တာခ်ီလိတ္တြင္ အမ်ိဳးသားတစ္ဦး ေသနတ္ျဖင့္ပစ္ခံရ၍ ေသဆံုး

တာခ်ီလိတ္တြင္ အမ်ိဳးသားတစ္ဦး ေသနတ္ျဖင့္ပစ္ခံရ၍ ေသဆံုး
ဇွန် 17, 2017
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ မကာဟိုခမ္းရပ္ကြက္ အထက္တန္းေက်ာင္းအနီးတြင္ ဇြန္လ (၁၇)ရက္ေန႔ ညပိုင္းက ေသနတ္ျဖင့္လာေရာက္ပစ္ခတ္မႈျဖစ္ပြားသျဖင့္ ရဲတပ္ဖြဲ႕က စံုစမ္းစစ္ေဆးေနေၾကာင္း သိရသည္။

"ဟုတ္တယ္ ေသနတ္ပစ္မႈျဖစ္ပြားတယ္။ အမ်ိဳးသားတစ္ေယာက္ အပစ္ခံရတယ္။ အမ်ိဳးသားနာမည္ဘယ္သူ တရားခံဘယ္သူဆိုတာေတာ့ စံုစမ္းစစ္ေဆးဆဲပဲရိွေသးတယ္"ဟု အခင္းျဖစ္ပြားရာတြင္ စစ္ေဆးေနသည့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္း စခန္းမွဴး ဒုရဲမွဴး ထိန္လင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အထက(တာခ်ီလိတ္) အနီးတြင္ အိမ္ငွားေနထိုင္သူတစ္ဦးအား ပစ္ခတ္္ခံရျခင္းျဖစ္ၿပီး ေသနတ္ျဖင့္ ပစ္သူက လမ္းေလွ်ာက္လာကာ ေသနတ္ျဖင့္ပစ္ၿပီးေနာက္ ျပန္ထြက္သြားသည္ကို ေတြ႔ရေၾကာင္း အနီးဝန္းက်င္မွ မ်က္ျမင္ေတြ႕သူမ်ားထံမွ သိရသည္။

"ေသနတ္သံကေတာ့ ေျခာက္နာရီခြဲေလာက္မွာ ၾကားတယ္။ ေလးငါးေျခာက္ခ်က္ၾကားတယ္။ ေသနတ္သံမွန္းမသိဘူး။ လူေတြ ဝို္င္းအံုလာၿပီး သြားၾကည့္မွ သိတယ္။ အပစ္ခံရတဲ့သူကေတာ့ အက်ၤ ီခၽြတ္နဲ႔ ပက္လက္ႀကီး ေခါင္းကိုပြင့္ထြက္သြားတာပဲ"ဟု ေသနတ္ပစ္မႈျဖစ္ပြားသည့္အနီးဝန္းက်င္တြင္ ရိွေနသူက ေျပာသည္။

ေသနတ္ျဖင့္ပစ္ခံရသည့္အမ်ိဳးသားမွာ ေသဆံုးသြားၿပီး လက္ရိွတြင္ အခင္းျဖစ္ေနရာအား ရဲတပ္ဖြဲ႕က စံုစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ေနေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခံရ၍ သေဆုံး
************
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက် အထက်တန်းကျောင်းအနီးတွင် ဇွန်လ (၁၇)ရက်နေ့ ညပိုင်းက သေနတ်ဖြင့်လာရောက်ပစ်ခတ်မှုဖြစ်ပွားသဖြင့် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

"ဟုတ်တယ် သေနတ်ပစ်မှုဖြစ်ပွားတယ်။ အမျိုးသားတစ်ယောက် အပစ်ခံရတယ်။ အမျိုးသားနာမည်ဘယ်သူ တရားခံဘယ်သူဆိုတာတော့ စုံစမ်းစစ်ဆေးဆဲပဲရှိသေးတယ်"ဟု အခင်းဖြစ်ပွားရာတွင် စစ်ဆေးနေသည့် တာချီလိတ်မြို့မရဲစခန်း စခန်းမှူး ဒုရဲမှူး ထိန်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အထက(တာချီလိတ်) အနီးတွင် အိမ်ငှားနေထိုင်သူတစ်ဦးအား ပစ်ခတ််ခံရခြင်းဖြစ်ပြီး သေနတ်ဖြင့် ပစ်သူက လမ်းလျှောက်လာကာ သေနတ်ဖြင့်ပစ်ပြီးနောက် ပြန်ထွက်သွားသည်ကို တွေ့ရကြောင်း အနီးဝန်းကျင်မှ မျက်မြင်တွေ့သူများထံမှ သိရသည်။

"သေနတ်သံကတော့ ခြောက်နာရီခွဲလောက်မှာ ကြားတယ်။ လေးငါးခြောက်ချက်ကြားတယ်။ သေနတ်သံမှန်းမသိဘူး။ လူတွေ ဝို်င်းအုံလာပြီး သွားကြည့်မှ သိတယ်။ အပစ်ခံရတဲ့သူကတော့ အကျင်္ ီချွတ်နဲ့ ပက်လက်ကြီး ခေါင်းကိုပွင့်ထွက်သွားတာပဲ"ဟု သေနတ်ပစ်မှုဖြစ်ပွားသည့်အနီးဝန်းကျင်တွင် ရှိနေသူက ပြောသည်။

သေနတ်ဖြင့်ပစ်ခံရသည့်အမျိုးသားမှာ သေဆုံးသွားပြီး လက်ရှိတွင် အခင်းဖြစ်နေရာအား ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~