တာခ်ီလိတ္ၿမိဳ႕ ဖန္မင္ေက်းရြာအုပ္စုတြင္ အသက္(၁၄)ႏွစ္အရြယ္သမီးအား ေမြးစားဖခင္မွ အဓမၼျပဳက်င့္

တာခ်ီလိတ္ၿမိဳ႕ ဖန္မင္ေက်းရြာအုပ္စုတြင္ အသက္(၁၄)ႏွစ္အရြယ္သမီးအား ေမြးစားဖခင္မွ အဓမၼျပဳက်င့္
ဇူလိုင် 12, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕နယ္၊ ဖန္မင္ေက်းရြာအုပ္စုရွိ ဆန္နားေက်းရြာတြင္ အသက္(၁၄)ႏွစ္အရြယ္ မိန္းကေလးအား ေမြးစားဖခင္ျဖစ္သူမွ သားမယားအျဖစ္ အႀကိမ္ႀကိမ္ျပဳက်င့္မႈ ျဖစ္ပြား၍ ဇူလိုင္လ(၁၂)ရက္ေန႔က အမႈဖြင့္ေဆာင္ရြက္ထားေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ သိရသည္။

ျဖစ္စဥ္မွာ အသက္(၁၄)ႏွစ္အရြယ္ရွိ မိန္းကေလးငယ္သည္ မိဘမ်ား မရွိေတာ့သည့္အတြက္ လြန္ခဲ့သည့္ (၇)ႏွစ္ ၀န္းက်င္ကစ၍ ဆန္နားရြာေန ဦးယာလီ ႏွင့္ ဇနီးတို႔မွ ေမြးစားသမီးအျဖစ္ ေခၚယူကာ ေစာင့္ေရွာက္ ထားရွိၿပီးေနာက္ ယခု ႏွစ္၏ လြန္ခဲ့ေသာ (၁)လ၀န္းက်င္က ေနအိမ္၌ပင္ ဦးယာလီသည္ ၎၏ ဇနီး ခရီးသြားေနစဥ္ အသက္(၁၄)ႏွစ္အရြယ္ ေမြးစားသမီးအား သားမယားအျဖစ္ စတင္၍ ျပဳက်င့္ေၾကာင္းႏွင့္ ဆက္လက္၍ ဇူလိုင္လ(၉)ရက္ေန႔အထိ (၁၀)ႀကိမ္ခန္႔ ျပဳက်င့္ေၾကာင္း ဇနီးျဖစ္သူမွ သိရ၍ ေမြးစားသမီး၏ အေဒၚ ေတာ္စပ္သူထံ သြားေရာက္ အပ္ႏွံထားရွိရာမွ အေဒၚေတာ္စပ္သူက ေက်းရြာသူႀကီးမွ တစ္ဆင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းသို႔ ဇူလိုင္လ(၁၁)ရက္ေန႔ ညပိုင္းက တိုင္ၾကားလိုက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ကိစၥႏွင့္ ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴး ထိန္လင္း ႏွင့္ တာ၀န္ရွိသူမ်ားမွ သက္ေသမ်ားအား ေမးျမန္းျခင္း၊ အခင္းျဖစ္ရာေနရာမ်ားအား စစ္ေဆးျခင္းႏွင့္ သက္ေသခံပစၥည္းမ်ားအား သိမ္းဆည္းျခင္းတို႔ကို ျပဳလုပ္ၿပီး ဦးယာလီအား ဖမ္းဆီးစစ္ေဆးမႈမ်ား ျပဳလုပ္ေၾကာင္း သိရသည္။

ျပစ္မႈက်ဴးလြန္သူဟု အမႈဖြင့္တိုင္ၾကားခံရသူ ဦးယာလီ၏ လတ္တေလာ ထြက္ဆိုခ်က္အရ ၎သည္ ေမြးစားသမီးျဖစ္သူ ႏွင့္ တစ္အိမ္တည္းအတူေနထိုင္ရာမွ ကာမရာဂစိတ္ၾကြကာ ေနအိမ္တြင္ ႏွစ္ဦးတည္း ရွိေနစဥ္ အလိုမတူဘဲ သားမယားအျဖစ္ ျပဳက်င့္ခဲ့ေၾကာင္း၊ ျပန္ေျပာလွ်င္ သတ္ပစ္မည္ဟု ၿခိမ္းေျခာက္ ေျပာဆိုခဲ့သျဖင့္ ေမြးစားသမီးျဖစ္သူမွာ ေၾကာက္ရြံ႕ၿပီး အလိုမတူဘဲ သားမယားအျဖစ္ ဆက္လက္ က်ဴးလြန္ခံရျခင္း ျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔မွ စစ္ေဆးေတြ႕ရွိခ်က္အရ သိရသည္။

ဆက္လက္၍ အလိုမတူဘဲ သားမယားအျဖစ္ ျပဳက်င့္သူ ေမြးစားဖခင္ ဦးယာလီအား တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းတြင္ (ပ)၁၄၅/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ျဖင့္ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စုရှိ ဆန်နားကျေးရွာတွင် အသက်(၁၄)နှစ်အရွယ် မိန်းကလေးအား မွေးစားဖခင်ဖြစ်သူမှ သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်မှု ဖြစ်ပွား၍ ဇူလိုင်လ(၁၂)ရက်နေ့က အမှုဖွင့်ဆောင်ရွက်ထားကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ အသက်(၁၄)နှစ်အရွယ်ရှိ မိန်းကလေးငယ်သည် မိဘများ မရှိတော့သည့်အတွက် လွန်ခဲ့သည့် (၇)နှစ် ဝန်းကျင်ကစ၍ ဆန်နားရွာနေ ဦးယာလီ နှင့် ဇနီးတို့မှ မွေးစားသမီးအဖြစ် ခေါ်ယူကာ စောင့်ရှောက် ထားရှိပြီးနောက် ယခု နှစ်၏ လွန်ခဲ့သော (၁)လဝန်းကျင်က နေအိမ်၌ပင် ဦးယာလီသည်၎င်း၏ ဇနီး ခရီးသွားနေစဉ် အသက်(၁၄)နှစ်အရွယ် မွေးစားသမီးအား သားမယားအဖြစ် စတင်၍ ပြုကျင့်ကြောင်းနှင့် ဆက်လက်၍ ဇူလိုင်လ(၉)ရက်နေ့အထိ (၁၀)ကြိမ်ခန့် ပြုကျင့်ကြောင်း ဇနီးဖြစ်သူမှ သိရ၍ မွေးစားသမီး၏ အဒေါ် တော်စပ်သူထံ သွားရောက် အပ်နှံထားရှိရာမှ အဒေါ်တော်စပ်သူက ကျေးရွာသူကြီးမှ တစ်ဆင့် တာချီလိတ်မြို့မရဲစခန်းသို့ ဇူလိုင်လ(၁၁)ရက်နေ့ ညပိုင်းက တိုင်ကြားလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ထိန်လင်း နှင့် တာဝန်ရှိသူများမှ သက်သေများအား မေးမြန်းခြင်း၊ အခင်းဖြစ်ရာနေရာများအား စစ်ဆေးခြင်းနှင့် သက်သေခံပစ္စည်းများအား သိမ်းဆည်းခြင်းတို့ကို ပြုလုပ်ပြီး ဦးယာလီအား ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူဟု အမှုဖွင့်တိုင်ကြားခံရသူ ဦးယာလီ၏ လတ်တလော ထွက်ဆိုချက်အရ၎င်းသည် မွေးစားသမီးဖြစ်သူ နှင့် တစ်အိမ်တည်းအတူနေထိုင်ရာမှ ကာမရာဂစိတ်ကြွကာ နေအိမ်တွင် နှစ်ဦးတည်း ရှိနေစဉ် အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း၊ ပြန်ပြောလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့သဖြင့် မွေးစားသမီးဖြစ်သူမှာ ကြောက်ရွံ့ပြီး အလိုမတူဘဲ သားမယားအဖြစ် ဆက်လက် ကျူးလွန်ခံရခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ စစ်ဆေးတွေ့ရှိချက်အရ သိရသည်။

ဆက်လက်၍ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်သူ မွေးစားဖခင် ဦးယာလီအား တာချီလိတ်မြို့မ ရဲစခန်းတွင် (ပ)၁၄၅/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~