ေရႊလီမွ တံတားေၾကးေကာက္သည့္ဂိတ္ၿဖိဳခ်မႈ မူဆယ္ - ေရႊလီ ကူးသန္းသြားလာမႈအား မထိခိုက္

ေရႊလီမွ တံတားေၾကးေကာက္သည့္ဂိတ္ၿဖိဳခ်မႈ မူဆယ္ - ေရႊလီ ကူးသန္းသြားလာမႈအား မထိခိုက္
ဇွန် 3, 2017
By 🌸
ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕ႏွင့္ နယ္စပ္ တရုတ္ႏိုင္ငံ ေရႊလီၿမိဳ႕ဘက္တြင္ တံတားျဖတ္သန္းခ ေကာက္ခံသည့္ အေဆာက္အဦးအား ၿဖိဳခ်ျခင္းေၾကာင့္ ယာဥ္အသြားအလာေခတၱပိတ္ဆို႔သည္ဟု သတင္းမ်ားထြက္ ေနေသာ္လည္း ျမန္မာႏုိင္ငံမွ ယာဥ္အသြားအလာမွာ  ဇြန္လ(၂)ရက္ေန႔တြင္ ပံုမွန္အတိုင္းရိွေၾကာင္း သိရသည္။

“သူတို႔က တံတားေဆာက္လုပ္ထားတဲ့ ကုန္က်စရိတ္ကို တံတားျဖတ္သန္းခဆိုၿပီး ျပန္ေကာက္တာ။ အခု ေကာက္ခံလို႔ရတာေတြက တံတားတန္ဖိုးျပန္ရၿပီဆိုေတာ့ ေကာက္ခံတဲ့ဂိတ္ကို ဖ်က္လိုက္တာပါ။ သူတို႔ပိုင္တဲ့ဟာကို ဖ်က္တာပဲေလ။ ဒီမနက္ကေနစၿပီးေတာ့ ယာဥ္ေတြ ပံုမွန္အတိုင္းသြားလာေနၾကပါၿပီ။ ၿပီးေတာ့ သူတို႔ဘက္က ဂိတ္ကိုျပန္ေဆာက္ေတာ့မွာ မဟုတ္ဘူးလို႔ သိရတယ္”ဟု မူဆယ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္ေက်ာ္ထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါဂိတ္အေဆာက္အဦးၿဖိဳခ်ျခင္းႏွင့္ပတ္သက္၍ ဇြန္လ (၁)ရက္ေန႔တြင္ မိုးသည္းထန္စြာရြာသြန္းမႈေၾကာင့္ မူဆယ္-ေရႊလီ ဂိတ္ေပါက္အေဆာက္အဦး ၿပိဳက် ပ်က္စီးသြားၿပီး ျမန္မာႏုိင္ငံဘက္မွ ယာဥ္အသြားအလာမ်ား ရပ္တံ့ထားရေၾကာင္း အြန္လိုင္းတြင္ မွားယြင္းေရးသားမႈမ်ား ထြက္ေပၚလာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“တရုတ္ဘက္က လမ္းျဖစ္ျဖစ္ တံတားျဖစ္ျဖစ္ေဆာက္ၿပီးရင္ ျဖတ္သန္းခ ေကာက္တယ္။ သူ႔တန္ေၾကး သတ္မွတ္ထားတာျပည့္ရင္ ေကာက္တဲ့ဂိတ္ေတြကို ဖ်က္လိုက္တယ္။ အခမဲ့သြားခိုင္းတယ္။ လမ္းရဲ့၊ တံတားရဲ့သက္တမ္းက ႏွစ္ (၂၀) ဆိုရင္ အဲဒီႏွစ္ (၂၀) ျပည့္တာနဲ႔ ေကာင္းေကာင္းဆိုးဆိုး အကုန္ဖ်က္တယ္။ အသစ္ျပန္လုပ္ရတယ္”ဟု ဦးေက်ာ္ေက်ာ္ထြန္းက ေျပာသည္။

အဆိုပါဂိတ္အေဆာက္အဦးအား ဇြန္လ(၁) ရက္ေန႔ ညေန (၅)နာရီခန္႔တြင္ ၿဖိဳခ်လိုက္သျဖင့္  ယာဥ္အသြားအလာ ယာယီပိတ္ဆို႔ခဲ့ျခင္းသာျဖစ္ေၾကာင္း သိရသည္။

ဂိတ္က အခြန္မေကာက္ေတာ့တာၾကာၿပီ။ အဲဒီဂိတ္ကို ဖ်က္လိုက္ၿပီး ျပန္မေဆာက္ေတာ့ဘူးလို႔ၾကားတယ္။ တရုတ္ႏိုင္ငံက လမ္းတံတားေၾကး အျပည့္ျပန္ရရင္ အခုလိုပဲ အၿပီးဖ်က္ဆီးပစ္တာ"ဟု ေရႊလီတြင္ (၇)ႏွစ္ၾကာ ေနထိုင္ေနသည့္ကိုေနၿဖိဳးကေျပာသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #ေနၿဖိဳး

~~~~~~~~⊰❂ unicode ~~~~~~~~

       ရွှေလီမှ တံတားကြေးကောက်သည့်ဂိတ်ဖြိုချမှု မူဆယ် - ရွှေလီ ကူးသန်းသွားလာမှုအား မထိခိုက်
                                                  *************
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နှင့် နယ်စပ် တရုတ်နိုင်ငံ ရွှေလီမြို့ဘက်တွင် တံတားဖြတ်သန်းခ ကောက်ခံသည့် အဆောက်အဦးအား ဖြိုချခြင်းကြောင့် ယာဉ်အသွားအလာခေတ္တပိတ်ဆို့သည်ဟု သတင်းများထွက် နေသော်လည်း မြန်မာနိုင်ငံမှ ယာဉ်အသွားအလာမှာ  ဇွန်လ(၂)ရက်နေ့တွင် ပုံမှန်အတိုင်းရှိကြောင်း သိရသည်။

“သူတို့က တံတားဆောက်လုပ်ထားတဲ့ ကုန်ကျစရိတ်ကို တံတားဖြတ်သန်းခဆိုပြီး ပြန်ကောက်တာ။ အခု ကောက်ခံလို့ရတာတွေက တံတားတန်ဖိုးပြန်ရပြီဆိုတော့ ကောက်ခံတဲ့ဂိတ်ကို ဖျက်လိုက်တာပါ။ သူတို့ပိုင်တဲ့ဟာကို ဖျက်တာပဲလေ။ ဒီမနက်ကနေစပြီးတော့ ယာဉ်တွေ ပုံမှန်အတိုင်းသွားလာနေကြပါပြီ။ ပြီးတော့ သူတို့ဘက်က ဂိတ်ကိုပြန်ဆောက်တော့မှာ မဟုတ်ဘူးလို့ သိရတယ်”ဟု မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါဂိတ်အဆောက်အဦးဖြိုချခြင်းနှင့်ပတ်သက်၍ ဇွန်လ (၁)ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မူဆယ်-ရွှေလီ ဂိတ်ပေါက်အဆောက်အဦး ပြိုကျ ပျက်စီးသွားပြီး မြန်မာနိုင်ငံဘက်မှ ယာဉ်အသွားအလာများ ရပ်တံ့ထားရကြောင်း အွန်လိုင်းတွင် မှားယွင်းရေးသားမှုများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တရုတ်ဘက်က လမ်းဖြစ်ဖြစ် တံတားဖြစ်ဖြစ်ဆောက်ပြီးရင် ဖြတ်သန်းခ ကောက်တယ်။ သူ့တန်ကြေး သတ်မှတ်ထားတာပြည့်ရင် ကောက်တဲ့ဂိတ်တွေကို ဖျက်လိုက်တယ်။ အခမဲ့သွားခိုင်းတယ်။ လမ်းရဲ့၊ တံတားရဲ့သက်တမ်းက နှစ် (၂၀) ဆိုရင် အဲဒီနှစ် (၂၀) ပြည့်တာနဲ့ ကောင်းကောင်းဆိုးဆိုး အကုန်ဖျက်တယ်။ အသစ်ပြန်လုပ်ရတယ်”ဟု ဦးကျော်ကျော်ထွန်းက ပြောသည်။

အဆိုပါဂိတ်အဆောက်အဦးအား ဇွန်လ(၁) ရက်နေ့ ညနေ (၅)နာရီခန့်တွင် ဖြိုချလိုက်သဖြင့်  ယာဉ်အသွားအလာ ယာယီပိတ်ဆို့ခဲ့ခြင်းသာဖြစ်ကြောင်း သိရသည်။

ဂိတ်က အခွန်မကောက်တော့တာကြာပြီ။ အဲဒီဂိတ်ကို ဖျက်လိုက်ပြီး ပြန်မဆောက်တော့ဘူးလို့ကြားတယ်။ တရုတ်နိုင်ငံက လမ်းတံတားကြေး အပြည့်ပြန်ရရင် အခုလိုပဲ အပြီးဖျက်ဆီးပစ်တာ"ဟု ရွှေလီတွင် (၇)နှစ်ကြာ နေထိုင်နေသည့်ကိုနေဖြိုးကပြောသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #နေဖြိုး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~