မိုင္းတုံၿမိဳ႕ အထက္တန္းေက်ာင္းတြင္ ပ်က္စီးေနသည့္ ေက်ာင္းေဆာင္အား ပုဂၢလိက ကုမၸဏီတစ္ခုက ျပင္ဆင္ေပး

မိုင္းတုံၿမိဳ႕ အထက္တန္းေက်ာင္းတြင္ ပ်က္စီးေနသည့္ ေက်ာင္းေဆာင္အား ပုဂၢလိက ကုမၸဏီတစ္ခုက ျပင္ဆင္ေပး
ဇွန် 14, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းဆတ္ခ႐ိုင္၊ မိုင္းတုံၿမိဳ႕ အေျခခံပညာအထက္ေက်ာင္း၌ အမိုးႏွင့္ၾကမ္းခင္းမ်ား ပ်က္စီးေနသည့္ စာသင္ခန္း (၁၂)ခန္းအပါအဝင္ ေက်ာင္းဝန္းအတြင္း ျပင္ဆင္မႈမ်ားအား ယခုႏွစ္ ပညာသင္ႏွစ္အမီ ပုဂၢလိကကုမၸဏီတစ္ခုက ျပင္ဆင္ေပးလိုက္ေၾကာင္း သိရသည္။

မိုင္းတံုအထက္တန္းေက်ာင္းမွ နဝရတ္ေက်ာင္းေဆာင္မွာ ၂၀၀၀-၂၀၀၁ ဘ႑ာႏွစ္က ႏိုင္ငံေတာ္ခြင့္ျပဳေငြ က်ပ္သိန္း(၃၀)ျဖင့္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္ၿပီး အဆိုပါေက်ာင္းေဆာင္မွ စာသင္ခန္း (၁၂)ခန္းမွာ အမိုး၊ၾကမ္းခင္းမ်ား ပ်က္စီးလာသျဖင့္ ျပန္လည္ျပဳျပင္ခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

 “နဝရတ္ေက်ာင္းေဆာင္ အမိုးသြပ္ျပားေတြ သံေခ်းတက္ၿပီး မုိးယိုတာေၾကာင့္ အေပၚထပ္(၇)ခန္းနဲ႔ ေအာက္ထပ္ (၅)ခန္းတုိ႔မွာ မ်က္ႏွာက်က္န႔ဲ ေအာက္ခံၾကမ္းခင္းေတြ ပ်က္စီးေနတာေၾကာင့္ ေက်ာင္းသား၊ ေက်ာင္းသူေတြ စာသင္ၾကားဖို႔ အဆင္မေျပမွဳေတြ  ႀကဳံေတြ႔ေနရတာပါ။ အဲဒါကို တင္ျမင့္ရီကုမၼဏီက ေမ(၂၅)ရက္ကစၿပီး ေငြက်ပ္သိန္း (၂၀၀)ခန္႔ အကုန္အက်ခံ ျပန္လည္ျပဳျပင္ေပးခဲ့တာေၾကာင့္ ေအးခ်မ္း တည္ၿငိမ္စြာ စာသင္ၾကားႏုိင္တဲ့အျပင္ ဆရာ၊ဆရာမေနအိမ္သြပ္မုိးမ်ား ျပန္လည္ျပဳျပင္ေပးျခင္း၊ ေက်ာင္းေရအိမ္မ်ား ေရရရွိေရးေဆာင္ရြက္ေပးျခင္း၊ ေက်ာင္းဝင္းပတ္လမ္းနဲ႔ တန္းစီကြင္းကုိ သဲၾကမ္းမ်ားခင္းေပးခဲ႔တဲ့အတြက္ တင္ျမင့္ရီ ကုမၼဏီအား ေက်းဇူးတင္ရိွပါတယ္''ဟု ေက်ာင္းအုပ္ဆရာႀကီး ဦးျမင့္ၾကည္က ေျပာသည္။

အဆိုပါကုမၸဏီက ေဒသတြင္းလူမႈေရးလုပ္ငန္းမ်ားအျဖစ္ မိုင္းတံုၿမိဳ႕မွ ေဟြဖတ္ဟာေခ်ာင္းအား ျပည္သူမ်ားအသုံးျပဳႏိုင္ေရးအတြက္ နမ့္တုံေခ်ာင္းႏွင့္ တစ္ဆက္တည္းျဖစ္ရန္ တူးေဖၚေပးျခင္းကိုလည္း ေဆာင္ရြက္ေပးထားေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - သန္းေဇာ္ဦး


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့ အခြေခံပညာအထက်ကျောင်း၌ အမိုးနှင့်ကြမ်းခင်းများ ပျက်စီးနေသည့် စာသင်ခန်း (၁၂)ခန်းအပါအဝင် ကျောင်းဝန်းအတွင်း ပြင်ဆင်မှုများအား ယခုနှစ် ပညာသင်နှစ်အမီ ပုဂ္ဂလိကကုမ္ပဏီတစ်ခုက ပြင်ဆင်ပေးလိုက်ကြောင်း သိရသည်။

မိုင်းတုံအထက်တန်းကျောင်းမှ နဝရတ်ကျောင်းဆောင်မှာ ၂၀၀၀-၂၀၀၁ ဘဏ္ဍာနှစ်က နိုင်ငံတော်ခွင့်ပြုငွေ ကျပ်သိန်း(၃၀)ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါကျောင်းဆောင်မှ စာသင်ခန်း (၁၂)ခန်းမှာ အမိုး၊ကြမ်းခင်းများ ပျက်စီးလာသဖြင့် ပြန်လည်ပြုပြင်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

 “နဝရတ်ကျောင်းဆောင် အမိုးသွပ်ပြားတွေ သံချေးတက်ပြီး မိုးယိုတာကြောင့် အပေါ်ထပ်(၇)ခန်းနဲ့ အောက်ထပ် (၅)ခန်းတို့မှာ မျက်နှာကျက်နဲ့ အောက်ခံကြမ်းခင်းတွေ ပျက်စီးနေတာကြောင့် ကျောင်းသား၊ ကျောင်းသူတွေ စာသင်ကြားဖို့ အဆင်မပြေမှုတွေ ကြုံတွေ့နေရတာပါ။ အဲဒါကို တင်မြင့်ရီကုမ္မဏီက မေ(၂၅)ရက်ကစပြီး ငွေကျပ်သိန်း (၂၀၀)ခန့် အကုန်အကျခံ ပြန်လည်ပြုပြင်ပေးခဲ့တာကြောင့် အေးချမ်း တည်ငြိမ်စွာ စာသင်ကြားနိုင်တဲ့အပြင် ဆရာ၊ဆရာမနေအိမ်သွပ်မိုးများ ပြန်လည်ပြုပြင်ပေးခြင်း၊ ကျောင်းရေအိမ်များ ရေရရှိရေးဆောင်ရွက်ပေးခြင်း၊ ကျောင်းဝင်းပတ်လမ်းနဲ့ တန်းစီကွင်းကို သဲကြမ်းများခင်းပေးခဲ့တဲ့အတွက် တင်မြင့်ရီ ကုမ္မဏီအား ကျေးဇူးတင်ရှိပါတယ်''ဟု ကျောင်းအုပ်ဆရာကြီး ဦးမြင့်ကြည်က ပြောသည်။

အဆိုပါကုမ္ပဏီက ဒေသတွင်းလူမှုရေးလုပ်ငန်းများအဖြစ် မိုင်းတုံမြို့မှ ဟွေဖတ်ဟာချောင်းအား ပြည်သူများအသုံးပြုနိုင်ရေးအတွက် နမ့်တုံချောင်းနှင့် တစ်ဆက်တည်းဖြစ်ရန် တူးဖော်ပေးခြင်းကိုလည်း ဆောင်ရွက်ပေးထားကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - သန်းဇော်ဦး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~