
ဇှနျ 6, 2017
By 🌸
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဆဌမပုံမှန်အစည်းအဝေးများအား ဇွန်လ (၆)ရက်နေ့က စတင်ကျင်းပနေရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၄၁) ဦးရှိသည့့်အနက်​ တက်ရောက်​သူ (၁၃၁) ဦး၊ ခွင့်တိုင်ကြားသူ (၁၀)ဦးရှိကြောင်း သိရသည်။
ယနေ့လွှတ်တော်တွင် ကတိသစ္စာမပြုရသေးသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သား  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာတွင် လက်မှတ်ရေးထိုးကြပြီး ကြယ်ပွင့်ပြမေးခွန်း (၁၃)ခုအား မေးမြန်းခြင်းနှင့် သက်ဆိုင်ရာက ဖြေကြားခြင်း၊ အစိုးရငွေလုံးငွေရင်း ရင်းနှီးမြှပ်နှံမှုဘတ်ဂျက် မြို့နယ်အလိုက် ခွဲဝေခြင်းဆိုင်ရာမူဘောင်အဆိုတင်သွင်းခြင်းနှင့် လက်ခံဆွေးနွေးရန် သင့်/မသင့်အဆုံးအဖြတ်ရယူခြင်းတို့ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #နိုနို

~~~~~~~~⊰❂ unicode ~~~~~~~~

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဆဌမပုံမှန်အစည်းအဝေးတွင် ကိုယ်စားလှယ် (၁၀)ဦး ခွင့်တိုင်ကြား
*************
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဆဌမပုံမှန်အစည်းအဝေးများအား ဇွန်လ (၆)ရက်နေ့က စတင်ကျင်းပနေရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၄၁) ဦးရှိသည်​့အနက်​ တက်ရောက်​သူ (၁၃၁) ဦး၊ ခွင့်တိုိင်ကြားသူ (၁၀)ဦးရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ ပြည်နယ်လွှတ်တော်တွင် ယနေ့စတင်သည့် လွှတ်တော် အစည်းအဝေးများသို့ ပအိုဝ်​းအမျိုးသမီးသမဂ္ဂအဖွဲ့အစည်​းမှ အဖွဲ့ဝင် (၂၁) ဦးလေ့လာသူအဖြစ် တက်ရောက်ကြောင်း သိရသည်။
ယနေ့လွှတ်တော်တွင် ကတိသစ္စာမပြုရသေးသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သား  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာတွင် လက်မှတ်ရေးထိုးကြပြီး ကြယ်ပွင့်ပြမေးခွန်း (၁၃)ခုအား မေးမြန်းခြင်းနှင့် သက်ဆိုင်ရာက ဖြေကြားခြင်း၊ အစိုးရငွေလုံးငွေရင်း ရင်းနှီးမြှပ်နှံမှုဘတ်ဂျက် မြို့နယ်အလိုက် ခွဲဝေခြင်းဆိုင်ရာမူဘောင်အဆိိုတင်သွင်းခြင်းနှင့် လက်ခံဆွေးနွေးရန် သင့်/မသင့်အဆုံးအဖြတ်ရယူခြင်းတို့ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~