တာခ်ီလိတ္ၿမိဳ႕မိုင္းကိုးတြင္ အမ်ိဳးသားတစ္ဦး တူမီးေသနတ္ျဖင့္ အဆံုးစီရင္

တာခ်ီလိတ္ၿမိဳ႕မိုင္းကိုးတြင္ အမ်ိဳးသားတစ္ဦး တူမီးေသနတ္ျဖင့္ အဆံုးစီရင္
ဇွန် 2, 2017
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ မုိင္းကိုးေက်းရြာအုပ္စု မယ္ညီ(ေအာက္)ရြာတြင္ အသက္(၅၀)အရြယ္အမ်ိဳးသားတစ္ဦး တူမီးေသနတ္ျဖင့္ မိမိကိုယ္ကို ေသေၾကာင္းႀကံစည္ထားသည္ကို ဇြန္လ (၂)ရက္ေန႔တြင္ ေဆြမ်ိဳးမ်ားက ေတြ႔ရိွရေၾကာင္း သိရသည္။

အဆိုပါအမ်ိဳးသားအေလာင္းအား သယ္ယူရန္ တာခ်ီလိတ္ၿမိဳ  ့မရဲစခန္းမွ ဇြန္လ (၂)ရက္ေန႔ ေန႔လယ္ (၁၁) နာရီတြင္ တာခ်ီလိတ္နာေရးကူညီမႈအသင္းသို႔ အကူအညီေတာင္းလာသျဖင့္ သြားေရာက္သယ္ေဆာင္ေပးခဲ့ရေၾကာင္း သိရသည္။

" ေသဆံုးသူမွာ ေရာဂါေဝဒနာမ်ား ခံစားေနရသျဖင့္ မၾကာခဏ ငါေသရင္ေကာင္းမယ္"ဟု ေျပာၾကားဖူးေၾကာင္း ၎၏မိသားစုမ်ားထံမွ သိရသည္။

ဦးက်ဟဲဆိုသူသည္ ၎ကိုင္ေဆာင္ေသာ တူမီးေသနတ္ျဖင့္ ဇြန္လ (၁)ရက္ေန႔ ညေန (၆)နာရီခန္႔က ေသေၾကာင္း ႀကံစည္သြားသည္ဟု ခန္႔မွန္းထားၿပီး သူူ၏အေလာင္းအား ဇြန္လ (၂)ရက္ေန႔ နံနက္ပိုင္းတြင္ ေဆြမ်ိဳးမ်ားကေတြ ့ရိွသသျဖင့္ သက္ဆိုင္ရာသို ့အေၾကာင္းၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အေလာင္းအား စစ္ေဆးရန္ တာခ်ီလိတ္ၿမိဳ႕ ျပည္သူ႔ေဆးရံုသို႔ပို႔ေဆာင္ထားၿပီး ရဲစခန္းမွ ေသမႈေသခင္းဖြင့္လွစ္ စံုစမ္းစစ္ေဆးေနေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~

တာခြီလိတျမွို့မိုငျးကိုးတှငျ အမြိုးသားတစျဦး တူမီးသနေတျဖွငျ့ အဆုံးစီရငျ
*************
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ မိုင်းကိုးကျေးရွာအုပ်စု မယ်ညီ(အောက်)ရွာတွင် အသက်(၅၀)အရွယ်အမျိုးသားတစ်ဦး တူမီးသေနတ်ဖြင့် မိမိကိုယ်ကို သေကြောင်းကြံစည်ထားသည်ကို ဇွန်လ (၂)ရက်နေ့တွင် ဆွေမျိုးများက တွေ့ရှိရကြောင်း သိရသည်။

အဆိုပါအမျိုးသားအလောင်းအား သယ်ယူရန် တာချီလိတ်မြို  ့မရဲစခန်းမှ ဇွန်လ (၂)ရက်နေ့ နေ့လယ် (၁၁) နာရီတွင် တာချီလိတ်နာရေးကူညီမှုအသင်းသို့ အကူအညီတောင်းလာသဖြင့် သွားရောက်သယ်ဆောင်ပေးခဲ့ရကြောင်း သိရသည်။

" သေဆုံးသူမှာ ရောဂါဝေဒနာများ ခံစားနေရသဖြင့် မကြာခဏ ငါသေရင်ကောင်းမယ်"ဟု ပြောကြားဖူးကြောင်း ၎င်း၏မိသားစုများထံမှ သိရသည်။

ဦးကျဟဲဆိုသူသည် ၎င်းကိုင်ဆောင်သော တူမီးသေနတ်ဖြင့် ဇွန်လ (၁)ရက်နေ့ ညနေ (၆)နာရီခန့်က သေကြောင်း ကြံစည်သွားသည်ဟု ခန့်မှန်းထားပြီး သူူ၏အလောင်းအား ဇွန်လ (၂)ရက်နေ့ နံနက်ပိုင်းတွင် ဆွေမျိုးများကတွေ ့ရှိသသဖြင့် သက်ဆိုင်ရာသို ့အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလောင်းအား စစ်ဆေးရန် တာချီလိတ်မြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားပြီး ရဲစခန်းမှ သေမှုသေခင်းဖွင့်လှစ် စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~