြကလည္း သေဘာတူပါတယ္။ ျပန္လာတဲ့ အခါက်ရင္လည္း လိုအပ္တဲ့ အခက္အခဲရိွရင္ ကၽြန္ေတာ္တုိ႔ CNCMC နဲ႔ ေဒသအာဏာပိုင္ေတြ ပူးေပါင္းၿပီးေတာ့ ေဆာင္ရြက္ေပးဖို႔ အစီအစဥ္ရိွပါတယ္”ဟု ဦးစည္သူေမာင္က ေျပာသည္။

ထိုင္းႏိုင္ငံ အလုပ္သမား ဥပေဒသစ္အရ အေထာက္အထား မျပည့္စံု၍ ေနရပ္ျပန္လိုသည့္ ျမန္မာလုပ္သားမ်ား အေနျဖင့္ ထိုင္း - ျမန္မာနယ္စပ္ မယ္ဆိုင္ၿမိဳ႕မွ တစ္ဆင့္ တာခ်ီလိတ္ၿမိဳ႕သို႔ ျပန္လည္ ဝင္ေရာက္ပါက အမွတ္(၁) ခ်စ္ၾကည္ေရး တံတားမွ တရားဝင္ ဝင္ေရာက္ၾကရန္ CNCMC က တုိက္တြန္း ႏိႈးေဆာ္ထားသည္။

“ထိုင္းႏိုင္ငံအတြင္း အေထာက္အထားမဲ့ ေနထိုင္ခဲ့သူမ်ား ျမန္မာျပည္သို႔ ျပန္လည္ဝင္ေရာက္ရာမွာ ခ်စ္ၾကည္ေရး အမွတ္(၁)တံတားမွ တစ္ဆင့္ ဝင္ေရာက္ျခင္းအတြက္ အဖမ္းအဆီး လံုးဝမရွိပါ။ ေရေခ်ာင္းမွ ျဖတ္ကူးျခင္းဟာ အသက္အႏၲရာယ္ ရွိသလို တရားမဝင္ ခိုးကူးတာျဖစ္သည့္အတြက္ ဥပေဒအရလည္း အေရးယူခံရႏိုင္ပါသည္”ဟု CNCMC ၏ တိုက္တြန္းႏိႈးေဆာ္ခ်က္တြင္ ေဖာ္ျပထားသည္။

မယ္ဆိုင္ မွတစ္ဆင့္ တာခ်ီလိတ္သို႔ ၀င္ေရာက္လိုၿပီး ေရႊ႕ေျပာင္း ျမန္မာလုပ္သား မွန္ကန္ပါက ထိုင္းဖုန္း 0850388887 ၊ 0897558729 မ်ားသို႔ ဆက္သြယ္၍ အကူအညီ ေတာင္းခံႏိုင္ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံမှ ရွှေ့ပြောင်းမြန်မာလုပ်သားများ နေရပ်ပြန်ရာတွင် ကူညီနိုင်ရေး တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီနှင့် ထိုင်းနိုင်ငံ တာဝန်ရှိသူများမှ ကြိုတင်ညှိနှိုင်း ဆောင်ရွက်ထားရာ ဇူလိုင်လ (၁)ရက်နေ့က ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်မှ မြန်မာလုပ်သား (၄၄)ဦးသည် လမ်းခရီးတွင် ငွေကြေး ပေးဆောင်ရခြင်း မရှိဘဲ ချစ်ကြည်ရေး တံတားမှ ပြန်ဝင်လာနိုင်ခဲ့ကြောင်း သိရသည်။

“သူတို့ အစီအစဉ်နဲ့ ချစ်ကြည်ရေးတံတားကနေ ပြန်လည် ဝင်ရောက်လာခဲ့ပြီး လမ်းခရီးတစ်လျှောက် သက်ဆိုင်ရာ ဂိတ်များတွင် ငွေကြေး ပေးဆောင်ရတာတွေ မရှိဘူးလို့ သိရပါတယ်။ နေရပ်ပြန်လိုတဲ့ အလုပ်သမားတွေ အနေနဲ့ လိုအပ်ချက်များရှိခဲ့ရင် CNCMC ကော်မတီကို လှမ်းဆက်သွယ်လို့ရပါတယ်။ ကျွန်တော်တို့က သက်ဆိုင်ရာ တာဝန်ရှိသူများကို တင်ပြချိတ်ဆက်ပြီး လိုအပ်သလို ကူညီဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ်” ဟု ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီ စောင့်ရှောက်ရေးနှင့် စေ့စပ် ညှိနှိုင်းရေး ကော်မတီ(CNCMC)၏ လုပ်ငန်းအကောင်အထည် ဖော်ရေး ကော်မတီ အတွင်းရေးမှူး ဦးစည်သူမောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ ဥပဒေအား ပြင်ဆင်လိုက်ပြီးနောက် စစ်ဆေးမှုများ လုပ်ဆောင်လာသည့် အတွက် အထောက်အထား မပြည့်စုံသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ နယ်စပ်ဒေသများမှ မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်နကြေရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ထိုင်းမြန်မာ နယ်စပ် ချစ်ကြည်ရေးတံတားမှ တာချီလိတ်သို့ ဇူလိုင်လ(၁)ရက်နေ့တွင် ပထမဆုံး ပြန်လည် ဝင်ရောက်လာသည့် မယ်ဆိုင်မြို့မှ မြန်မာအလုပ်သမား (၄၄)ဦးတွင် အမျိုးသား(၂၂)ဦးနှင့် အမျိုးသမီး (၂၂)ဦးပါဝင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ရွှေ့ပြောင်းလုပ်သားများအား စစ်ဆေးခြင်းကို ရက်ပေါင်း (၁၂၀) ဆိုင်းငံ့ထားသော်လည်း မယ်ဆိုင်မြို့မှတစ်ဆင့် မြန်မာနိုင်ငံဘက်သို့ ပြန်လည်ဝင်ရောက်မည့် မြန်မာရွှေ့ပြောင်းလုပ်သားများအား အခက်အခဲမရှိစေရေးအတွက် နယ်စပ်မြို့တာချီလိတ်မှ သက်ဆိုင်ရာဌာနများနှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီ စောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ (CNCMC)တို့က ကူညီဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

“အခုမဲဆောက်ဘက်ကနေ ပြန်ဝင်နေတဲ့အလုပ်သမားတွေထဲမှာ တချို့တွေက ရှမ်း/အရှေ့ဘက်က အလုပ်သမားတွေ ပါတယ်ပေါ့နော်။ ပြန်တဲ့အခါကျတော့ လမ်းခရီးအတိုင်းအတာအရ ဝေးတဲ့အတွက် ဒီဘက်ကနပြေန်ဖို့ ကမ်းလှမ်းလာကြတယ်ပေါ့။ ကျွန်တော်တို့ကလည်း ထိုင်းဘက်က တာဝန်ရှိသူတွေရယ်၊ ဒီဘက်က တာဝန်ရှိသူတွေရယ် ချိတ်ဆက်ပြီးတော့ ရှမ်း/အရှေ့ဘက်၊ တောင်ကြီးဘက်က အလုပ် သမားတွေကို ဒီဘက်ကနေ ပို့ဖို့ တောင်းဆိုထားပါတယ်။ တာဝန်ရှိတဲ့သူတွေကလည်း သဘောတူပါတယ်။ ပြန်လာတဲ့ အခါကျရင်လည်း လိုအပ်တဲ့ အခက်အခဲရှိရင် ကျွန်တော်တို့ CNCMC နဲ့ ဒေသအာဏာပိုင်တွေ ပူးပေါင်းပြီးတော့ ဆောင်ရွက်ပေးဖို့ အစီအစဉ်ရှိပါတယ်”ဟု ဦးစည်သူမောင်က ပြောသည်။

ထိုင်းနိုင်ငံ အလုပ်သမား ဥပဒေသစ်အရ အထောက်အထား မပြည့်စုံ၍ နေရပ်ပြန်လိုသည့် မြန်မာလုပ်သားများ အနဖြေင့် ထိုင်း - မြန်မာနယ်စပ် မယ်ဆိုင်မြို့မှ တစ်ဆင့် တာချီလိတ်မြို့သို့ ပြန်လည် ဝင်ရောက်ပါက အမှတ်(၁) ချစ်ကြည်ရေး တံတားမှ တရားဝင် ဝင်ရောက်ကြရန် CNCMC က တိုက်တွန်း နှိုးဆော်ထားသည်။

“ထိုင်းနိုင်ငံအတွင်း အထောက်အထားမဲ့ နေထိုင်ခဲ့သူများ မြန်မာပြည်သို့ ပြန်လည်ဝင်ရောက်ရာမှာ ချစ်ကြည်ရေး အမှတ်(၁)တံတားမှ တစ်ဆင့် ဝင်ရောက်ခြင်းအတွက် အဖမ်းအဆီး လုံးဝမရှိပါ။ ရေချောင်းမှ ဖြတ်ကူးခြင်းဟာ အသက်အန္တရာယ် ရှိသလို တရားမဝင် ခိုးကူးတာဖြစ်သည့်အတွက် ဥပဒေအရလည်း အရေးယူခံရနိုင်ပါသည်”ဟု CNCMC၏ တိုက်တွန်းနှိုးဆော်ချက်တွင် ဖော်ပြထားသည်။

မယ်ဆိုင် မှတစ်ဆင့် တာချီလိတ်သို့ ဝင်ရောက်လိုပြီး ရွှေ့ပြောင်း မြန်မာလုပ်သား မှန်ကန်ပါက ထိုင်းဖုန်း 0850388887၊ 0897558729 များသို့ ဆက်သွယ်၍ အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~