ႏွစ္(၇၀)ျပည့္ အာဇာနည္ေန႔ အထိမ္းအမွတ္အျဖစ္ တာခ်ီလိတ္၌ က်င္းပသည့္ ဗုိလ္ခ်ဳပ္ဂုဏ္ျပဳ ကဗ်ာရြတ္ၿပိဳင္ပြဲတြင္ မူလတန္းအဆင့္ ေက်ာင္းသား/ေက်ာင္းသူမ်ား ၀င္ေရာက္ယွဥ္ၿပိဳင္

ႏွစ္(၇၀)ျပည့္ အာဇာနည္ေန႔ အထိမ္းအမွတ္အျဖစ္ တာခ်ီလိတ္၌ က်င္းပသည့္ ဗုိလ္ခ်ဳပ္ဂုဏ္ျပဳ ကဗ်ာရြတ္ၿပိဳင္ပြဲတြင္ မူလတန္းအဆင့္ ေက်ာင္းသား/ေက်ာင္းသူမ်ား ၀င္ေရာက္ယွဥ္ၿပိဳင္
ဇူလိုင် 18, 2017
By Tachileik News Agency

ဇူလိုင္လ(၁၉)ရက္ေန႔တြင္ က်ေရာက္မည့္ ႏွစ္(၇၀)ျပည့္ အာဇာနည္ေန႔ အထိမ္းအမွတ္အျဖစ္ ဇူလိုင္လ(၁၈)ရက္ေန႔ ညပိုင္းက တာခ်ီလိတ္ၿမိဳ႕ ေအာင္ျမတ္ခန္းမ၌ က်င္းပျပဳလုပ္သည့္ ဗုိလ္ခ်ဳပ္ဂုဏ္ျပဳ ကဗ်ာရြတ္ဆို ၿပိဳင္ပြဲတြင္ မူလတန္းအဆင့္ ေက်ာင္းသား/ေက်ာင္းသူ (၁၂)ဦး ပါ၀င္ ယွဥ္ၿပိဳင္ေၾကာင္း သိရသည္။

အခမ္းအနားတြင္ ဗုိလ္ခ်ဳပ္ဂုဏ္ျပဳ ကဗ်ာရြတ္ဆိုၿပိဳင္ပြဲ ဒိုင္မ်ားအျဖစ္ တာခ်ီလိတ္ၿမိဳ႕နယ္ စာေရးဆရာအသင္းမွ ေဆာင္ရြက္ခဲ့ၿပီး မူလတန္းအဆင့္ ေက်ာင္းသား/ေက်ာင္းသူမ်ားက ပါ၀င္ ယွဥ္ၿပိဳင္ခ့ဲၾကၿပီးေနာက္ တာ၀န္ရွိသူမ်ားက ဗုိလ္ခ်ဳပ္ဂုဏ္ျပဳ ကဗ်ာရြတ္ဆိုၿပိဳင္ပြဲ၌ ဆုရရွိသူမ်ား ႏွင့္ စာစီစာကံုးၿပိဳင္ပြဲတို႔တြင္ ဆုမ်ားရရွိသည့္ ၿပိဳင္ပြဲ၀င္ ေက်ာင္းသား/ေက်ာင္းသူမ်ားကိုလည္း ဆုမ်ား အသီးသီး ေပးအပ္ ခ်ီးျမႇင့္ခဲ့ၾကေၾကာင္း သိရသည္။

အခမ္းအနားသို႔ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဌး၀င္း၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္၊ တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္ ႏွင့္ ဖိတ္ၾကားထားသူမ်ား၊ လူမႈေရးအသင္းအဖြဲ႔မ်ား တက္ေရာက္ခ်ီးျမႇင့္ခဲ့ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္အေနျဖင့္ ႏွစ္(၇၀)ျပည့္ အာဇာနည္ေန႔အား ဇူလိုင္လ(၁၉)ရက္ေန႔ နံနက္အေစာပိုင္း၌ ေအာင္ျမတ္ခန္းမတြင္ သံဃာေတာ္အရွင္သူျမတ္ (၉)ပါးအား လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းကာ တရားနာေရစက္ခ်အမွ်ေပးေဝျခင္း အခမ္းအနားကို က်င္းပျပဳလုပ္ၿပီးေနာက္ ဆက္လက္၍ တာခ်ီလိတ္ၿမိဳ႕ရွိ ေအာင္ျမတ္ ခန္းမတြင္ ဥၾသဆြဲကာ စုေပါင္း အေလးျပဳျခင္း ႏွင့္ လႊမ္းသူ႔ပန္းေခြခ်ျခင္း အခမ္းအနားမ်ား ဆက္လက္ က်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္း အခမ္းအနား က်င္းပေရးအဖြဲ႔မွ သိရသည္။

ဓာတ္ပံု - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် နှစ်(၇၀)ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဇူလိုင်လ(၁၈)ရက်နေ့ ညပိုင်းက တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်သည့် ဗိုလ်ချုပ်ဂုဏ်ပြု ကဗျာရွတ်ဆို ပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ (၁၂)ဦး ပါဝင် ယှဉ်ပြိုင်ကြောင်း သိရသည်။

အခမ်းအနားတွင် ဗိုလ်ချုပ်ဂုဏ်ပြု ကဗျာရွတ်ဆိုပြိုင်ပွဲ ဒိုင်များအဖြစ် တာချီလိတ်မြို့နယ် စာရေးဆရာအသင်းမှ ဆောင်ရွက်ခဲ့ပြီး မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများက ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီးနောက် တာဝန်ရှိသူများက ဗိုလ်ချုပ်ဂုဏ်ပြု ကဗျာရွတ်ဆိုပြိုင်ပွဲ၌ ဆုရရှိသူများ နှင့် စာစီစာကုံးပြိုင်ပွဲတို့တွင် ဆုများရရှိသည့် ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများကိုလည်း ဆုများ အသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် ဖိတ်ကြားထားသူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အနဖြေင့် နှစ်(၇၀)ပြည့် အာဇာနည်နေ့အား ဇူလိုင်လ(၁၉)ရက်နေ့ နံနက်အစောပိုင်း၌ အောင်မြတ်ခန်းမတွင် သံဃာတော်အရှင်သူမြတ် (၉)ပါးအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ တရားနာရေစက်ချအမျှပေးဝခြေင်း အခမ်းအနားကို ကျင်းပပြုလုပ်ပြီးနောက် ဆက်လက်၍ တာချီလိတ်မြို့ရှိ အောင်မြတ် ခန်းမတွင် ဥသြဆွဲကာ စုပေါင်း အလေးပြုခြင်း နှင့် လွှမ်းသူ့ပန်းခွေချခြင်း အခမ်းအနားများ ဆက်လက် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အခမ်းအနား ကျင်းပရေးအဖွဲ့မှ သိရသည်။

ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~