ေက်ာက္မဲတြင္ အိမ္တိုင္ရာေရာက္အမိႈက္သိမ္းႏႈန္းထား အမိႈက္ပမာဏႏွင့္အထပ္ျမင့္အလိုက္သတ္မွတ္

ေက်ာက္မဲတြင္ အိမ္တိုင္ရာေရာက္အမိႈက္သိမ္းႏႈန္းထား အမိႈက္ပမာဏႏွင့္အထပ္ျမင့္အလိုက္သတ္မွတ္
ဇွန် 3, 2017
By 🌸
ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕တြင္ စတင္အေကာင္အထည္ေဖၚမည့္ အိမ္တိုင္ရာေရာက္အမႈိက္သိမ္းစနစ္ အတြက္ အမိႈက္သိမ္းခႏႈန္းထားမ်ားအား စြန္႔ပစ္အမိႈက္ပမာဏႏွင့္ အထပ္အျမင့္အလိုက္ သတ္မွတ္ထားၿပီး အမိႈက္သိမ္းစနစ္ အျမန္ဆံုးစတင္ႏုိင္ရန္ ျပင္ဆင္ေနေၾကာင္း သိရသည္။

“ေက်ာက္မဲမွာလုပ္ႏိုင္ဖို႔အျမန္ဆံုး အေကာင္အထည္ေဖၚသြားမွာပါ။ ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီရယ္ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနတို႔နဲ႔ ေဆြးေႏြးထားပါတယ္။ စတင္လုပ္ကိုင္ႏိုင္ဖို႔လည္း ျပည္နယ္ကိုတင္ျပ ထားပါတယ္။ ကုမၸဏီအေနနဲ႔ကေတာ့ အဆင္ေျပပါတယ္။ ေနာက္ထပ္တစ္ႀကိမ္ ၿမိဳ႕နယ္အဖြဲ႔ေတြနဲ႔ အစည္းအေဝး တစ္ရပ္က်င္းပၿပီးရင္ စတင္လုပ္ကိုင္ေတာ့မွာျဖစ္ပါတယ္” ဟု  အမိႈက္သိမ္းစနစ္လုပ္ေဆာင္မည့္ Green Hope Company မွ ဒါရိုက္တာ ဦးေနာ္ဟန္ဆန္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

 မီးဖိုေခ်ာင္အမိႈက္မ်ားအတြက္ ႏႈန္းထားမ်ားမွာ အထပ္နိမ့္မ်ားအတြက္ အိမ္ေထာင္စုလူဦးေရေပၚမူတည္၍ အမႈိက္သိမ္းဝန္ေဆာင္ခအျဖစ္ တစ္လလွ်င္ က်ပ္ (၁၀၀၀) မွ (၂၀၀၀) အထိ၊ အထပ္ျမင့္မ်ားအတြက္ က်ပ္ (၂၀၀၀)မွ က်ပ္(၃၀၀၀)အထိ သတ္မွတ္ထားၿပီး စီးပြားေရးလုပ္ငန္းထြက္အမိႈက္မ်ားအတြက္ လုပ္ငန္းမွ ထြက္ရိွသည့္ အမိႈက္ေပၚမူတည္ၿပီး ႏႈန္းထားသတ္မွတ္မည္ျဖစ္ေၾကာင္း သိရသည္။

“အခြန္အခေဆာင္ရတာထက္ အဲဒီလိုစနစ္ကိုသံုးတာက ၿမိဳ႕အတြက္ပိုသင့္ေတာ္တယ္လို႔ ထင္တယ္။ အခုသံုးေနတဲ့စနစ္ျဖစ္တဲ့ အမႈိက္ကန္မွာစုပံုၿပီး စြန္႔ပစ္တာေတြက ၾကည့္ရတာမေကာင္းသလို အနံ႔အသက္လည္း မေကာင္းဘူးေလ။ ဒါေပမဲ့ ေျမာင္းေတြထဲမွာ အမိႈက္ပစ္ၾကတာေတြကိုေတာ့ ထိန္းသိမ္းဖို႔လိုေနဦးမယ္လို႔ထင္တယ္။ အဲဒီလုိေတြ ရွိေနဦးမယ္ဆိုရင္ေတာ့ စနစ္ေျပာင္းလည္း ၿမိဳ႕ကသပ္ရပ္လာဦးမွာမဟုတ္ဘူး “ဟု ေက်ာက္မဲၿမိဳ႕ခံ ေဒၚသင္းသင္းေအးက ေျပာသည္။

အိမ္တိုင္ရာေရာက္အမႈိက္သိမ္းစနစ္အား ၿမိဳ႕တြင္းလမ္းမႀကီး (၃) ခုျဖစ္သည့္ ေအာင္ဆန္းလမ္း၊ စဝ္စံထြန္းလမ္း၊ ပင္လံုလမ္းတို႔တြင္ ကနဦးလုပ္ေဆာင္ရန္လ်ာထားေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~

ကျောက်မဲတွင် အိမ်တိုင်ရာရောက်အမှိုက်သိမ်းနှုန်းထား အမှိုက်ပမာဏနှင့်အထပ်မြင့်အလိုက်သတ်မှတ် 
*************
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင် စတင်အကောင်အထည်ဖေါ်မည့် အိမ်တိုင်ရာရောက်အမှိုက်သိမ်းစနစ် အတွက် အမှိုက်သိမ်းခနှုန်းထားများအား စွန့်ပစ်အမှိုက်ပမာဏနှင့် အထပ်အမြင့်အလိုက် သတ်မှတ်ထားပြီး အမှိုက်သိမ်းစနစ် အမြန်ဆုံးစတင်နိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

“ကျောက်မဲမှာလုပ်နိုင်ဖို့အမြန်ဆုံး အကောင်အထည်ဖေါ်သွားမှာပါ။ မြို့နယ်စည်ပင်သာယာရေးကော်မတီရယ် မြို့နယ်စည်ပင်သာယာရေးဌာနတို့နဲ့ ဆွေးနွေးထားပါတယ်။ စတင်လုပ်ကိုင်နိုင်ဖို့လည်း ပြည်နယ်ကိုတင်ပြ ထားပါတယ်။ ကုမ္ပဏီအနေနဲ့ကတော့ အဆင်ပြေပါတယ်။ နောက်ထပ်တစ်ကြိမ် မြို့နယ်အဖွဲ့တွေနဲ့ အစည်းအဝေး တစ်ရပ်ကျင်းပပြီးရင် စတင်လုပ်ကိုင်တော့မှာဖြစ်ပါတယ်” ဟု  အမှိုက်သိမ်းစနစ်လုပ်ဆောင်မည့် Green Hope Company မှဒါရိုက်တာ ဦးနော်ဟန်ဆန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

 မီးဖိုချောင်အမှိုက်များအတွက် နှုန်းထားများမှာ အထပ်နိမ့်များအတွက် အိမ်ထောင်စုလူဦးရေပေါ်မူတည်၍ အမှိုက်သိမ်းဝန်ဆောင်ခအဖြစ် တစ်လလျှင် ကျပ် (၁၀၀၀) မှ (၂၀၀၀) အထိ၊ အထပ်မြင့်များအတွက် ကျပ် (၂၀၀၀)မှ ကျပ်(၃၀၀၀)အထိ သတ်မှတ်ထားပြီး စီးပွားရေးလုပ်ငန်းထွက်အမှိုက်များအတွက် လုပ်ငန်းမှ ထွက်ရှိသည့် အမှိုက်ပေါ်မူတည်ပြီး နှုန်းထားသတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။

“အခွန်အခဆောင်ရတာထက် အဲဒီလိုစနစ်ကိုသုံးတာက မြို့အတွက်ပိုသင့်တော်တယ်လို့ ထင်တယ်။ အခုသုံးနေတဲ့စနစ်ဖြစ်တဲ့ အမှိုက်ကန်မှာစုပုံပြီး စွန့်ပစ်တာတွေက ကြည့်ရတာမကောင်းသလို အနံ့အသက်လည်း မကောင်းဘူးလေ။ ဒါပေမဲ့ မြောင်းတွေထဲမှာ အမှိုက်ပစ်ကြတာတွေကိုတော့ ထိန်းသိမ်းဖို့လိုနေဦးမယ်လို့ထင်တယ်။ အဲဒီလိုတွေ ရှိနေဦးမယ်ဆိုရင်တော့ စနစ်ပြောင်းလည်း မြို့ကသပ်ရပ်လာဦးမှာမဟုတ်ဘူး “ဟု ကျောက်မဲမြို့ခံ ဒေါ်သင်းသင်းအေးက ပြောသည်။

အိမ်တိုင်ရာရောက်အမှိုက်သိမ်းစနစ်အား မြို့တွင်းလမ်းမကြီး (၃) ခုဖြစ်သည့် အောင်ဆန်းလမ်း၊ စဝ်စံထွန်းလမ်း၊ ပင်လုံလမ်းတို့တွင် ကနဦးလုပ်ဆောင်ရန်လျာထားကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~