လိြဳင္ေကာ္တြင္ က်န္းမာေရးမေကာင္းသည့္အမ်ိဳးသမီးတစ္ဦး ႀကိဳးဆြဲခ်ေသဆုံး

လိြဳင္ေကာ္တြင္ က်န္းမာေရးမေကာင္းသည့္အမ်ိဳးသမီးတစ္ဦး ႀကိဳးဆြဲခ်ေသဆုံး
ဇွန် 3, 2017
By 🌸

ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕၊ ပန္ကန္းေက်းရြာအုပ္စု၊ ထူဒူငံသေက်းရြာတြင္ က်န္းမာေရးမေကာင္းသည့္ အသက္ (၃၉) ႏွစ္အရြယ္ အမ်ိဳးသမီးတစ္ဦး ဇြန္လ (၃) ရက္ေန႔ နံနက္က ႀကိဳးဆြဲခ်ေသဆုံးေနသည္ကို ေတြ႔ရေၾကာင္း သိရသည္။
ေသဆံုးသူ မခိုင္ဇာလင္းသည္ ေနအိမ္ေအာက္ထပ္တြင္ ႀကိဳးဆြဲခ်ေသဆံုးေနသည္ကို ဇြန္လ (၃)ရက္ေန႔ နံနက္ (၇)နာရီခန္႔တြင္ ၎၏မိခင္ျဖစ္သူကေတြ႔ရသျဖင့္ သက္ဆုိင္ရာသို႔ အေၾကာင္းၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ေသဆုံးသူမွာ ေနအိမ္တြင္ တစ္ဦးထဲေနထိုင္သူျဖစ္ၿပီး ၂၀၁၅ ခုႏွစ္ကတည္း ကင္ဆာအႀကိတ္အား ကုသမႈခံယူေနရာမွ လြန္ခဲ့သည့္ တစ္လခန္႔မွစ၍ အစားေကာငး္စြာ စားႏုိင္ျခင္းမရိွေတာ့သျဖင့္ စိတ္ဓါတ္က်ေနတတ္သူျဖစ္ေၾကာင္း ၎၏မိခင္ျဖစ္သူထံမွ သိရသည္။
မခိုင္ဇာလင္းေသဆုံးမႈမွာ ဓမၼတာအတိုင္း ဟုတ္မဟုတ္ စစ္ေဆးရန္ လိြဳင္ေကာ္ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ထား ၿပီး လိြဳင္ေကာ္ၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္းအမွတ္ ၁၅/၂၀၁၇ ျဖင့္ အမႈဖြင့္စစ္ေဆးေဆာင္ရြက္လွ်က္႐ွိေၾကာင္း သိရသည္။
သတင္း #ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~

လွိုင်ကော်တွင် ကျန်းမာရေးမကောင်းသည့်အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး
*************
ကယားပြည်နယ် လွိုင်ကော်မြို့၊ ပန်ကန်းကျေးရွာအုပ်စု၊ ထူဒူငံသကျေးရွာတွင် ကျန်းမာရေးမကောင်းသည့် အသက် (၃၉) နှစ်အရွယ် အမျိုးသမီးတစ်ဦး ဇွန်လ (၃) ရက်နေ့ နံနက်က ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရကြောင်း သိရသည်။
သေဆုံးသူ မခိုင်ဇာလင်းသည် နေအိမ်အောက်ထပ်တွင် ကြိုးဆွဲချသေဆုံးနေသည်ကို ဇွန်လ (၃)ရက်နေ့ နံနက် (၇)နာရီခန့်တွင် ၎င်း၏မိခင်ဖြစ်သူကတွေ့ရသဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူမှာ နေအိမ်တွင် တစ်ဦးထဲနေထိုင်သူဖြစ်ပြီး ၂၀၁၅ ခုနှစ်ကတည်း ကင်ဆာအကြိတ်အား ကုသမှုခံယူနေရာမှ လွန်ခဲ့သည့် တစ်လခန့်မှစ၍ အစားကောငး်စွာ စားနိုင်ခြင်းမရှိတော့သဖြင့် စိတ်ဓါတ်ကျနေတတ်သူဖြစ်ကြောင်း ၎င်း၏မိခင်ဖြစ်သူထံမှ သိရသည်။
မခိုင်ဇာလင်းသေဆုံးမှုမှာ ဓမ္မတာအတိုင်း ဟုတ်မဟုတ် စစ်ဆေးရန် လွိုင်ကော်ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး လွိုင်ကော်မြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ် ၁၅/၂၀၁၇ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
သတင်း #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~