တပ္မေတာ္ေလယာဥ္ Y-8 မေတာ္တဆျဖစ္စဥ္တြင္ ကြယ္လြန္သြားၾကသူမ်ားအတြက္ တာခ်ီလိတ္မွ ေစတနာရွင္မ်ားက ႏွစ္ရက္တာအတြင္း က်ပ္(၅၂)သိန္းေက်ာ္ လွဴဒါန္း

တပ္မေတာ္ေလယာဥ္ Y-8 မေတာ္တဆျဖစ္စဥ္တြင္ ကြယ္လြန္သြားၾကသူမ်ားအတြက္ တာခ်ီလိတ္မွ ေစတနာရွင္မ်ားက ႏွစ္ရက္တာအတြင္း က်ပ္(၅၂)သိန္းေက်ာ္ လွဴဒါန္း
ဇွန် 9, 2017
By Tachileik News Agency

၂၀၁၇ခုႏွစ္ ဇြန္လ(၇)ရက္ေန႔က ျဖစ္ပြားခဲ့သည့္ တပ္မေတာ္ေလယာဥ္ Y-8 မေတာ္တဆျဖစ္စဥ္ႏွင့္ ပတ္သက္၍ ကြယ္လြန္သြားၾကသည့္ တပ္မေတာ္သားမ်ားႏွင့္ မိသားစု၀င္မ်ားအတြက္ က်န္ရစ္သူမ်ားအား ေထာက္ပ့ံႏိုင္ရန္ အတြက္ တာခ်ီလိတ္ၿမိဳ႕သူ၊ ၿမိဳ႕သားမ်ား၏ ကူညီေထာက္ပံ့မႈ အစီအစဥ္ျဖင့္ ပါ၀င္ ေဆာင္ရြက္ရန္ အတြက္ CNCMC ေကာ္မတီမွ ေထာက္ပံ့ေငြမ်ား လွဴဒါန္းလာမႈကို လက္ခံေပးလ်က္ ရွိရာတြင္ ႏွစ္ရက္တာအတြင္း လာေရာက္လွဴဒါန္းသည့္ေငြမွာ စုစုေပါင္း က်ပ္(၅၂)သိန္းေက်ာ္ ရရွိၿပီျဖစ္ေၾကာင္း သိရသည္။

"ဒီျဖစ္စဥ္ေၾကာင့္ ကြယ္လြန္သြားသူ (၁၂၂)ဦး ရွိတဲ့အတြက္ ကြ်န္ေတာ္တုိ႔ စုေပါင္း လွဴဒါန္းေငြ က်ပ္သိန္း(၁၂၂)သိန္းေလာက္အထိ ရရွိႏိုင္ရန္ေတာ့ ေမွ်ာ္မွန္းထားပါတယ္။ ရရွိၿပီးတာနဲ႔ ႀတိဂံတိုင္း တိုင္းမွဴးကေန တဆင့္ ေပးအပ္လွဴဒါန္းသြားဖို႔ စီစဥ္ထားပါတယ္"ဟု ေထာက္ပံ့ေငြမ်ား လက္ခံေဆာင္ရြက္ေပးေနသူ CNCMC ေကာ္မတီရံုးမွ ေကာ္မတီ ဥကၠဌ ဦးေအာင္ၿဖဳိးရွိန္က ေျပာသည္။

လက္ရွိတြင္ ဇြန္လ(၈)ရက္ႏွင့္ ဇြန္လ(၉)ရက္ေန႔ ႏွစ္ရက္တာအတြင္း တာခ်ီလိတ္ရွိ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁)တံတားအနီးရွိ CNCMC ေကာ္မတီရံုးသို႔ လာေရာက္လွဴဒါန္းလာၾကသည့္ စုစုေပါင္း ေငြမွာ (၅,၂၉၀,၀၀၀)က်ပ္ရွိၿပီျဖစ္ေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

၂၀၁၇ခုနှစ် ဇွန်လ(၇)ရက်နေ့က ဖြစ်ပွားခဲ့သည့် တပ်မတော်လေယာဉ် Y-8 မတော်တဆဖြစ်စဉ်နှင့် ပတ်သက်၍ ကွယ်လွန်သွားကြသည့် တပ်မတော်သားများနှင့် မိသားစုဝင်များအတွက် ကျန်ရစ်သူများအား ထောက်ပံ့နိုင်ရန် အတွက် တာချီလိတ်မြို့သူ၊ မြို့သားများ၏ ကူညီထောက်ပံ့မှု အစီအစဉ်ဖြင့် ပါဝင် ဆောင်ရွက်ရန် အတွက် CNCMC ကော်မတီမှ ထောက်ပံ့ငွေများ လှူဒါန်းလာမှုကို လက်ခံပေးလျက် ရှိရာတွင် နှစ်ရက်တာအတွင်း လာရောက်လှူဒါန်းသည့်ငွေမှာ စုစုပေါင်း ကျပ်(၅၂)သိန်းကျော် ရရှိပြီဖြစ်ကြောင်း သိရသည်။

"ဒီဖြစ်စဉ်ကြောင့် ကွယ်လွန်သွားသူ (၁၂၂)ဦး ရှိတဲ့အတွက် ကျွန်တော်တို့ စုပေါင်း လှူဒါန်းငွေ ကျပ်သိန်း(၁၂၂)သိန်းလောက်အထိ ရရှိနိုင်ရန်တော့ မျှော်မှန်းထားပါတယ်။ ရရှိပြီးတာနဲ့ တြိဂံတိုင်း တိုင်းမှူးကနေ တဆင့် ပေးအပ်လှူဒါန်းသွားဖို့ စီစဉ်ထားပါတယ်"ဟု ထောက်ပံ့ငွေများ လက်ခံဆောင်ရွက်ပေးနေသူ CNCMC ကော်မတီရုံးမှ ကော်မတီ ဥက္ကဌ ဦးအောင်ဖြိုးရှိန်က ပြောသည်။

လက်ရှိတွင် ဇွန်လ(၈)ရက်နှင့် ဇွန်လ(၉)ရက်နေ့ နှစ်ရက်တာအတွင်း တာချီလိတ်ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားအနီးရှိ CNCMC ကော်မတီရုံးသို့ လာရောက်လှူဒါန်းလာကြသည့် စုစုပေါင်း ငွေမှာ (၅,၂၉၀,ဝဝဝ)ကျပ်ရှိပြီဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~